စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 29 June 2014

မေတ္တာပေးဖို့ကြိုးစားပါ.....။

မေတ္တာပေးဖို့ကြိုးစားပါ.....။
=============
လူအများစုရဲ့ သဘောက ကိုယ်ကသာ မိတ်ကောင်းဆွေကောင်း လိုချင်တယ်၊ ကိုယ်ကတော့ သူတစ်ပါးရဲ့ မိတ်ကောင်း
ဆွေကောင်းဖြစ်ဖို့ မကြိုးစားချင်ကြပါဘူး၊ သူတစ်ပါးအပေါ် နေရာတကာ အပြစ်မြင် အပြစ်တင်တဲ့စိတ်နဲ့ အဆင့်အတန်း
ခွဲခြားပြီ ဆက်ဆံချင်ကြပါတယ်။ ကိုယ့်အတွက် ရပေါက်ရှိမှ ပေါင်းချင်ကြပြီး ရပေါက်မရှိရင် မပေါင်းချင်ကြပါဘူး။

ဒါကိုပဲ လူမှုဆက်ဆံရေးတော်တယ်လို့ တလွဲဂုဏ်ယူတတ်ကြပြန်ပါသေးတယ်။ အမှန်တော့ တစ်ကိုယ်ကောင်းဆန်တာပါ
မေတ္တာ တရားခေါင်းပါးတာပါ။
မေတ္တာ အပေးမှန်ခဲ့ရင် မေတ္တာ အမှန်ပေးကြမှာပါ။ တစ်ဖက်သားကို နွေးနွေးထွေးထွေး
ချစ်ခင်တတ်ရင် ကိုယ့်ကို နွေးနွေးထွေးထွေး ချစ်ခင်မယ့်သူ ပေါ်လာမှာပါ။ တစ်ဖက်သားကို မြတ်မြတ်နိုးနိုး ကြင်နာတတ်
ရင် ကိုယ့်ကို မြတ်မြတ်နိုးနိုး ကြင်နာမယ့်သူ ရောက်လာမှာပါ။

တဖက်သားကို ထွေးထွေးပိုက်ပိုက် ယုယတတ်ရင် ကိုယ့်ကိုထွေးထွေးပိုက်ပိုက် ယုယမယ့်သူရှိလာမှာပါ။ တူသော
အကျိုးပေးတတ်တဲ့ ကံတရားကို ဘယ်သူများဟန့်တား နိုင်တာမှတ်လို့။ အကြင်နာ မေတ္တာတွေရှိမယ်၊ သူငယ်ချင်း
ရှိမယ်၊ မိသားစုရှိမယ်။ ကျန်းမာခြင်းရှိမယ်။ ဟာသဥာဏ်ရွှင်မယ်။ ဘာမဆို အကောင်းမြင်တတ်အောင် ကြိုးစားမယ်ဆို
ရင် ဘ၀မှာ သင်ဟာ အချမ်းသာဆုံးပါ။

ဒီလောကကြီးဟာ အရာရာ တိုးတက်ပြောင်းလဲ လာသည်နှင့်အမျှ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ဖို့ကလဲ လွယ်ကူမြန်ဆန်
လာခဲ့တယ်။ ဒါပေမယ့် တစ်ဦးအပေါ်တစ်ဦးထားတဲ့ မေတ္တာနဲ့ နားလည်မှုစိတ်တွေကတော့ ဝေး.....ဝေး....ဝေး....လို့။

မေတ္တာဆိုတာ ဘ၀ရဲ့ အကောင်းဆုံး မြေသြဇာပါ။ တစ်ခွန်းတည်းသော စကားပဲ ဖြစ်ဖြစ် အကြင်နာ မေတ္တာတွေပါရင်
ညိုးနွမ်းနေတဲ့ ဘ၀ကိုတောင် ရှင်သန်စေပါတယ် မိတ်ဆွေကောင်း သူငယ်ချင်းကောင်းများ လိုချင်ရင် ကိုယ်လိုချင်တာ
ကိုပဲ ဦးစားမပေးပါနဲ့။ ကိုယ်ချင်းစာစိတ် ထားပြီး သူ့အတွက်လည်း ထည့်စဉ်းစားပေးပါ။သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါ
ဆိုတဲ့စကားကို သဘောမကျပါနဲ့။ သင်ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကျွန်ပ်ကတော့အရင်အတိုင်းပါပဲ လို့ပြော
နိုင်အောင်သာကြိုးစားပါ။

မေတ္တာဆိုတာအလျားအနံမရှိပေမယ့် အသွားအပြန်တော့ရှိပါတယ်။

ဖတ်ဖူးတဲ့ စာသားလေးတွေထဲက ထုတ်နှုတ်ထားတာပါ.....။
http://www.mmcfamily.org/profiles/blog/show?id=3003595%3ABlogPost%3A1499782&xgs=1&xg_source=msg_share_post

ရွှေအိမ်စည်စာကြည့်တိုက်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform