စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 30 June 2014

အုပ်ချုပ်မှုကောင်းအောက်က အကောင်းဆုံး ဘဏ္ဍာရေး စီမံခန့်ခွဲမှု

အုပ်ချုပ်မှုကောင်းအောက်က အကောင်းဆုံး ဘဏ္ဍာရေး စီမံခန့်ခွဲမှု

စာရင်းပိတ်သောနေ့တွင် နိုင်ငံအစိုးရ (ဒေသန္တရအစိုးရ) အဖွဲ့အစည်း၏ ဘဏ္ဍာရေး အခြေအနေကို ထုတ်ပြန် ကြေညာပါသလား။  တစ်နှစ်တာ ကာလအတွင်း ဝင်ငွေနှင့် အသုံးစရိတ်ကို ထုတ်ပြန်ကြေညာပါသလား။ ဝန်ကြီးဌာန၊ ဦးစီးဌာန၊ အဖွဲ့အစည်းတစ်ခုစီ၏ ရည်မှန်းချက်များ၊ ရရှိလိုသည့်ရလဒ်များ၊ ဘဏ္ဍာရေး စွမ်းရည်များကို ဖော်ပြထားပါသလား။  ဆောင်ရွက်မှု၊ ထုတ်လုပ်မှု အခြေအနေကို ထုတ်ပြန်ထားပါသလား။ ရည်မှန်းထားသော ဆောင်ရွက်မှု ထုတ်လုပ်မှုနှင့် နှိုင်းယှဉ်နိုင်ပါသလား၊ ယခင်နှစ် ဘတ်ဂျက်နှင့် နှိုင်းယှဉ်နိုင်ပါသလား။ ဤသို့ဖြင့် လွှတ်တော်နှင့် အများပြည်သူက အဖွဲ့အစည်း၏ စွမ်းရည်ကို ပိုမို ရှုမြင်နိုင်စွမ်း ရှိသည်။ တာဝန်ယူမှုများ၊ အနာဂတ်တွင် ပေါ်ပေါက်လာမည့် ပေးရန်တာဝန်များ၊ စာရင်းကိုင် မူဝါဒများကို ထုတ်ပြန် ကြေညာထားပါသလား။ လုပ်ငန်းတစ်ခုချင်းအလိုက် အသုံးစရိတ်များကို ယခင်နှစ်က ကိန်းဂဏန်းများနှင့် နှိုင်းယှဉ်နိုင်ရန် ခွဲခြမ်းပြထားပါသလား။ ဥပဒေအရ သတ်မှတ်ပြဋ္ဌာန်းထားသော အဖွဲ့အစည်း၏ လုပ်ငန်းတာဝန်များတွင် ပါဝင်သော လုပ်ငန်းများ ဖြစ်ပါသလား။ လွတ်လပ်သော  ပြင်ပစာရင်းစစ်နှင့် ဖိဖိစီးစီး မှန်မှန်ကန်ကန် စာရင်းစစ်ပြီး ဖြစ်ပါသလား။ စုံစမ်းစစ်ဆေးခြင်းမရှိ၊ အထောက်အထား သက်သေအခိုင်အလုံရှိသော အကျင့်ပျက်မှု၊ မျက်နှာလိုက်မှု စွပ်စွဲချက်များ မကြာခဏ ကြုံတွေ့ရပါသလား။ လွတ်လပ်သော ဗဟိုဘဏ် ရှိပါသလား။ ဗဟိုဘဏ်၏ ဘုတ်အဖွဲ့ကို မည်သူက ခန့်ထားပါသလဲ။ ဗဟိုဘဏ်က မည်သူ့ကို တာဝန်ခံရပါသလဲ။ ဗဟိုဘဏ်နှင့် ဘဏ္ဍာရေးဝန်ကြီး (ဥပမာ- ငွေဖောင်းပွမှုနှုန်းနှင့် ပတ်သက်၍) သဘောတူညီမှု တစ်စုံတစ်ရာ ရှိပါသလား။

နိုင်ငံရေး

ပါလီမန်တွင် (က)ကျား (ခ)မ မည်မျှ ပါဝင်ပါသလဲ။ ပါလီမန်ကို ဘတ်ဂျက်နှင့် ဘဏ္ဍာရေးခွဲဝေမှုများအားလုံး အပြည့်အစုံ တင်ပြရပါသလား။ ဘတ်ဂျက်ကို ဆွေးနွေးနိုင်ရန်အတွက် အချိန်နှင့်တစ်ပြေးညီ ဌာနဆိုင်ရာ အစီရင်ခံစာများ ရရှိနိုင်ပါသလား။ နိုင်ငံရေးသမားများက စစ်ဆေးနိုင်ရန်၊ ပါလီမန်ကော်မတီများသို့ ဘတ်ဂျက်အစီရင်ခံစာများက ရည်ညွှန်းထားပါသလား။ ယခင်နှစ်က ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာများအတွက် ငွေခွဲဝေမှုများကို ပါလီမန်၌ ဆွေးနွေးခဲ့ပါသလား။ သတ်မှတ်ရန်ပုံငွေနှင့် အဓိက ကွဲပြားခြားနားမှု ရှိပါသလား၊ ဝန်ကြီးက ပြည်သူသိရှိရန် မလွဲမသွေ အစီရင်ခံရမည့် လုပ်ငန်းစဉ် ရှိပါသလား။ အလှူရှင်များ နိုင်ငံတကာနှင့် နိုင်ငံတစ်နိုင်ငံချင်း ပေးသော အကူအညီဆိုင်ရာ သဘောတူစာချုပ်များကို လွှတ်တော်၌ တင်သွင်းပြီး၊ အများပြည်သူ ကြည့်ရှုခွင့် ရပါသလား။ အလှူရှင်များ၏ အထောက်အပံ့အားလုံးကို ရှင်းရှင်းလင်းလင်း မည်သည့်ကိစ္စအတွက်သာ သုံးစွဲရမည်ကို သတ်မှတ်ထားပါသလား။

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ

နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ အားလုံးက မြင်သာထင်သာ ရှိသော၊ နှစ်ပတ်လည် အစီရင်ခံစာများကို တင်ပြကြပါသလား။ ထိုအဖွဲ့အစည်းများ၏ ဒါရိုက်တာအဖွဲ့ကို မည်သူက ခန့်အပ်ပါသလဲ။ ထိုရာထူးများသည် ပြည်သူ့ဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းလား၊ သီးခြားဝန်ထမ်းလား၊ အစိုးရဝန်ထမ်းလား။ ဝန်ကြီးသည် ထိုဒါရိုက်တာအဖွဲ့တွင် ပါဝင်ခြင်း ရှိ၊မရှိ။ဒါရိုက်တာအဖွဲ့တွင် ပါဝင်သော အမျိုးသမီးအချိုးအစား။ ထိုအဖွဲ့အစည်းများ၏ လုပ်ငန်းများကို လွှတ်တော်၊ စာရင်းစစ်ချုပ်ရုံးနှင့် အခြားအဖွဲ့အစည်းများက မြင်သာထင်သာ စစ်ဆေးခြင်း ရှိ၊ မရှိ။

အုပ်ချုပ်ရေး

အမှုဆောင်အရာရှိချုပ်များ၊ ဌာနတာဝန်ခံများသည် မန်နေဂျာများ တာဝန်ယူရမည့် မူဝါဒဆိုင်ရာရည် မှန်းချက်များကို အများပြည်သူက ရှင်းရှင်းလင်းလင်း သိမြင်နိုင်ခြင်းရှိသလား။ အဖွဲ့အစည်း တစ်ခုနှင့်တစ်ခု လုပ်ငန်းတာဝန်ထပ်နေခြင်း၊ တာဝန်များ ဆန့်ကျင်နေခြင်း မဖြစ်စေရန် အစိုးရက ဆောင်ရွက်ခြင်း ရှိ၊မရှိ။ မန်နေဂျာများသည် မိမိတို့ ဆန္ဒအတိုင်း ဆောင်ရွက်ခြင်းမပြုဘဲ ချမှတ်ထားသော ရည်မှန်းချက်များအတိုင်း မလွဲမသွေ ဆောင်ရွက်စေရန်အတွက် မန်နေဂျာများ၏ လုပ်ပုံကိုင်ပုံကို ပြုပြင်ပေးသော ဆုပေးဒဏပေး စနစ် ရှိ၊ မရှိ။ လုပ်ငန်းတာဝန်ထမ်းဆောင်မှုကို အကဲဖြတ်နိုင်ရန်၊ အဆင့်မီ၊ အချိန်ကိုက်၊ အရည်အသွေးရှိ၊ စာရင်းအင်းများ ပြည့်ပြည့်စုံစုံ ရရှိနိုင်ခြင်း ရှိ၊ မရှိ။

 ဦးရန်ရှင်း(ငွေကြေး)


By Smart News Originally posted 25/05/2012 14:27PM

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform