လာမယ့်ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ရွေးကောက်ပွဲ ဘုတ်အဖွဲ့ဖွဲ့ပြီး ရွေးချယ်သွားဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အစည်းအဝေးက ဆုံးဖြတ်ခဲ့ပါတယ်။
ဇွန်လ ၇ ရက်နဲ့ ၈ ရက်တို့မှာ ရန်ကုန်၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်၊ ဒို့ရိုးရာ ခန်းမမှာ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၂၀၁၄ ခုနှစ် ပထမအကြိမ် ဗဟိုကော်မတီ တတိယအကြိမ် အစည်းအဝေးကနေ ဆုံးဖြတ်ချက် ၅ ခု ချမှတ်နိုင်ခဲ့တယ်လို့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့် က ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်စည်းဝေးတွေကို တနှစ်နှစ်ကြိမ် ကျင်းပနေတာ ဖြစ်ပါတယ်။
အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်ကို ဒီဗွီဘီ ၀ိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
By ရွှေအောင် (ဒီဗွီဘီ)
0 comments:
Post a Comment