စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 18 May 2015

အောက်ချင်းငှက် သစ္စာအကြောင်းသင်သိသလား..?

အောက်ချင်းငှက် သစ္စာအကြောင်းသင်သိသလား..?
▬▬▬▬▬▬▬▬▬▬▬▬▬▬
သစ္စာ .... စကားလုံးလေးက နှစ်လုံးတည်းရယ် ... ဒါပေမယ့် အဓိပ္ပာယ်က ကျယ်ပြန့်နက်ရှိုင်း လွန်းလှပါတယ် ... ရာဇ၀င်တွင်လောက်တဲ့ သစ္စာတရားကြီးမားသူတို့အကြောင်းနဲ့ သစ္စာမဲ့ ဖောက်ပြန်တတ်သူတို့အကြောင်းကို ကြားဖူးကြမှာပါ ... ... သစ္စာတရားအကြောင်းကို အများကြီး တော့ အဓိပ္ပာယ်ဖွင့်ဆိုပြီး မပြောပြတတ်ပါဘူး ... သူငယ်ချင်းအပေါ်ထားတဲ့ သစ္စာ ... ချစ်သူအပေါ်ထားတဲ့ သစ္စာ .. မိသားစုအပေါ်ထားတဲ့ သစ္စာ ... ဇနီးခင်ပွန်းအပေါ်ထားတဲ့ သစ္စာ ... လူမျိုးအပေါ်ထားတဲ့ သစ္စာ ... နိုင်ငံတော်အပေါ်ထားတဲ့ သစ္စာ ဆိုပြီး အမျိုးမျိုး ရှိမှာပါ ..။
အောက်ချင်းငှက်ကို အရင်ကတော့ ချင်းလူမျိုးအများစုနေထိုင်ရာ ချင်းတောင်တန်းတွေပေါ်မှာ အများဆုံး မြင်တွေ့ နိုင်ပါတယ် ... အဲဒီ အောက်ချင်းငှက်တွေဟာ တစ်ကောင်တည်းရှိနေတတ်တာ နည်းပါတယ် ... အဖို၊ အမ မောင်နှံစုံတွဲ ရှိနေတတ်တာ များပါတယ် ... သူတို့ထဲက တစ်ကောင်ကောင်ဟာ ရန်သူလက်ချက်ကြောင့်ဖြစ်စေ ၊ သဘာဝရာသီဥတုဒဏ်ကြောင့်ဖြစ်စေ မတော်တဆ သေဆုံး သွားခဲ့ရင် ကျန်တဲ့တစ်ကောင်ဟာ သေဆုံးသူအနားကနေ လုံးဝမခွာတော့ပါဘူ ...

ခေတ်စ ကားနဲ့ ပြောရရင် အတွဲသစ်လုံးဝမရှာတော့ပါဘူး ... သေဆုံးသူနားမှာ ပူဆွေးသောကရောက် နှလုံးကွဲကြေပြီး လိုက်သေကြပါတယ် ... ဒါကြောင့် ချင်းလူမျိုးတွေဟာ အောက်ချင်းငှက်နဲ့ တောင်ဇလပ် ပွင့်တွေကို ချင်းလူမျိုးတို့ရဲ့ သင်္ကေတအဖြစ် အသုံးပြုကြတာများပါတယ် ... ဘာလို့လည်းဆိုတော့ အောက်ချင်းငှက်ဟာ သစ္စာတရားကြီးမားတာကို ဖော်ညွှန်းတာဖြစ်ပြီး တောင်ဇလပ်ပွင့် တွေကတော့ ရဲရင့်ရိုးသားခြင်းကို ဖော်ညွှန်းနေလို့ပါပဲ .။
တစ်ပါးသူတွေရဲ့ သစ္စာမဲ့ခြင်းမှလည်း ကင်းဝေးရသောသူ ဖြစ်ပါစေလို့ .
အောက်ချင်းငှက် သစ္စာ
▬▬▬▬▬▬▬
သိပါရဲ့လား
အောက်ချင်းငှက် ပုံပြင် လေးကို
ကြားဖူးရဲ့လား
သူတို့ ဇာတ်လမ်း လေးကို
အောက်ချင်းငှက်တို့ဆိုတာ
တစ်ကောင်သေရင်ကျန်တစ်ကောင်မှာ
အဖော်မွန်သစ်မဖွေရှာဘဲ
သစ္စာတရားကြီးမားလှစွာ
သေဆုံးသူနား တစ်ဖ၀ါးမခွာဘဲ
ပူဆွေးသောကရောက်
နှလုံးကွဲကြေလျက်
သေပွဲဝင်ရရှာသတဲ့
ကိုယ်နဲ့မင်းလည်း
အောက်ချင်းငှက်တို့သစ္စာ
ပုံပမာထားလို့
တစ်ဦးအပေါ်တစ်ဦး
ဖောက်ပြန်ခြင်းကင်းတဲ့
သစ္စာတရားမျိုးနဲ့
တွဲလက်တွေ မဖြုတ်စတမ်း
ကမ္ဘာကုန်တည်နေသရွေ့
သစ္စာထားကြပါစို့လား
ရွှေအိမ်စည် ( Ref;....ဌက်တို့ ဓလေ့ မှသင့်သလို ..ကျနော်ပွားသည်)

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform