စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 29 June 2014

ရွှေအိမ်စည်ရှာပုံတော်

ရွှေအိမ်စည်ရှာပုံတော်
==============
ရွှေအိမ်စည်မင်းသမီးလေးဆိုရင် အတော်များများ ကြားဖူးကြပါလိမ့်မယ် … အလောင်းစည်သူမင်းကြီးရဲ့ မယ်တော်ပါ … ရွှေအိမ်စည်လို့ ဆိုလိုက်ရင် အများက ချစ်ခင်သနားကြလေရဲ့ … … တချို့ကလည်း ကုလားနဲ့ကြိုက်လို့ ဆိုပြီး မကြည်ကြပြန်ဘူး … ထားပါလေ … ဒါက လိုရင်းမဟုတ်ပါဘူး … ရွှေအိမ်စည်ရဲ့ အိမ်ထောင်ဘက်နဲ့ပတ်သက်ပြီး အမှတ်မှားနေကြတာလေးတွေ ပြောချင်လို့ပါ …
တချို့က ရွှေအိမ်စည်ကို ကုလားမင်းသား ပဋိက္ခရားနဲ့ ကြိုက်နေလို့ ကုလားမင်းသားနဲ့လည်း ခွဲပြီးသားဖြစ်၊ မွန်-မြန်မာချစ်ကြည်ရေးလည်း ဖြစ်အောင် ဆိုပြီး မနူဟာမင်းရဲ့ မြေးတော် နာဂသမန်းနဲ့ ပေးစားတယ်လို့ အမှတ်မှားနေကြပါတယ် …
တကယ်တော့ ပုဂံသမိုင်းမှာ ရွှေအိမ်စည် ၂-ယောက် ရှိပါတယ် …
ပထမ ရွှေအိမ်စည်က တြေလောကစူဠာမဏိဒေဝီ လို့ ခေါ်ပါတယ် ကျန်စစ်သားနဲ့ အပယ်ရတနာ တို့ရဲ့ သမီးတော်ပါ … သူက ပဋိက္ခရားနဲ့ ကြိုက်နေလို့ အဖေလုပ်တဲ့ ကျန်စစ်သားက တြေလောကသိင်္ဃဝိဇယ (စောလူးမင်းနဲ့ မွန်မိဘုရား မဟာဒေဝီစူဠာမဏိတို့ရဲ့သားတော် စောယွန်း ဟု ယူဆရသူ) ဆိုတဲ့မင်းသားနဲ့ ကမန်းကတန်း ပေးစားလိုက်ရတဲ့ နာမည်ကြီး မင်းသမီးပါ (အဲဒီ စောလူးမင်းရဲ့ မွန်မိဘုရား မဟာဒေဝီစူဠာမဏိ ဆိုတာဟာ မဏိစန္ဒာပဲလား မသိပါဘူး) ... ဇာတ်တွေဘာတွေလည်း က,ကြတော့ နာမည်ကြီးတာပေါ့ ... ဦးဖိုးစိန်ရဲ့ ပဋိက္ခရား ဇာတ် ဆို အတော်လူကြိုက်များကြတာတဲ့ ... ငယ်ငယ်ကတော့ စိန်မဟာသဘင်မှာ ဦးဖိုးစိန်ရဲ့ မြေးတွေဖြစ်တဲ့ ဦးရဲစိန်နဲ့ ဦးညီဝင်းစိန်တို့ကတာ ကြည့်ဖူးပါတယ် ... အတော်လေး ကောင်းသားဗျ ...
ဒုတိယ ရွှေအိမ်စည် (ရွှေအိမ်သည်) က နရပတိစည်သူ နဲ့ မိဘုရား စောစနေတို့ရဲ့ သမီးတော်၊ ပုသိမ်မြို့စား နာဂသမန်း နဲ့ရတာပါ ... (ပုသိမ်မြို့စား နာဂသမန်းက အသဝတ်ဓမ္မာရဲ့သားတော်၊ အသဝတ်ဓမ္မာရဲ့ အဖေက သထုံမင်းကြီးရဲ့သားတော် သုဓမ္မရာဇ်၊ ဒါကြောင့် နာဂသမန်းကို သထုံမင်းကြီး (မနူဟာ လို့ ယူဆရ) ရဲ့ မြစ်တော် လို့ ဆိုကြတာပါ … ဒီ ဒုတိယရွှေအိမ်စည် (ခေါ်) ရွှေအိမ်သည် ကို ပထမ ရွှေအိမ်စည်နဲ့ ရောပြီး နာဂသမန်းနဲ့ ပေးစားတာ လို့ အမှတ်မှားနေကြတာဖြစ်ပါတယ် …
ဒီတော့ ကျန်စစ်သားရဲ့ သမီးတော် ရွှေအိမ်စည်က နာဂသမန်းနဲ့ မဆိုင်ဘူး ဆိုတာလေး သိထားရအောင်ပါ …
ဟယ်ရီလွင် — with Shwe Eaim Si.

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform