စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 29 June 2014

ကေစိဝါဒ

ကေစိဝါဒ

စာများတွင် ကေစိဝါဒ-ဟု တွေ့ရပါသည်။ ကေစိဝါဒ ဟူသည်မှာ ဘယ်လိုဝါဒမျိုး ဖြစ်သည်ကို ရှင်းလင်း
ဖြေကြားပေးပါဘုရား။
( ရှင်ပညာဇောတ-ပုသိမ်မြို့ )

( ဖြေ )
ကေစိဝါဒ-ဆိုသည်မှာ ကေသဉ္စိ ၀ါဒေါ ကေစိဝါဒေါ-ဟူသော ဋီကာဆရာများ အဆိုအရ အချို့သူတို့၏ အယူဝါဒ-ဟု ဆိုလိုသည်။
ကျမ်းပြုပုဂ္ဂိုလ်တို့သည် မိမိအောက်နိမ့်သူ (မိမိ အယူဝါဒလောက် ကောင်းသော အယူဝါဒ မရှိသူ)
အခြားကျမ်းပြု ပုဂ္ဂိုလ်တို့ကို ကေစိ (အချို့သော သူတို့က-အချို့သော ဆရာတို့က) ဟု သုံးနှုန်းလေ့ရှိကြပါသည်။

ဗုဒ္ဓစာပေနယ်တွင် ကေစိဆရာ၊ ဧကေဆရာ၊ အညေဆရာ၊ အပရေဆရာ၊ ဟူ၍ ကျမ်းဆရာလေးမျိုးရှိရာတွင် ဧကေ-အချို့သော ဆရာတို့သည်။
အညေ-အချို့ သော ဆရာတို့သည်-ဟု ဧကေ၊ အညေဖြင့် သုံးလျှင် မိမိဆရာနှင့် အတူထားအပ်သော ဆရာများ ဖြစ်သည်။

အပရေ-အချို့သော ဆရာတို့သည်-ဟု အပရေနှင့်သုံးလျှင် မိမိနှင့် ရည်တူတန်းတူ ကျမ်းဆရာများ ဖြစ်ကြောင်း သိအပ်၏။
ကေစိ-ဆိုလျှင်ကား မိမိအောက် ယုတ်နိမ့်သူ၊ မိမိဝါဒကို မမီသူ၊ မမှတ်သားအပ်သော ၀ါဒရှိသူများ-ဟု အသိအမှတ် ပြုထားကြလေသည်။

ထို့ကြောင့် ဧကေ၊ အညေ၊ ဆရာပေ။ အပရေမူ၊ ကိုယ့်ရည်တူ။ ကေစိမှာမူ၊ ကိုယ့်အောက်ယူ။-ဟု နိယံဆရာတို့ စပ်ဆိုကြလေသည်။

http://www.facebook.com/group.php?gid=73104791647

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform