စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 30 June 2014

အလုပ်ကို ဆန်းစစ်အကဲဖြတ်ခြင်း၏ ဦးတည်ချက်များနှင့် ဥပဒေသများ (Objective and Principles of job Evaluation)

အလုပ်ကို ဆန်းစစ်အကဲဖြတ်ခြင်း၏ ဦးတည်ချက်များနှင့် ဥပဒေသများ (Objective and Principles of job Evaluation)
ILO ခေါ် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (International Labour Organization) က အလုပ်ကို အောက်ပါအတိုင်း အဓိပ္ပာယ် ဖွင့်ပါတယ်။
အလုပ်တစ်ခုခုကို လုပ်ဖို့ သာမန် လုပ်သားတစ်ဦးအား ဒီအလုပ်ကို အခြားအလုပ်သများ တစ်ဦးဦးက လုပ်နိုင်ဖို့ အရည်အချင်းတွေ မသတ်မှတ် မစဉ်းစားပဲ မနှိုင်းယှဉ်ပဲ လုပ်နိုင်စွမ်း (ဝါ) စွမ်းဆောင်နိုင်မနိုင်တာလို့ ရိုးရိုးလေးပဲ အဓိပ္ပာယ် ဖွင့်ပြပေးပါတယ်။ USA ရဲ့ အလုပ်သမား၊ လုပ်သား စာရင်းအင်းဗျူရို (The Bureau of Labour Statistics) က အလုပ်ကို ဆန်းစစ် အကဲဖြတ်တာနဲ့ ပတ်သက်လို့ အောက်ပါအတိုင်း အဓိပ္ပာယ် ဖွင့်ပြထားပါတယ်။ အလုပ်ကို ဆန်းစစ် အကဲဖြတ်တယ်ဆိုတာဟာ အလုပ်လုပ်တဲ့လုပ်သားရဲ့ အဆင့်အတန်းနဲ့ သူ့အတွက် သက်မှတ်ရမယ့် အဆင့်အတွက် အလုပ်ကို ရွေးချယ် အကဲဖြတ် ဆန်းစစ်တာ ဖြစ်တယ်လို့ ဖွင့်ဆိုပြတယ်။

<p>အလုပ်ကို အကဲဖြတ်ရခြင်းနဲ့ ဦးတည်ချက်</p> (Objective and Job Evaluation)

အလုပ်ကို အကဲဖြတ်ခြင်းနဲ့ ဦးတည်ချက်တွေမှာ အောက်ပါတို့ ဖြစ်ပါတယ်။
၁။ လုပ်ငန်း တစ်ခုလုံးရှိ အလုပ်တစ်ခုစီကို လူနဲ့ ပြည့်စုံ တိကျစွာနဲ့ ကင်းလွတ်အောင် ရှင်းပြခြင်း
၂။ နှိုင်းယှဉ် သဘောအရ လုပ်ရမယ့် အလုပ်တစ်ခုစီရဲ့တန်ဖိုးတို့ကို ဆုံးဖြတ် သတ်မှတ်နိုင်ရန် လိုအပ်သော စံချိန်စံညွှန်းအဖြစ်    သုံးနိုင်မည့် (ဝါ) စံချိန်စံညွှန်းကျသော ပရိုစီဂျူဝါ (procedure) တို့ကို     သတ်မှတ်   ပြဋ္ဌာန်းပေးရန်
၃။ အလုပ် တစ်ခုစီအတွက် တရားမျှတမှု ရှိစွာနဲ့ တရားသဖြင့် လုပ်ခ၊ လစာတို့ကို သတ်မှတ်ပြဋ္ဌာန်းပေးရန်
၎။ ဒါနဲ့တူညီတဲ့ အလုပ်ဆိုရင် ဘယ်မှာလုပ်လုပ် လုပ်ခ၊ လစာ ဒီလောက်ပဲရမယ်လို့ သေချာစေရန်
၅။ ဝန်ထမ်း အားလုံးရဲ့ တိုးတက်မှုနဲ့ တိကျစွာ စဉ်းစားမှုမှာ ရွှေ့ပြောင်းမှု (transfer) သာဖြစ်စေရန်
၆။ အလားတူ အလုပ်မျိုးများအတွက် အခြေခံ အချက်များကို ထုတ်နုတ် သတ်မှတ် ပြဋ္ဌာန်းပေးနိုင်ရန်
၇။ အလုပ်လုပ်ရသော အဖွဲ့အစည်းနှင့် ပတ်သက်သည့် အခြေခံ သတင်းအချက်အလက်များကို ရရှိ စုဆောင်းထားရှိရန် တို့ဖြစ်ပါသည်။

<p>အလုပ်ကို အကဲဖြတ် သုံးသပ်ခြင်းဆိုင်ရာ ဥပဒေသများ</p> (Principles of Evaluation)

အေ၊ အဲလ်၊ ကဲစ် (A. L. Kess) ဆိုသူ အလုပ်သုံးသပ်အကဲဖြတ်ခြင်းနဲ့ ပတ်သက်တဲ့ ခေါင်းဆောင်တစ်ဦးက အောက်ပါ အလုပ်ကို သုံးသပ် အကဲဖြတ်ခြင်းဆိုင်ရာ ဥပဒေများကို ဖော်ပြခဲ့ပါတယ်။
၁။ အလုပ်အပေါ် လုပ်ခ၊ လစာနှုန်းကို သတ်မှတ်ခြင်းသည် အလုပ်အပေါ် သတ်မှတ်ခြင်းသာဖြစ်ပြီး     အလုပ်လုပ်မယ့် လူအပေါ်သတ်မှတ်ခြင်း မဟုတ်ပါ။ အလုပ်အတွက် လုပ်ရမယ့် အလုပ်တွေသည် တိကျပြီး     ကြိုတင် ပြဋ္ဌာန်းထားခြင်း၊ ယင်းပြဋ္ဌာန်း အလုပ်ကို လုပ်ကြစေကာမူ အလုပ်လုပ်သူတွင် အခြေခံ     အရည်အချင်းရှိရုံမက အခြားအရည်အချင်းများ (plus qualification) အလုပ်လုပ်သူ တစ်ဦးနဲ့ တစ်ဦး     မတူကြမှုလည်း ရှိနိုင်သကဲ့သို့၊ တူညီမှုလည်း ရှိနိုင်သည်။ အလုပ်လုပ်သည့် လုပ်သားတို့၏ စွမ်းဆောင်မှု     စီမံကိန်း (A job Evaluation Plan)၊ အလုပ်လုပ်သူ တစ်ဦးအား ပေးသော လုပ်စာ၊ လခသည် သူလုပ်သော     အလုပ်တန်ဖိုးထက် များနိုင်သည်။ ထို့ကြောင့် အစိတ်အပိုင်း တစ်ခုစီကို တန်ဖိုးဖြတ် သတ်မှတ်ရာတွင်      အလုပ်က လိုအပ်တဲ့ အခြေခံပေါ် မူတည်၍ လိုအပ်မှုအရ သတ်မှတ်နိုင်ပါသည်။
၂။ ထိုသို့ အဆင့်ကို သတ်မှတ်ရန် လိုအပ်ချက်များကို သတ်မှတ် ရွေးချယ်ရာတွင် ထိုသို့ ရွေးချယ်သည့်     အစိတ်အပိုင်းများ၊ အချက်အလက်များကို လွယ်လွယ်ကူကူ ရှင်းပြနိုင်ရမည် ဖြစ်သော်လည်း ခေါင်းစဉ်ကွဲ     အကြောင်းအရာတူ ကိစ္စရပ်များကို ထပ်တူ ဖော်ပြခြင်း မရှိစေရသော အချက်အလက်များ၊ အစိတ်အပိုင်းများ     ဖြစ်စေရမည်။
၃။ အလုပ်အဆင့်ကို အောင်မြင်စွာ သတ်မှတ်ခြင်းသည် အစိတ်အပိုင်းများကို အဓိပ္ပာယ်ဖွင့်ရာ၌ နားလည်ရာ၌     တူညီခြင်းနှင့် အကျိုးနှင့် အကြောင်း ညီညွတ်မှု တူညီခြင်းတို့ အပေါ်တွင် လုံးလျား မူတည်ပေသည်။
၎။ မည်သို့ အလုပ်အဆင့် သတ်မှတ်ခြင်း စီမံကိန်းကိုမဆို ဖိုမင် (forman) များနှင့် ဝန်ထမ်းများသို့ အသိပေး     ကျေနပ်မှု ရစေရမည်။ ထိုသို့ ကျေနပ်ရစေပြီး အောင်မြင်သော စီမံကိန်းတစ်ခု ဖြစ်လာစေရန်မှာ စီမံကိန်းကို      ရှင်းရှင်းလင်းလင်း သဘောပေါက် နားလည်ရန်နှင့် သရုပ်ပြ ရှင်းလင်းရန် လိုပါသည်။
၅။ ဖိုမင်တို့သည် မိမိတို့ ဌာနများတွင် အလုပ်အဆင့် သတ်မှတ်ရာ၌ ကိုယ်တိုင် ပါဝင်ရန် လိုပါသည်။
၆။ အလုပ်အဆင့် သတ်မှတ်ရာတွင် ဝန်ထမ်းများက အဆင့်မြင့် (ဝါ) ပါဝင်မှု အဆင့်မြင့်မားရန် သူတို့ကိုယ်၌က     ပါဝင် ဆွေးနွေးရန် အခွင့်အလမ်း ရှိရန်လိုပေမည်။
၇။ ဖိုမင်နှင့် ဝန်ထမ်းတို့ အကြောင်းပြောရာ၌ ငွေကြေးတန်ဖိုး ဖော်ပြရန် မလိုပါ။ တန်ဖိုးရဲ့ အမှတ် (point     values) နဲ့ အစိတ်အပိုင်းတွေရဲ့ အဆင့် (degrees of dements) တို့ကိုသာ ပြောဆို ဆွေးနွေးရန် လိုသည်။     ငွေတန်ဖိုးကို ထည့်သွင်း ဆွေးနွေးပြောကြားလျှင် သွယ်ဝိုက် လှည့်စားမှုများသို့ ဦးတည်သွားနိုင်ပါသည်။
၈။ အလုပ်ရဲ့အဆင့် (ဝါ) အလုပ်သမား အဆင့်အတန်းများအလိုက် အလုပ်ရဲ့ အဆင့်တာများမှုတို့ ဦးမတည်သင့်ပေ။ အလုပ်တစ်ခုခု၏ လုပ်ခနှုန်းကို စုစုပေါင်း တန်ဖိုးတွင် ပါဝင်သော တစ်ခုစီအတွက် အကိုးအကား အတိုင်းအတာအဖြစ် မသုံးသင့်ပေ။

<p>အလုပ်ကို သုံးသပ်ရာ၌ အခြေခံ အချက်များ</p> (Fundamentals of Job Evaluation)

၁။ အလုပ်ကို အလုပ်တွင်ရှိသမျှ အစိတ်အပိုင်း ပါဝင်အောင် အစိတ်စိတ် အမွှာမွှာ ခွဲခြမ်း စိတ်ဖြာရမည်။
၂။ အလုပ်ကို အသေအချာ ရှင်းပြရမည် (ဝါ) အလုပ်ကို ကင်းရှင်းမှု အတွက်ပြင်ဆင် ရမည်။
၃။ အလုပ်ကို ဆန်းစစ် လေ့လာမှုနှင့် ရှင်းလင်းမှုအတွက် လုပ်ကိုင်ပြီးစီးလျှင် အလုပ်တစ်ခုကို အခြား အလုပ်တစ်ခုနှင့် (အလုပ် တစ်ခုနှင့်ကနေ) နှိုင်းယှဉ် လေ့လာရမည်။
၎။ အလုပ်များကို တစ်ခုနှင့် တစ်ခု နှိုင်းယှဉ် လေ့လာပြီးလျှင် ကိန်းဂဏန်းများနှင့် တိုင်းတာ၍ အလုပ်အတွက်     အရေးကြီးသော အခြားအလုပ်များနှင့် နှိုင်းယှဉ် ဖော်ပြရန်လိုသော အချက်များကို ဖော်ထုတ်ရမည်။
၅။ ဘယ်အလုပ်ပြီးရင် ဘယ်အလုပ်လုပ်မယ်လို့ ဦးစားပေး အစီအစဉ် ရေးဆွဲထားရင် အဲဒါတွေရဲ့ ဦးစားပေးမှု တန်ဖိုးနဲ့ ညီမျှအောင် ငွေကြေးတန်ဖိုးနဲ့ ချိန်ထိုး ဖော်ပြရပါမယ်။


အလုပ်ကို သုံးသပ်ဆန်းစစ်ရာ၌ အသုံးပြုသော နည်းလမ်း ၄ မျိုး

အလုပ်တွေကို ဆန်းစစ် သုံးသပ်ရာမှာ နည်းလမ်း ၄ မျိုးရှိပါတယ်။ ပထမနည်းလမ်းက အလုပ်တွေကို အဆင့်ခွဲခြား သတ်မှတ်ခြင်း (ranking system and gradings system) ဖြစ်ပါတယ်။ ဒီနည်းလမ်းမှာ အလုပ်တွေကို သရုပ်ခွဲ ဆန်းစစ်နည်းကို မသုံးပါဘူး။ အဲဒီလို သရုပ်ခွဲ ဆန်းစစ်နည်းအစား အဖွဲ့အစည်း အတွင်းမှာ အဲဒီ အလုပ်အကိုင်တွေဟာ ဘယ်လောက် အရေးပါပြီး ဘယ်အဆင့်က ပါဝင်သလဲဆိုတာပဲ အဓိကထား ဆန်းစစ်ပါတယ်။ သရုပ်ခွဲ ဆန်းစစ်နည်းကိုတော့ အလုပ်အကိုင်တစ်ခုခုကို တစ်ခြားအလုပ်အကိုင် တစ်ခုခုနဲ့ ခွဲခြားနှိုင်းယှဉ် သုံးသပ် ဆန်းစစ်တဲ့ အခါမှာသာ သုံးစွဲလေ့ရှိပါတယ်။ ဒီနည်းမှာတော့ အလုပ်ရဲ့တန်ဖိုးနဲ့ ပတ်သက်ပြီး အရေအတွက်ဆန်းစစ်မှု (quantitative assessment) ကိုသုံးလေ့ မရှိပါဘူး။
ဒီနှစ်မျိုးကို အလုပ်ကိုဆန်းစစ်တဲ့ သရုပ်ခွဲဆန်းစစ်ခြင်း မဟုတ်တဲ့ အရေအတွက် မဟုတ်တဲ့ အလုပ်ကို ဆန်းစစ် သုံးသပ်နည်းလမ်းတွေလို့ ခေါ်ပါတယ်။ တတိယနဲ့ စတုတ္ထ နည်းလမ်းတွေကိုတော့ အလုပ်ဆန်းစစ်မှုပေါ် အခြေခံတဲ့ အချက်အလက် အင်အားစု နှိုင်းယှဉ် စနစ်နဲ့ အမှတ်ပေး စနစ်လို့ ခေါ်ပါတယ်။ ဒီနည်းလမ်းတွေကတော့ အလုပ်နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အင်အားစု တစ်ခုစီကို အလုပ်အကိုင် ဆန်းစစ် သုံးသပ်မှုမှာ တဆင့်ရွေးထုတ်ပြီး အလုပ်ရဲ့ စုစုပေါင်းတန်ဖိုး (tolal value) ကိုသိရအောင် အလုပ်တစ်ခုစီရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တစိတ်အပိုင်း တစ်ခုစီကို သုံးသပ် အကဲဖြတ် ပါတယ်။ ဒီနည်းလမ်းစနစ်တွေကို လက်တွေ့ အသုံးချရာမှ တစ်ဆင့် အလုပ်အကိုင်တွေနဲ့ ပတ်သက်ပြီး အရေအတွက်ဆိုင်ရာ သုံးသပ် အကဲဖြတ်မှု (quantitative assessment of jobs) ကို ဦးတည် ဖြစ်ပေါ် လာစေပါတယ်။ ဖော်ပြပါ နည်းလမ်း စနစ်နှစ်ရပ်ကို အလုပ်သုံးသပ်ဆန်းစစ်မှု နည်းလမ်းများလို့ ခေါ်ကြပါတယ်။

အဆင့်သတ်မှတ်ခြင်းစနစ် (Ranking System)

အဖွဲ့အစည်းတွင်းမှာရှိတဲ့ အလုပ်အားလုံးကို အလုပ်ရဲ့ ရှုတ်ထွေးမှု တာဝန်ရှိမှုတွေနဲ့ ဝန်ထမ်းတွေအပေါ်မှာ ဖြစ်ပေါ်စေတဲ့ အလုပ်များမှု (ဝါ) ဝန်ထုပ်ဝန်ပိုး ဖြစ်စေမှု စတာတွေအလိုက်ကို အဆင့်ခွဲခြားသတ်မှတ် ပေးထားခြင်း ဖြစ်ပါတယ်။ ဒီလို အလုပ်အားလုံးကို အဆင့် သတ်မှတ်ဖို့ဆိုတာ ကျယ်ပြန့်မှာမို့လို့ သူတို့ကို လွယ်ကူစွာ လုပ်နိုင်အောင် ပထမ အဆင့်အနေနဲ့ အလုပ်တွေကို အစွန်း ၂ ဘက် ရောက်နေတဲ့ အလုပ်တွေကို ခွဲခြား ဆန်းစစ်ပြီးမှ ကျန်တဲ့ အလုပ်တွေကို အဲဒီနှစ်မျိုးရဲ့ အလယ် (ဝါ) ကြားမှာ ထားရှိခြင်း ဖြစ်ပါတယ်။ ပြီးတော့မှ အဲဒီအလုပ်ကို လုပ်ဖို့ ဖွဲ့စည်းထားတဲ့ ကော်မီတီက အဆင့်သတ်မှတ်ခြင်းကို တစ်ကြိမ်မက ပြုလုပ်ပြီးမှ ရလာဒ်တွေကို ပေါင်းလိုက်ပြီး နောက်ဆုံးအဆင့်အဖြစ် သတ်မှတ်လိုက်ပါတယ်။ အဲဒီ ကော်မီတီက သတ်မှတ်တဲ့ အဆင့်တွေထဲမှာ ကြီးစား(ဝါ) မြင်သာ ထင်သာရှိတဲ့ ကွဲလွဲချက်တွေ ဖြစ်ပေါ်တဲ့ အဆင့်တွေရှိခဲ့ရင်တော့ အဲဒီအဆင့်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြ၊ အဆင့် ပြန်သတ်မှတ် ကြရပါတယ်။ အဲဒီလို နောက်ဆုံး သတ်မှတ်လိုက်တဲ့ အဆင့်ကို ပျမ်းမျှ အဆင့် သတ်မှတ်ချက်နဲ့ အဲဒီ အဆင့်သတ်မှတ်ဖို့ လိုအပ်တဲ့ အချိန်သတ်မှတ်ချက်တို့အပေါ် မူတည်ပြီး သတ်မှတ် ပါတယ်။ ဒီလို သက်မှတ်ဖို့ အတွက်လည်း ပရိုစီဂျာ(procedure) တွေ သတ်မှတ် ထားရှိ ပါတယ်။

ပရုစီဂျာ (Procedure)

ဒီပရိုစီဂျာတွေကို လုပ်ငန်း အဖွဲ့အစည်းရဲ့ အောက်ပါ သတ်မှတ်ချက် အသီးသီးပေါ် မူတည်ပြီး အဓိပ္ပာယ် ဖွင့်ထားပါတယ်။
၁။ အဖွဲ့အစည်းအတွင်းရှိ အလုပ်အားလုံးအတွက် စာရင်းပြုစုထားရှိမှု
၂။ သတ်မှတ် အလုပ်တွေလုပ်ဖို့ အဖွဲ့ဝင် ၃ ဦးမှ ၅ ဦးပါဝင်တဲ့ ကော်မတီ တစ်ခု ဖွဲ့စည်းထားရှိမှု
၃။ ကော်မီတီဝင် တစ်ယောက်စီကို အလုပ်စာရင်နဲ့ ညွှန်ကြားချက် တစ်စုံစီ အလုပ်အဆင့် သတ်မှတ်ရေးနှင့် ဆိုင်သော ညွှန်ကြားချက်များ ထားရမည်။ ၎င်း အလုပ်အဆင့်များ သတ်မှတ်ရာတွင် အလုပ်ရဲ့ ခက်ခဲ ရှုတ်ထွေးမှုနဲ့ တာဝန်ရှိမှုများ ပါဝင်ရမည်။
၎။ အလုပ်အဆင့် သတ်မှတ်ရာတွင် ကော်မီတီဝင် တစ်ဦးနှင့်တစ်ဦး အမှီအခို ကင်းလွတ်လပ်ရမည်။
၅။ အဖွဲ့ဝင် တစ်ဦးစီက အဆင့်သတ်မှတ်ပေးချက်များကို ကော်မတီက ပြန်သုံးသပ်ရမည်။ အဆင့်သတ်မှတ်ချက်များတွင် ကြီးမားသော ကွဲလွဲမှု တစ်ခုခု ပါဝင်နေလျှင် အပြန်အလှန် ညှိနှိုင်းဆွေးနွေးခြင်း ပြုပြင် သတ်မှတ်ရမည်။
၆။ ယင်းသို့သော ပရိုစီဂျာကို ၂ ကြိမ်တိတိ ပြန်လုပ်ရမည်။ တစ်ကြိမ်နှင့် တစ်ကြိမ် တစ်ပတ်ကြာမျှ အချိန်ခြားရမည်။
၇။ ထိုသို့ ၃ ကြိမ်ဆုံး တော်သောအလုပ်အဆင့်များကို ပြမ်းမျှပြု၍ နောက်ဆုံးအဆင့် အဖြစ် သတ်မှတ် ရပေမည်။ သို့ဖြစ်၍ အဆင့်စနစ်သည် ရိုးစင်းပြီး စရိတ်စကလည်း မကြီးမားပဲ အဖွဲ့အစည်း သေးသေးများတွင်လည်း သုံးစွဲနိုင်ပါသည်။ ဤစနစ်တွင် ပြင်ပမှ အကြံပေး (ဝါ) ကျွမ်းကျင်သူ အကြံပေးတို့၏ ဝန်ဆောင်မှု မလိုအပ်ပါ။ ထို့ပြင် ဤစနစ်ကို အခြားမည်သည့် စနစ်နှင့်မျှ နှိုင်းယှဉ်၍ မရပါ။ ကော်မတီဝင်တို့ အားလုံးသည် မိမိတို့ လုပ်ရမည့် အလုပ် အကျယ်အဝန်းကို (content of the job) ကို သိထားရမည်။ တစ်ခါတစ်ရံ အလုပ်ရဲ့အကြမ်း အခြေအနေကို သူတို့အား ရှင်းပြထားပေးရန် လိုကောင်း လိုပေမည်။ ကော်မီတီတို့က အလုပ်တစ်ခုနဲ့ ပတ်သက် ပြီးစဉ်းစားရာတွင် အလုပ်ရဲ့အဆင့်နဲ့ ပတ်သက်ပြီး ရှုထောင့်ကို သုံးသပ်ကောင်း သုံးသပ်ရာ၌ တစ်ဦးနှင့်တစ်ဦး အမြင်ကွဲလွဲနိုင်ပါသည်။ ၎င်းအပြင် အလုပ်ထက် ဝန်ထမ်းကို အဆင့် သတ်မှတ်ပေးနိုင်ပါသည်။ စင်စစ်တွင် အလုပ်ကို အဆင့်သတ်မှတ်ပေးရန်သာ လိုသည်။ အလုပ်လုပ်သည့် ဝန်ထမ်းကို အဆင့်သတ်မှတ်ပေးရန် မလိုပေ။ သဘာဝကျသည်က အလုပ်၏အဆင့်သတ်မှတ်ခြင်းတွင် ၎င်းအလုပ်လုပ်ရာတွင် ပေးထားသော၊ သတ်မှတ်ထားသော လုပ်ခ၊ လစာ အဆင့်က ဆုံးဖြတ်ချက်အပေါ် အကျိုး သက်ရောက်စေသည်က များပါသည်။ အလုပ်တစ်ခုနှင့် တစ်ခု ကွာဟချက် အဆင့်မှာ နည်းပါးရန် သေချာသည်။ တစ်ခုလုံး ခြုံစဉ်းစားလျှင် အကြမ်းဖျင်း အချက်များပေါ်တွင် မူတည်စဉ်းစား၍ ဆုံးဖြတ်ချက် ချမှတ်ထားသောကြောင့် ယင်းဆုံးဖြတ်ချက်သာ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။


ပါမောက္ခ ဒေါက်တာတင်စိုး
By HR Journal 4 February, 2011 - 15:13

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform