စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 8 June 2014

ပုသိမ်နှင့် ယိုကိုဟားမားမြို့တို့ကို ညီအစ်မမြို့တော်အဖြစ် သတ်မှတ်

ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့နှင့် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့တို့ကို ညီအစ်မ မြို့တော် အဖြစ်သတ်မှတ်ရန် နှစ်နိုင်ငံ သဘောတူညီမှု ရရှိခဲ့ကြောင်း သတင်းရရှိသည်။

‘‘ဂျပန်နိုင်ငံရဲ့ အကြောင်းပြန်ချက်အရ ညီမမြို့တော် SisterCity လုပ်ဖို့ နှစ်နိုင်ငံသဘောတူညီလိုက်ပြီးလို့ သိရပါတယ်။ ညီမမြို့တော်ဖြစ်သွားပြီးဆိုတော့ ရှေ့လုပ်ရမယ့်ကိစ္စတွေက အစိုးရ အချင်းချင်း ဆွေးနွေးညှိနှိုင်းကြမယ် ထင်ပါတယ်’’ဟု မြန်မာ-ဂျပန်အသင်းမှ ဗဟိုအလုပ်အမှုဆောင် ဦးတင်မောင်လှိုင်ကပြောသည်။

ညီအစ်မမြို့တော်ဖွဲ့စည်းဖြစ်ပြီးသွားသောအခါ မြို့အချင်းချင်း အနုပညာနှင့် ယဉ်ကျေးမှုဖလှယ်ခြင်း၊ လူမှုရေးစာနာထောက်ထားခြင်း၊ လူငယ်နှင့်ပညာရေး၊ စီးပွားရေးနှင့် ရေရှည်ဖွံ့ဖြိုးရေးကိစ္စများကို ဖွဲ့စည်းထားသည့် မြို့အချင်းချင်းပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်သည်။

ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့နှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်မြို့တို့ ညီမမြို့တော်ဖွဲ့စည်းခြင်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်သည်။ ပုသိမ်မြို့အပြင် ဧရာဝတီတိုင်းဒေသကြီးရှိ အခြား မြို့များနှင့် ညီအစ်မမြို့တော်ဖွဲ့စည်းရန် ဂျပန်နိုင်ငံမှ Shizuoka မြို့မှ တာဝန်ရှိသူများက ယခုလ ၉ ရက်တွင် လာရောက်ဆွေးနွေးမည်ဟု သတင်းရရှိသည်။

အကျိုးအမြတ်မမျှော်ကိုးဘဲ သံတမန်နည်းလမ်းအရ နိုင်ငံအချင်းချင်းမှ လူအချင်းချင်း နားလည်မှုများနှင့် ဆက်ဆံရေးတည်ဆောက်ရန်အတွက် အမေရိကန် သမ္မတဟောင်း အိုင်ဆင်ဟောင်ဝါက ညီအစ်မမြို့တော်များဖွဲ့စည်းရန် စတင်လှုံ့ဆော်ခဲ့သည်။

အမေရိကန်သမ္မတ၏ လှုံ့ ဆော်မှုကြောင့် နိုင်ငံတကာညီအစ်မမြို့တော်များအဖွဲ့ကို ၁၉၅၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ စတင် ဖွဲ့စည်းပြီးအချိန်မှ ယခုအချိန်ထိ ယင်းမြို့တော်များကို ဖွဲ့စည်းခဲ့ရာ ကမ္ဘာ့ပေါ်ရှိနိုင်ငံပေါင်း ၁၃၆ နိုင်ငံတွင် မြို့ပေါင်း ၂၀၀၀ ခန့်ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း အမေရိကန် နိုင်ငံအခြေစိုက် ညီအစ်မမြို့တော်များအဖွဲ့မှ သတင်းရရှိသည်။

နိုင်ငံတကာညီအစ်မမြို့တော်များအဖွဲ့က ဦးဆောင်ပြီး လူငယ်များနှင့်ပတ်သက်သော ထိပ်သီးအစည်းအဝေးများ၊ ယဉ်ကျေးမှုဖလှယ်ခြင်း ထိပ်သီးအစည်းအဝေးများ၊ စီးပွားရေးနှင့်ထိပ်သီးအစည်းအဝေးပွဲများ စသည့် ညီအစ်မ မြို့တော်အဖွဲ့ဝင်များ ဆောင်ရွက်ရသည့် စီမံချက်များကို တစ်နှစ်တစ်ကြိမ် ကျင်းပလျက်ရှိသည်။

Author: အိဖြူမွန်
7Day Daily

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform