စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 29 June 2014

ဘ၀နေထိုင်နည်း

ဘ၀နေထိုင်နည်း
=========
၁။ ဝင်ငွေမ ကောင်းတဲ့ အခါချွေတာ သုံးစွဲတာ အ ကောင်းဆုံး ယတြာ

၂။ လမ်းသွားတဲ့ အခါ ကြီးမားတဲ့ ဝီရိယထားခြင်းဟာ အန္တရာယ်ကင်းဖို့ အတွက် အ ကောင်းဆုံး ယတြာ

၃။ ရန်လိုနေတဲ့ လူနဲ့ ဖက်ပြိုင်ပြီး မငြင်းတာ အ ကောင်းဆုံး ယတြာ

၎။ ဒေါသထွက်စရာ ကြုံတဲ့ အခါ စိတ်ဖြေသာ တဲ့နေရာကို ရှောင်ထွက်သွား ခြင်းဟာအကောင်းဆုံး ယတြာ

၅။ မနာလို ဝန်တိုစိတ်ကို မ မွေးမိအောင် ကံ ကံရဲ့ အကျိုးကို လက်ခံနိုင်အောင် ကြိုးစားတာ အ ကောင်း ဆုံး ယတြာ

၆။ စိတ်ကောင်း ထားခြင်း ရိုးသား မှုရှိခြင်းဟာ ကြီးပွား ရာ ကြီးပွားကြောင်း အတွက် အ ကောင်းဆုံး ယတြာ

၇။ အားလပ် ချိန်မှာ စာဖတ်တဲ အကျင့်ကို မွေးမြူခြင်း ဟာ အသိ အလိမ္မာတိုး တက်စေဖို့ အတွက် အ ကောင်းဆုံး ယတြာ

၈။ ကံဆိုးချိန်မှာ ရတနာသုံးပါး ကိုအထူး တလည် ဆည်းကပ် ကိုးကွယ်တာ သည် ကံကောင်းတွေ
ရောက်စေဖို့ အတွက်အ ကောင်းဆုံး ယတြာ

၉။ တစ်စုံတစ် ရာ ကျွေးမွေးပေးအပ်သူ ကို ကျေးဇူးရှင်တစ်ဦး အဖြစ် မ မေ့အပ် တာ အ ကောင်းဆုံးယတြာ

၁၀။ သူ့တာဝန် ကိုယ့် တာဝန်ကို တိတိ ကျကျ ခွဲခြားပြီး တာဝန်ကျေပွန် စွာ လုပ် တာ အ ကောင်းဆုံး ယတြာ

၁၁။ ရှေ့နောက်မြော်မြင် တတ်တဲ့ ပညာရှိ လူကြီး မိဘရဲ့ ဆိုဆုံးမမှု ကို လိုက်နာတာ အ ကောင်းဆုံး ယတြာ

၁၂။ မရ သေးတဲ့ ဥစ္စာကို အပူတပြင်းမ တောင့်တ မလိုချင် တာ စိတ် ချမ်း သာစေဖို့ အတွက် အ ကောင်း ဆုံး ယတြာ

၁၃။ တတ်နိုင် သ လောက် စုဆောင်းသွားတာ အနာဂတ် ခရီးအတွက် အ ကောင်းဆုံး ယတြာ

၁၄။ ဘဝအ ရေးနိမ့်တဲ့ ကာလမှာ စိတ်ဓါတ်ကို ကြံ့ကြံ့ ခံနိုင် အောင် သတိထားမွေးမြူခြင်း ဟာ
မိမိ မပျက် စီးဖို့အတွက် အ ကောင်းဆုံးယတြာ

၁၅။ စီးပွားဖြစ်တဲ့ အခါအောက်ခြေ မလွတ်အောင် သတိတရား နဲ့နေထိုင် တာ အ ကောင်းဆုံးယတြာ

၁၆။ ငယ်စဉ်အခါ ပညာသင် ချိန်မှာ ပညာတတ်ရေး တစ်ခုတည်းကို ရှေ့ရှု့ပြီး တစိုက်မတ်မတ် ကြိုးစားခြင်း ဟာ နောင် ရေး အတွက် အ ကောင်းဆုံး ယတြာ

၁၇။ အခွင့် အလမ်းပေါ်လာတဲ့ အခါ လုံ့လ ဝီရီယ ကို ရှေ့တန်း တင်ပြီး အမိအရ ဆုပ်ကိုင် လိုက်ခြင်း ဟာအောင်မြင်ကြီးပွားဖို့ အတွက် အ ကောင်းဆုံးယတြာ

၁၈။ ဘာကိုမှ မစဉ်းစားပဲ မလုပ်တာ မ ပြောတာ နောင် မှနောင် တ ရ တယ်ဆိုတဲ့ အဖြစ်မျိုးကို မ ရောက် ဖို့ အတွက်အ ကောင်းဆုံး ယတြာ

၁၉။ သုံးနိုင် တဲ့ ခြေအ နေရှိရက်နဲ စိတ်ကို လွှတ်ပေးပြီး အရမ်းမဲ့ မသုံးစွဲ တာ ဟာနောင် စိတ်ဆင်းရဲ စရာ
မကြုံဖို့ အတွက်အ ကောင်းဆုံး ယတြာ

၂၀။ ဘေး ရှိတဲ့စကား ကြမ်းတမ်းတဲ့ စကားကိုမဆိုခြင်းဟာ နောင် အခါပြဿနာ အရှုပ်အရှင်း နဲ့ ရင် မဆိုင်ရဖို့ အတွက် အ ကောင်းဆုံးယတြာ

၂၁။ သူ့ဘက် ကိုယ့်ဘက် မျှမျှတတကြည့်တာ စဉ်းစားတာ လုပ်ကိုင် တာသည်ရေရှည် လက်တွဲဖို့ အတွက် အ ကောင်းဆုံးယတြာ

၂၂။ မနိုင် တဲ့ ဝန်ကို မထမ်းတာဟာ အသက် ရှည်ဖို့အတွက်
အ ကောင်း ဆုံး ယတြာ

၂၃။ မိမိကိုယ် ကို အမှန် ရှု့ထောင့် မှဝေဖန် သုံးသပ် တာဟာ ရှေ့လျှောက်ရမယ့် ဘဝခရီး မှာ ပန်းခင်း လမ်းဖြစ်ဖို့ အတွက် အ ကောင်းဆုံး ယတြာ

၂၄။ ဒေါသကို အပြင် မထွက်အောင် ထိန်းနိုင် တာဟာ အစစ အရာရာ ပြဿနာ နည်းပါးစေ ဖို့အတွက် အ ကောင်းဆုံး ယတြာ

၂၅။ ကျော်ဖြတ် ရတဲ့ ဘဝခရီးမှ အမှားများကို ဆင်ခြင် သုံးသပ်ပြီး ချက်ချင်းပြုပြင် သွားတာ ရှေ့ ခရီး ချောမော ဖို့အတွက် အ ကောင်းဆုံးယတြာ

၂၆။ အတိတ် ကို ပြန်တွေးပြီး လဲမပူဆွေး အနာဂတ် အ ရေးကိုလှမ်း မျှော်ပြီးလည်း မပူပန် ပစ္စုပ္ပန် တည့်တည့် မှာသာရပ်ပြီး လုပ်သင့်လုပ် ထိုက်တာတွေကို လုပ်ကိုင် သွားတာဟာ တိုးတက်ဖို့ အတွက် အ ကောင်း ဆုံးယတြာ

၂၇။ အ ကောင်းမြင် ဝါဒနဲ့ ဘဝခရီး ကိုဆက်ခြင်းဟာ အ ကောင်းဆုံး ယတြာ

၂၈။ ကျန်းမာရေး ယိုယွင်းစေ တဲ့အပျော် အပါး လိုက်စားမှု မူးယစ်ဆေးဝါးနဲ့ အရက် သေစာကို ရှောင် ရှားတာဟာ အသက် ရှည် ကျန်းမာစေ ဖို့အတွက်အ ကောင်းဆုံးယတြာပါ။

နေ့စဉ် ဒီအချက်က လေးတွေနဲ့ အညီကျင့်ကြံနေထိုင် သွားကြမယ် ဆိုရင်တော့ ယတြာဆိုတာ အထူးချေ စရာမလိုပါဘူး လို့ပြောချင် ပါတယ် သူငယ်ချင်းတို့

ဒါ့ကြောင့်—-
”အဖိုးတန်တဲ့ လူသားတစ်ယောက် ဘဝကိုရဖို့ နေ့စဉ် ယတြာချေကြစို့”

ကိုးဘွဲ့ ရဆရာတော် အရှင်အာစာရာလင်္ကာရ ရဲ့ စာပေမှကူယူပါတယ်။

တရားကိုပေးလှူပါသည်။

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform