စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 18 May 2015

အောင်မြင်ခြင်းဆိုတာဘာလည်း??

အောင်မြင်ခြင်းဆိုတာဘာလည်း??
▬▬▬▬▬▬▬▬▬▬▬▬▬▬
အောင်မြင်တယ်ဆိုတာဘာလဲဆိုတာနဲ့ဘယ်လိုလူတွေဟာ အောင်မြင်ကြလဲဆိုတာပါပဲ။
တစ်ချို့ကလည်းအောင်မြင်မှုနဲ့ ကြွယ်ဝချမ်းသာမှုနဲ့ အမှတ်လွဲကြတာမျိုးလည်းရှိပါတယ်။
ကြွယ်ဝချမ်းသာတာနဲ့ အောင်မြင်သူတွေ အဖြစ်မြင်သူတွေလည်းရှိပါတယ်။
ကြွယ်ဝချမ်းသာမှုနဲ့ အောင်မြင်မှုကမဆိုင်ပါဘူး။

တစ်ဦးက ဂီတာတီးခတ်တာမှာ တော်တယ်။
သူ့အတွက် အောင်မြင်မှုပန်းတိုင်ဆိုတာက အကောင်းဆုံးတေးသွားနဲ့ပဲ တိုင်းတာနိုင်တယ်။
တစ်ဦးက စက်ပြင်တာတော်တယ်။ သူ့ရဲ့အောင်မြင်မှုက အရှုပ်ထွေးဆုံးစက်ကို ပြင်နိုင်တာပါပဲ။
တစ်ဦးက ထမင်းချက်တတ်တယ်။ သူ့ရဲ့ အောင်မြင်မှုက အကောင်းဆုံးထမင်းကို ချက်ဖို့ပါပဲ။
ဒီလိုအောင်မြင်ဖို့အတွက် လူတစ်ဦးဟာကြိုးစားမှုတစ်ခုတည်းနဲ့တော့ မရနိုင်ဘူး။
အောင်မြင်ဖို့အတွက် ပထမဦးဆုံးလိုအပ်ချက်က မိမိလုပ်နေတဲ့အလုပ်ကို ပြင်းပြင်းပြပြ ယုံကြည်ဖို့ပါပဲ။
အဲဒီလိုပြင်းပြင်းပြပြယုံကြည်မှုကို (Passion) လို့ခေါ်တယ်။
နောက်တစ်ခုလိုတာက စိတ်ကူးစိတ်သန်းပါပဲ။ အဲဒါကို (Idea) လို့ခေါ်တယ်။
နောက်ဆုံးတစ်ခုကတော့ ကျွမ်းကျင်မှုပါပဲ။ ဒါကို (Skill) လို့ခေါ်တယ်။ ေ
အာင်မြင်လိုသူတစ်ဦးမှာ Passion + Idea + Skills ရှိမှရတယ်။
တစ်ခုခုချို့ယွင်းနေရင် အောင်မြင်မှုမဖြစ်နိုင်ဘူး။
တင်စားပြောရရင် Passion ဆိုတာက နှလုံးသား (Heart) ကလာပါတယ်။
Idea ဆိုတာက ဦးခေါင်း (Head) ကလာပါတယ်။
ကျွမ်းကျင်မှု (Skill) ဆိုတာက လက် (Hand) ကလာပါတယ်။
ဒါကြောင့်အောင်မြင်လိုသူတစ်ဦးဟာ (စွဲမြဲတဲ့နှလုံးသား+စိတ်ကူးစိတ်သန်း+ကျွမ်းကျင်မှု ) တို့လိုပါတယ်။ တစ်ခုခုချို့ယွင်းနေရင် အောင်မြင်မှုမဖြစ်နိုင်ပါ။
လူငယ်တိုင်းအောင်မြင်ပါစေဗျား...
ရွှေအိမ်စည်
သူငယ်ချင်းကော..ဘယ်လိုထင်မိလည်း...??

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform