စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 3 May 2015

ကမ္ဘာ့အရှည်ဆုံးကား

ကမ္ဘာ့အရှည်ဆုံးကား
▬▬▬▬▬▬▬
ပုံမှာ မြင်တွေ့နေရတာကတော့ ကမ္ဘာ့အရှည်ဆုံးကား ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်က ကားဒီဇိုင်နာ Jay Ohrberg မှ ဖန်တီးလိုက်တာ ဖြစ်ပါတယ်။
အရှည်ပေ ၁၀၀ ရှိပြီး ၂၆ဘီး ပါရှိတဲ့ကား ဖြစ်ပါတယ်။ Ford Motor ကုမ္မဏီက ထုတ်လုပ်တဲ့ Limousine ကားကိုမှာ သူ့စိတ်ကြိုက် ပြန်ရှည် ထားတာ ဖြစ်ပါတယ်။ Limousine က Stretch လုပ်ထားတဲ့ ကားတောင် သူ့ကားလောက် မရှည်ပါဘူး။ ကမ္ဘာ့အရှည်ဆုံး Limousine ကားလို့လည်း စံချိန်တင် ရပါတယ်။ ဂင်းနစ် မှတ်တမ်းစာအုပ်ထဲမှာလည်း ကမ္ဘာ့အရှည်ဆုံး ကား အဖြစ် စံချိန်တင် ထားပါတယ်။
ဒီတော့ ကား ဒရိုင်ဘာခန်းက မီးရထားတွေလိုပဲ အရှေ့ မှာ တစ်ခန်း၊ အနောက်မှာ တစ်ခန်း ပါရှိပါတယ်။ အကွေ့တွေမှာ အခက်အခဲ ဖြစ်နိုင်တဲ့ အတွက် အလယ်မှာ ခါးချိုးနိုင်ပါတယ်။ ပေ ၁၀၀ ရှည်တဲ့ကားကို ခါးမချိုး ပဲ မြို့ ထဲလမ်းတွေမှာ မောင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ပေ ၅၀ အဆင်ပြေ ဖို့တောင် သတိထား မောင်းနှင်ရမှာ ဖြစ်ပါတယ်။
အတွင်းမှာ ရေကူးကန်၊ ဧည့်ခန်း၊ တီဗီကြည့်ရှုခန်း၊ အပန်းဖြေနားနေခန်း၊ အမိုးဖွင့် အပေါ်ကြည့် ခန်း၊ အိပ်ခန်း အစရှိသဖြင့် ပေ ၁၀၀ထဲမှာ သူ့စိတ်ကြိုက် ဖန်တီးထားပါတယ်။ ကမ္ဘာ့အရှည်ဆုံးကား ဖြစ်လာဖို့ ကုမ္မဏီ အမျိုးမျိုးက ကြိုးစားပေမယ့် ယခု သူ့ကား အရှည်ကို လိုက်မမှီသေး ပါဘူး။
ရုပ်ရှင်တွေထဲမှာ အသုံးပြုဖို့အတွက် ငှားစားပါတယ်။ ပြီးတော့ ပါတီပွဲ၊ ပျော်ပွဲ ရွှင်ပွဲတွေအတွက် ငှားရမ်းသူများလည်း ရှိတဲ့အတွက် Jay ရဲ့  ပေ ၁၀၀ ကား က ကမ္ဘာတစ်လွှား လူသိများ ကားတစ်စီး ဖြစ်လာပါတယ်။
--
Ref: masefact

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform