စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday 23 May 2015

မော်ဒန်သဘောတရား

မော်ဒန်သဘောတရားဆိုတာ..?
▬▬▬▬▬▬▬▬▬▬▬▬
ABSTRACTION

လက်တင်ဘာသာစကားမှ ဆင်းသက်လာပြီး “ထုတ်နှုတ်ယူသည်” ဟု အဓိပ္ပါယ်ရသည်။ စာပေအရာတွင် အရာဝတ္ထုတို့၏ ရှိရင်းစွဲ အနက်မှ အချို့ဂုဏ်ရည်တို့ကို တင်စားဖော်ကြူးခြင်းဖြစ်သည်။ "Abstract Art" တို့၏ သီအိုရီကို ကိုယ်စားပြုသည်။



ALLUSION

လက်တင်ဘာသာစကားမှ သက်ဆင်း၍ “ကစားသည်၊ ရည်ညွှန်းသည်” ဟု မူလ အဓိပ္ပါယ်ရှိသည်။ စာပေအရာတွင် တိုက်ရိုက်မဖော်ပြပဲ တစ်ဆင့်ခံအသိ စကားအဖွဲ့၊ အလင်္ကာများကိုခေါ်သည်။ ထိုသို့ ကဗျာများကို "Allusive Poem"ဟုခေါ်သည်။



AMBIVALENCE

လက်တင်ဘာသာစကားမှ ဆင်းသက်၍ “နှစ်မျိုးလုံး ခိုင်မာသည်” ဟု အဓိပ္ပါယ်ရသည်။ အကြောင်းအရာတစ်ခုအတွက် ဖြစ်ပေါ်ခံစား ဆန့်ကျင်ဘက် စိတ်အခြေအနေများကို ခေါ်ဝေါ်သော စကားလုံးအဖြစ် စာပေအရာတွင် လူသိများသည်။“ဖရိုက်”၏ စိတ်ပညာ သီအိုရီအရ အချစ်၊ အမုန်း ပြိုင်တူယှဉ်တွဲ ခံစားမှုကို ခေါ်သည်။

(Love, Hate Ambivalency) သည်လည်း လူ့သဘာဝတွင် အရေးပါသည်။(ဆန့်ကျင်ပြိုင်တူသဘော)



ANCHRONISM

ဂရိစကားလုံး “Anakhronismos"မှ ဆင်းသက်လာပြီး “အချိန်ကာလ၊ နောက်သို့”ဟု မူလအဓိပ္ပါယ်ရသည်။ ကာလလွဲချော်တင်ပြခြင်းဖြစ်သည်။ စာပေအရာတွင်"Anchronism"များပင်ဖြစ်သည်။

ဥပမာ-ရှိတ်စပီးယား၏ ဂျူးလီယက်ဆီဇာပြဇာတ်တွင် “၃ နာရီထိုးပြီ”ဟူသော စကားလုံး၊ ဂျူးလီယက်ဆီဇာခေတ်တွင် နာရီမပေါ်သေးပေ။ အခြေအနေနှင့် အချိန်အခါကို အံလွဲတင်ပြမှု၊“ဘားနတ်ရှော၊ မက်တွိန်း” စသူတို့ အသုံးများသည်။



APOLLONION

ဂန္တဝင်ဝါဒ "Classicism"နှင့် နီးစပ်နှီးနွယ်သော စာပေသဘောတရားဖြစ်သည်။ ဂရိနတ်ဘုရား"Apollo" အမည်ကို အစွဲပြု၍ ဤစကားလုံးဖြစ်ပေါ်လာခြင်းဖြစ်သည်။ ယဉ်ကျေးခြင်း၊ ဆင်ခြင်နည်းလမ်းကျခြင်းစသော သဘောလက္ခဏာဆောင်သည်။



BLANK VERSE

ပြင်သစ်စကားလုံး "Blanc"မှ ဆင်းသက်လာပြီး မူရင်းအဓိပ္ပါယ်မှာ “အဖြူ” ဖြစ်၍ မည်သို့သော ဖြည့်စွက်ချက်ကိုမှ မပြုဘဲ အဖြူထည်အတိုင်း ထားသည်ဟူသော သဘောကိုဆောင်သည်။ "Blank Verse" ဆိုသည်မှာ ကာရံမဲ့ကဗျာကို ဆိုလိုသည်။ဖိသံ၊ ဖော့သံများ အားထားပြီး ရှိတ်စပီးယားပြဇာတ်များနှင့် မီလ်တန်၏ မဟာကဗျာများတွင် တွေ့ရသည်။



CATACHRESIS

ဂရိဘာသာစကားမှ ဆင်းသက်လာပြီး “စကားလုံးလွှဲသုံးခြင်း” ဟု အဓိပ္ပါယ်ရသည်။ လှပသော အလင်္ကာများစွာကို ဖြစ်ပေါ်စေသည့် နည်းစနစ်တစ်ရပ်ဖြစ်သည်။ ရေးသင့်သည်ဟု လူသိများသောစကားလုံးအတိုင်းမရေးဘဲ ထိုအဓိပ္ပါယ်ကိုပင် အခြားစကားလုံးသုံး၍ ထိုးဖောက်ရေးသားခြင်းဖြစ်သည်။



DIONYSIAN

ဂရိလူမျိုးများ ကိုးကွယ်သော ဝိုင်နတ်ဘုရာ၏ အမည်ကို အစွဲပြု၍ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဇာတိစိတ်၊ ဗီဇအမူအကျင့် (အရိုင်းသဘာဝ) ကို ကိုယ်စားပြုသည်။ ဂန္တဝင်ဝါဒသဘောကိုဆောင်သည့် "Apollonion" နှင့် ဆန့်ကျင်ဘက် အနုပညာအရာတွင် မော်ဒန်သဘောဆောင်သည်ဟု ယူဆဖွယ်ရာဖြစ်သည်။



FREE VERSE

လွတ်လပ်သော ကာရံစနစ်ဖြင့်ရေးသော အမျိုးအစားဖြစ်၍ "Verse Libre"ဟုလည်း ရေးလေ့ရှိသည်။ ၁၉ ရာစုနောက်ပိုင်း ပြင်သစ်နှင့် အခြားနိုင်ငံများတွင် သင်္ကေတဝါဒီများက ခေတ်စားအောင် အသုံးပြုလာနိုင်ကြသည်။ အင်္ဂလန်တွင် "Walt Whitman" သည် လွတ်လပ်ကာရံကဗျာနှင့် ပတ်သက်၍ ထင်ရှားသည်။



WORD COMBINATION

စာပေအနုပညာတွင် အရေးပါလှသည့် “စကားလုံး အတွဲအဆက်” ကို ဆိုလိုသည်။ ဝေဖန်ရေးဝါဒီများ၏ စကားလုံးစိစစ်မှု ပုံသဏ္ဍာန် ငါးမျိုးအနက် တစ်မျိုးဖြစ်သည်။ "Word Combination" သည် ဝေဖန်ရေးဆရာများ ပြညွှန်းသော စံနမှုနာများပင်ဖြစ်သည်။~~~~~~~~~~။



တာရာမင်းဝေ


0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform