စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 29 June 2014

တွေးရအောင်ဗျာမြင်းကျားတွေမှာဘာကြောင့်အစင်းကျားတွေပါတာလဲ..???

တွေးရအောင်ဗျာမြင်းကျားတွေမှာဘာကြောင့်အစင်းကျားတွေပါတာလဲ..???
ဆွေးနွေးချက်အဖြေ။ ။ သတ္တလောကကြီးတွင် တရိစ္ဆာန်များသည် ကြီးနိုင်၊ ငယ်ညှင်းကြသည် ဆိုသော်လည်းအားနည်း
ချက်ရှိသော တိရစ္ဆာန်များကို သဘာဝက အတတ်နိုင်ဆုံး ကာကွယ်မှုများ ပေးထားကြပါတယ်။

မြင်းကျားများရဲ့ ခန္ဓာကိုယ်ပေါ်မှ အဖြူနှင့် အနက်အစင်းများသည်အခြား အသားစား တိရစ္ဆာန်များရဲ့
အန္တရယ်မှ ကင်းလွတ်နိုင်ရန် သဘာဝက ပြုလုပ်ပေးထားခြင်း ဖြစ်ပါတယ်။ အချို့ကကတ်ကတ်
သတ်သတ်မေးဖူးကြပါတယ်။ ဒီလို သဘာဝ အကာအကွယ်ဟုဆိုလျှင် သူတို့၏ ပတ်ဝန်းကျင်သည်
အဖြူနှင့် အနက်အရောင်များ မဟုတ်ပါဘဲလျက်အဘယ့်ကြောင့် ၄င်း အရောင်များကို ဖြစ်စေရပါသလဲ
ဟူ၍ ဖြစ်ပါတယ်။
မြင်းကျားများရဲ့ အဓိက နေထိုင်ကြသည့် တောများသည် အလွန်ရှည်သော မြက်ရိုင်းတောများ
အတွင်းဖြစ်ပါတယ်။ အဲဒီလို မြက်ရိုင်းရှည်များနဲ့ မြင်းကျားများရဲ့ ကိုယ်က အစင်းများသည်
လိုက်ဖက်ပါတယ်။ သို့သော်လည်း မြက်ရိုင်းပင်များရဲ့ အရောင်သည် အစိမ်း၊ အ၀ါ၊ အညိုရောင်များသာ
ဖြစ်ပါတယ်။ နောက် မြင်းကျားများရဲ့ အဓိက အသားစား ရန်သူသည် ခြင်္သေ့များ ဖြစ်ပါတယ်။
ခြင်္သေ့များသည် အရောင်မှန်ကို မမြင်နိုင်ပါ။ အရောင်ကန်းတဲ့ colour blind ဆိုပါတော့။ ဒါ့ကြောင့်
မြင်းကျားများမှ အစင်းအရောင်သည် အဓိက မဟုတ်ပါ။ အစင်းများရဲ့ ပုံသဏ္ဍာန်သာ ဖြစ်ပါတယ်။
သို့အတွက်ကြောင့် မြင်းကျားတစ်ကောင် သို့မဟုတ် မြင်းကျားများသည် အဆိုပါ ပတ်ဝန်းကျင်မျိုးတွင်
ရပ်နေကြလျှင် ခြင်္သေ့များ အလွယ်တကူ မမြင်နိုင်ကြပါဟု ဆိုပါသည်။
နောက်တစ်ချက်ကလည်း မြင်းကျားများသည် အုပ်စုဖြင့် နေကြတဲ့ တိရစ္ဆာန်များ ဖြစ်ကြပါတယ်။
သူတို့ လှည့်လည်သွားလာကြရာမှာလည်း အုပ်စုနဲ့ ဖြစ်ပါတယ်။ နောက်ပြီး တစ်ကောင်နဲ့တစ်ကောင်
ပူးပူးကပ်ကပ် နေတတ်ကြပါတယ်။ အဆိုပါ မြင်ကွင်းမျိုးကို မျက်စိထဲ မြင်ကြည့်ပါ အဆင်တူ၊ အရောင်တူ
အစင်းကျား အုပ်စုကြီးတစ်စု တရွေ့ရွေ့နဲ့ သွားနေတာကို အရောင်ကန်းတဲ့ ခြင်္သေ့များအတွက် သက်ရှိ
သတ္တ၀ါများလို့တောင် ထင်မယ် မဟုတ်ပါ။ တကယ်လို့ မြင်းကျားတွေလို့ သိခဲ့ရင်တောင် အုပ်စုက
စည်းစည်းလုံးလုံးဖြစ်နေလို့ ခြင်္သေ့များအတွက် အခွင့်အရေး အလွန် နည်းနေပါလိမ့်မယ်။
ကဲ ဒီလောက်ဆိုရင် မြင်းကျားတွေရဲ့ ခန္ဓာကိုယ်ပေါ်က အစင်းကျားများသည် မည်မျှ အရေးပါသည်ကို
သိလောက်ပြီလို့ ထင်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရလျှင် မြင်းကျားနဲ့ အစင်းကျား ခွဲခြားမရပါလို့ပဲ
ပြောရမှာပါပဲ။ သို့သော် ခြားနားချက် အနည်းအပါးတော့ ရှိနေပါတယ်။ နောက် အံသြဖွယ်တစ်ခုက
မြင်းကျားများသည် အုပ်စုဖွဲ့နေကြရာတွင် အခြားအုပ်စုမှ မြင်းကျားတစ်ကောင် ၀င်ရောက်လာပါက
အစင်းများကို ကြည့်ခြင်းအားဖြင့် ခွဲခြားနိုင်ကြတယ်လို့ ဆိုပါတယ်။ အဲဒီ အစင်းကျားများသည် မြင်းကျား
တစ်ကောင်ချင်း၏ အမှတ်အသား ဖြစ်သည်ဟုလည်း ဆိုပါတယ်။

လေးစားစွာဖြင့်
ကိုသန်းဇော်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform