စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 30 June 2014

ပင်လယ်ထဲကို ရောက်နေလား ( You will be in the middle of the ocean! )

ပင်လယ်ထဲကို ရောက်နေလား ( You will be in the middle of the ocean! )

(၁) စီးပွားရေး လုပ်ငန်းများရဲ့ သက်ဆိုင်ရာ HR Plan များကို HR မန်နေဂျာများ အနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ကြတဲ့ နေရာမှာ သက်ဆိုင်ရာကုမ္ပဏီ အဖွဲ့အစည်းရဲ့ Vision, Mission, Strategy တွေ ခိုင်မာတိကျ သေချာမှုဟာ များစွာ အရေးပါလှပါတယ်။ ဥပမာ HR ဌာနက HR Activities တွေ၊ စွမ်းဆောင်ရည် HR Performance တွေ ဘယ်လောက် ကောင်းကောင်း ကုမ္ပဏီအနေနဲ့ တိကျတဲ့ Vision, Mission, Strategy တွေမရှိရင် အချည်းနှီးဖြစ်သလို၊ Vision, Mission, Strategy တွေက ဘယ်လောက်ပဲ ကောင်းနေ၊ ညွန့်နေအောင် ပြဋ္ဌာန်းထားထား သက်ဆိုင်ရာ HR Plan က လိုက်လျောညီထွေ လိုက်ပါ မဆောင်ရွက် နိုင်ရင်လည်း အချည်းနှီး ဖြစ်တတ်ပါတယ်။

(၂) အထူးသဖြင့် စာရေးသူတို့ ပြည်တွင်းကုမ္ပဏီ တော်တော်များများဟာ ရေရှည် long term plan ချမှတ်မှုမှာ များစွာအားနည်းလေ့ ရှိကြပြီး များသောအားဖြင့် ရေတို short term Plan များနဲ့ အခြေအနေ အချိန်အခါအရ အလုပ်ဖြစ်အောင် လုပ်နေကြရတာ များပါတယ်။ နောက် ကိုယ့်ကုမ္ပဏီရဲ့ အခြေအနေက ကောင်းပြီး အတန်အသင့် အောင်မြင်နေတဲ့အခါ ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်ပြီး ဘာမှ သိပ်ထူးထူးထွေထွေ ဆက်အားမထုတ်တော့ပဲ သက်တောင့်သက်သာ Comfort Zone ထဲမှာ နေနေလေ့ ရှိပါတယ်။ တစ်ခါတစ်လေ ကျွန်တော်တို့အနေနဲ့ ရှေ့ဆက် မကူးခတ်တော့ပဲ မျောနေလိုက်တာဟာ ပင်လယ်ရဲ့ အလယ် (Middle of the Ocean) ကို ရောက်နေတတ်ပါတယ်။

ဒီလိုဆိုရင်တော့ ဆက်မကူးခတ် တော့တာနဲ့ မြှပ်တော့မှာ အသေအချာပါပဲ။ ကိုယ့်လုပ်ငန်း နယ်ပယ်  Industry ထဲကို ပြိုင်ဘက်အသစ်တွေ အင်နဲ့အားနဲ့ အလုံးအရင်း ဝင်ရောက်လာတဲ့အခါ ခုနကလို Comfort Zone ထဲမှာ မျောနေကြတဲ့ ကုမ္ပဏီတွေ အကြီးအကျယ် ဒုက္ခရောက်ကြ တော့တာပဲ။  ဒါကြောင့်မို့ ကိုယ့်ကိုယ်ကို ပင်လယ်ထဲကို ရောက်နေတာလား အသေအချာ ဂရုတစိုက်ဆန်းစစ်ပြီး တိကျတဲ့ Vision, Mission, Strategy တွေနဲ့ long term plan ကို အချိန်ပြည့် အားထုတ်ရေးဆွဲ အကောင်အထည် ဖော်နေကြရပါမယ်။ ကဲ ဒီတော့ Strategy (မဟာဗျူဟာ) ဆိုတာ ဘာလဲလို့ ပြောစရာ ရှိလာပါတယ်။ စာရေးသူတို့ တော်တော်များများဟာ Strategy, Strategy ဆိုပြီး ကျယ်ကျယ်လောင်လောင် ပြောနေကြပေမယ့် တကယ့်တကယ် Strategy ကို တိတိကျကျ ပြောပါဆိုရင် အင်း၊ အဲ ဖြစ်ကုန်ကြတာ များပါတယ်။

Strategy ဆိုင်ရာ ကမ္ဘာကျော် ဂုရုကြီး Sharon M. Oster ကတော့ Strategy ဆိုတာကို “ A strategy is a commitment to undertake one set of actions rather than another ” ဆိုပြီး လွယ်လွယ်ကူကူ အဓိပ္ပာယ် ဖွင့်ဆိုခဲ့ပါတယ်။ ဆိုလိုတာက - “ မဟာဗျူဟာ ဆိုတာ ဆောင်ရွက်ရမည့် ကိစ္စရပ်များကို တိတိကျကျ ပိုင်းဖြတ်ရွေးချယ်ခြင်း ” လို့ ဆိုပါတယ်။ စီးပွားရေး လုပ်ငန်းတစ်ခု အနေနဲ့ ယေဘုယျအားဖြင့် ၎င်းရဲ့ Strategy ကို မရွေးချယ်ခင်မှာ ကိုယ့်ရဲ့ လက်ရှိအခြေအနေ (Current Position and Condition) ကို သိရှိဖို့အတွက် SWOT Analysis ပြုလုပ်ရပါတယ်။ SWOT Analysis ဆိုတာက ကိုယ့်ကုမ္ပဏီရဲ့ လက်ရှိအားသာချက် (Strateghts)၊ အားနည်းချက် (Weaknesses)၊ အခွင့်အလမ်း (Opportunities)၊ ဆုံးရှုံးရန် အလားအလာရှိမှု (Threats) စတာတွေကို လေ့လာ ဆန်းစစ်တာ ဖြစ်ပါတယ်။

၎င်းလေးချက် ထဲမှာမှ Strengths နဲ့ Weaknesses တွေဟာ ကိုယ့်ကုမ္ပဏီရဲ့ အတွင်းပိုင်း (Internal) နဲ့ သက်ဆိုင်ပြီး Opportunities နဲ့ Threats တွေကတော့ ပြင်ပပတ်ဝန်းကျင် (External Environment) နဲ့ သက်ဆိုင်ပါတယ်။ SWOT နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မန်နေဂျာများရဲ့ အဓိကတာဝန်ကတော့ ဖော်ပြပါ ပုံအတိုင်း မိမိတို့ရဲ့ အားသာချက် (strengths) များက ပေါ်ပေါက်လာမယ့် အခွင့်အလမ်း (opportunities) တွေနဲ့ တွေ့ဆုံကိုက်ညီအောင် ဆောင်ရွက်ပြီး ကိုယ့်ရဲ့ အားနည်းချက် (weaknesses) တွေကိုတော့ Threats တွေနဲ့ မတွေ့ဆုံအောင် စီမံခန့်ခွဲရပါမယ်။ တစ်ချိန်တည်းမှာပဲ ဖြစ်နိုင်မယ်ဆိုရင် ကိုယ့်ရဲ့အားနည်းချက် (Weaknesses) တွေကို အားသာချက် (Strengths) တွေဖြစ်လာအောင်  စီမံဆောင်ရွက်ရင်း ကိုယ်နဲ့သင့်လျော်တဲ့ မဟာဗျူဟာ (Strategy) တွေကို အကောင်အထည်ဖော် ဆောင်ရွက် သွားကြရမှာ ဖြစ်ပါတယ်။

Strategy (မဟာဗျူဟာ) ဆိုတာက ယေဘုယျအားဖြင့် ကိုယ့်အဖွဲ့အစည်းရဲ့ ရည်မှန်းချက် (target objectives) တွေကို ရရှိအောင် လုပ်ဆောင်ရမယ့် နည်းလမ်းတွေကို ဆိုလိုတာပါ။ တစ်နည်းအားဖြင့် Strategy ဆိုတာ ကိုယ့်အဖွဲ့အစည်းရဲ့ ရှေ့ဆက်သွားမယ့် ကစားကွက် (Game Plan) ဖြစ်ပါတယ်။ များသောအားဖြင့် အဲဒီ Game Plan မှာ
(၁) ကိုယ့် Customer တွေ စိတ်ကျေနပ်အောင် ဘယ်လိုလုပ်မလဲ။ (Pleasing Customers)
(၂) ကိုယ့်ကုမ္ပဏီက ဘာတွေ လုပ်ဆောင်ရမလဲ။ (Conducting Operations)
(၃)  ရေရှည်ယှဉ်ပြိုင်မှု အားသာချက် ရအောင် ဘယ်လိုလုပ်မလဲ။ (Building a sustainable competitive advantage) စတာတွေ ပါဝင်ပါတယ်။

Strategy တွေဟာ များသောအားဖြင့် ကြိုတင်စီမံကိန်း ရေးဆွဲထားတဲ့ Planed Approach တွေ ဖြစ်ကြပေမယ့်။ တစ်ခါတလေမှာ ရုတ်တရက် ပေါ်ပေါက်လာတဲ့ အခြေအနေတွေကြောင့် ရုတ်တရက် ရေးဆွဲရတဲ့ Emergent Strategy တွေလည်း ဖြစ်တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ Strategy တွေကို ပြောင်းလဲ ပေါ်ပေါက်လာတဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေ Flexible ဖြစ်ဖြစ် ပြောင်းလဲ ဆောင်ရွက်နိုင်အောင် ကြိုတင် ရေးဆွဲထားတာ အကောင်းဆုံးပါပဲ။ နောက်တစ်ခါ မဟာဗျူဟာ (Strategy) လို့ ဆိုတဲ့နေရာမှာလည်း ဖော်ပြပါပုံအတိုင်း Business Strategy (စီးပွားရေး တစ်ရပ်လုံး၏ မဟာဗျူဟာ)၊ Functional Strategy (လုပ်ငန်းတစ်ခု ချင်းစီ၏ မဟာဗျူဟာ)၊ Operating Strategy (လုပ်ငန်းလည်ပတ် လုပ်ဆောင်ရေး မဟာဗျူဟာ) များဆိုပြီး မဟာဗျူဟာ အဆင့်ဆင့် ရှိပါသေးတယ်။

သို့ဖြစ်၍ အဖွဲ့အစည်း၏ မဟာဗျူဟာများ အဆင့်ဆင့် တစ်ခုနှင့်တစ်ခု အပေါ်အောက် (Vertical Fit) ဖြစ်ပြီး အံဝင်ခွင်ကျ ဖြစ်နေဖို့လိုသလို၊ အဆင့်တူ ဘေးတိုက်အချင်းချင်း (ဥပမာ Marketing Department ၏ မဟာဗျူဟာ) လည်း (Horizontal Fit) ဖြစ်ပြီး အံဝင်ခွင်ကျ ဖြစ်နေမှသာ - ဆိုသည့် Synergy Effect ရပြီး Strategy များ လက်တွေ့ထမြောက် အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ကဲ မိတ်ဆွေ သင့်အဖွဲ့အစည်းက ပင်လယ်ထဲကို ရောက်နေပြီလား။  နစ်မြုပ်မသွားအောင် အသင့်လျော်ဆုံး Strategy များနဲ့ ကူးခတ်လိုက်ကြပါစို့။
Ref: Exploring Corporate Strategy (Seventh Edition)
By: Gerry Johnson
      Kevan Scholes
      Richard Whittington
      ISBN - 978 - 81 - 317 - 1925 - 1

By HR Journal 14 February, 2011 - 13:37
http://news.yatanarpon.com.mm/news/article-6120

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform