စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Tuesday 19 May 2015

မူပိုင်ခွင့်ဆိုတာဘာလဲ.? သူကသူ ကိုယ်ကကိုယ်

မူပိုင်ခွင့်ဆိုတာဘာလဲ.? သူကသူ ကိုယ်ကကိုယ်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
အွန်လိုင်းကနေရတဲ့ စာတစ်ခုကနေ တစ်အုပ်ကနေ စာပိုဒ်တစ်ပိုဒ်ကို ဖြစ်စေ အားလုံးဖြစ်စေ ထပ်တူ ကူးယူတင်ပြ ပြီး သက်ဆိုင်ရာ မူရင်းစာရေးသူကို ရည်ညွှန်းခြင်းမပြုဘူး ဒီကနေ ကိုးကားပါတယ်လို့ မပြဘူးဆိုရင် ဒါဟာ မူပိုင်ခွင့် ချိုးဖောက်ရာရောက်နေပြီ ဒီလောက်တင်ပဲလား ဆို မဟုတ်သေးဘူးဗျ ကျနော် အနေနဲ့ စာအုပ် တစ်အုပ် နည်းပညာ ဆိုင်ရာ တစ်ခုခု ကို ဘာသာပြန်မယ်ဆိုရင်တောင်ပဲ မူရင်း ထုတ်ဖော် ရေးသားတင်ပြသူဆီက ခွင့်ပြုချက်ကို တောင်းခံရပါတယ် ခွင့်ပြုချက်ကို တရားဝင်ရမှပဲ မူပိုင်ခွင့် နဲ့ ပက်သက်တာတွေ အကုန်ကင်းလွတ်မှာပါ အခု ကျနော်တို့  အွန်လိုင်းမှာ တွေ့နေရပါတယ် တော်တော် အရုပ်ဆိုးတာမျိုးပါ ။ဒါမျိုးက  မြန်မာပြည်က နာမည်ကြီး စာရေးဆရာတွေအတွက်အလေးထားရမှာပါ။

 မြန်မာနိုင်ငံမှာ မူပိုင်ခွင့် ဥပဒေဆိုတာ ကို ပြဌာန်း ထားခဲ့တာပါ ၁၉၁၄ ခုနှစ် မူပိုင်ခွင့် အက်ဥပဒေ ပါ ဒါက ဘယ်ကနေ ဆင်းသက်လာသလဲဆိုရင် ဗြီတိန် နိုင်ငံမှာ ၁၉၁၁ ခုနှစ်က ပြဌာန်းခဲ့တဲ့ မူပိုင်ခွင့် ဥပဒေကို အခြေခံပြီးရေးဆွဲလိုက်တာပါ
အဲဒီ ဥပဒေပုဒ်မ ၁ (၂) မှာ မူပိုင်အခွင့်အရေး ဆိုတာကို အနက်ဖွင့်ထားတာက
သုခုမ အနုပညာနှင့် စာပေဆိုင်ရာ ဖန်တီးသော လုပ်ငန်းတစ်ခုကို ထုတ်လုပ်မှု အဆင့်ဆင့် ကူးယူမှု ခင်းကျင်းကပြမှု တဆင့်ဟောပြောမှု စတဲ့ အခွင့်အရေး ဟူသမျှသည် အရင်းမူလ တီထွင်ဖန်တီးသူထံတွင်သာ တည်ရှိစေရမည်ဟု ဆိုထားပါတယ် ။

ဖေ့ ဘုတ်မှာပေါ့....ခိုးကူးတွေ တွေ့ ရင်...သိပ်တော့မပြောရဲဘူးဗျ....အရင်ဘ၀ကဘဲ တရားသဘောအရဆို...ကိုယ်ကသူခိုးဖြစ်သလိုလို...ဆိုတော့လေ..:P

ကျနော်ကတော့ ခိုးကူးတွေ တွေ့ ရင်.... ရီချင်တာရယ်....ဘဲသိတယ်..မတူတာကိုလာလာတုနေတယ်ဗျာ.....၊ တုနေတဲ့ စာဖတ်ရတာလည်း.. အရသာမရှိလို့ ယောင်လို့ အလေးမထားဘူး...။ သူကသူကိုယ်ကကိုယ်...တူမှမတူတာ... အဲ့ သလို  စာပေါင်းစုတွေ ကော်ပီတွေတွေ့ ရင်တော့ ဒီကဗျာနဲ့ သူငယ်ချင်း
Aung Kaung Wai ရေးတာနဲ့ ဘဲဂုဏ်ပြုလိုက်မယ်....

# လူတောင်သေရသေးတာဘဲ
ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့
ကဗျာ တစ်ပုဒ်၊ စာတစ်ပုဒ် ကို အခြားသူတစ်ယောက်
ကော်ပီကူး တာလောက်ကတော့ ........အဲ........
ဂေါ်ဖီ တစ်ထုတ်က မှ ချက်စား လို့ရသေးတယ်.....
မာန်မတက်စမ်းပါနဲ့
Toilet ထဲရောက် တော့ လှန်တက် နေကြသူကြည့်ဘဲ (ချွတ်တက်ရင်လည်းရတာဘဲ) ဟောင် တိုင်းသာ
ထကြည့်နေမယ်ဆို
အိပ်မက်တွေ ပျက်ကုန်မှာပေါ့ .....
...
ငါ သိတယ်ဆိုတာ ကမ္ဘာကြီးနဲ့ ယှဉ် လိုက်စမ်းပါ ......စဉ်းစားပေါ့ တွေးတောပါ
.......ဆိုက်ကားသမားက
ဆိုက်ကားပေါ် မှာ ဆ ရာကျ သလို ....ဆရာဝန် ဆေးထိုးအပ်ကိုင်တဲ့နေရာ မှာ အထာကျ တယ်....
သူ့နေရာသူပါ ......
ကျွန်တော် သိသလောက်ရေးတာပါ .....
အထင်ကြီးအောင်မပြောတက်ပါဘူး ........
ကဲ ဒါ ဘဲ နော်....
ဇာတိက .....မြို့ မဟုတ်တဲ့.......တောဖက်က ဘဲ..


ရွှေအိမ်စည်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform