စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 29 June 2014

မိဘပြစ်မှား အပြစ်များ

မိဘပြစ်မှား အပြစ်များ
အရှင်ဘုရား မိဘများကို ပြန်ပြောခြင်း၊ နှုတ်လှံထိုးခြင်း၊ ကိုယ်ထိလက်ရောက် စော်ကားခြင်းတို့အတွက် ကံကြီးထိုက်သောအခါ ၄င်းကံကြွေးများ ပြေအောင်မည်သို့ ဆောင်ရွက်သင့်ပါသလဲဘုရား။
( မဇာလီအောင်-ပုဇွန်တော်၊ ရန်ကုန် )
( ဖြေ )
မိဘဆရာသမားတို့အား ပြန်ပြောခြင်း၊ နှုတ်လှံထိုးခြင်း၊ ရိုက်ပုတ်ခြင်း၊ စသည့် ကိုယ်ထိလက်ရောက် ကျူးလွန် စော်ကားခြင်းတို့ အတွက် ခင်ပွန်းကြီး ၁၀-ပါး ပြစ်မှားခြင်းကြောင့် ဖြစ်သည့် ဒဏ် ၁၀-ပါး အပြစ်များ ဖြစ်တတ်ပါသည်။
၎င်းတို့မှာ-
၁။ ကြမ်းကြုတ်သော ဝေဒနာကို ခံရခြင်း။
၂။ ကိုယ်ပျက်ခြင်း။
၃။ အနာရောက်ခြင်း။
၎။ ရူးသွပ်ခြင်း။
၅။ မင်းဒဏ်သင့်ခြင်း။
၆။ ကြီးစွာသော စွပ်စွဲခြင်းကို ခံရခြင်း။
၇။ အဆွေအမျိုး ( ချစ်သူခင်သူ ) ပျက်စီးခြင်း။
၈။ စည်းစိမ်ချမ်းသာ ( လက်ရှိဥစ္စာ ) ပျက်စီးခြင်း။
၉။ အိမ် ( အိပ်ရာနေရာ ) ကို မီးလောင်ခြင်း။
၁၀။ သေသည့်နောက် ငရဲသို့ လားရောက်ခြင်းများ ဖြစ်တတ်ကြောင်း ကျမ်းဂန်စာပေများ၌ လာရှိပါသည်။
ယင်းအပြစ်များ မဖြစ်ရန် မိမိ ကိုယ်နှုတ်စိတ်တို့ဖြင့် ပြစ်မှားမိသော မိဘစသည်များအား ရှိခိုးကန်တော့လျက် တတ်နိုင်သမျှ လုပ်ကျွေးပြုစုကြရပါသည်။ ရတနာသုံးပါးကို ကန်တော့ရာ၌လည်း မိမိပြစ်မှားမိသော မိဘစသည်တို့အားပါ ကန်တော့ပါကြောင်း ဆင်ခြင်ရည်စူး၍ ဦးနှိမ်မာန်လျှော့ ကန်တော့ရမည်-ဟု ဆိုပါသည်။
LikeLike · 

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform