စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday 23 May 2015

ကဗျာ

ကဗျာဆိုတာဘာလဲ...?
▬▬▬▬▬▬▬▬▬▬
မြန်မာကဗျာဟာ မြန်မာ့ယဉ်ကျေးမှုရဲ့ အမွေအနှစ်ပဲ။ ကဗျာပျောက်ရင် လူမျိုးပါ ပျောက်နိုင်တယ်။

(ဆရာဇေယျ)


ရိုးရိုးစကားဖြင့် အကြိမ်တစ်ရာ ပြောသော်လည်း သဘောမကျနိုင်သော အဓိပ္ပါယ်တစ်မျိုးကို၊ ကဗျာသည် တစ်ကြိမ်တည်း တစ်ပုဒ်တည်းဖြင့် သဘောကျ သွားစေနိုင်၏။



(လယ်တီဦးကောဝိဒ)





မွေ့လျှော်ခြင်း အမျိုးမျိုးအနက် ကဗျာ၌ မွေ့လျှော်ခြင်းသည် အဆင့်အတန်းမြင့်၏ ။ ကဗျာ၏အလှ ကဗျာ၏ အရသာကို ခံစားမွေ့လျှော်တတ်လျှင် ဘဝ၏ တန်ဖိုးကို အကျိုးရှိရှိ အသုံးချရာရောက်၏။



(ကဗျာဆရာတင်မိုး)





နရီမိတ်ပုံတို့ဖြင့် ကောင်းသောအတွေး၊ ကောင်းသောအတွေ့တို့ကို ဖော်ကျူးသော စကားအဖွဲ့အစည်းသည် ကဗျာဖြစ်သည်။



(ဆရာမြဇင်)





ဇာတ်လမ်းတစ်ပုဒ်ကို ရေးဖို့ကြိုးစားတဲ့အခါ၊ ဝတ္ထုတစ်ပုဒ်ထက် ကဗျာ တစ်ပုဒ် ဖြစ်အောင် ကြိုးစားရပါတယ်တဲ့



ရှင်ဂျောင်းဆု

ကိုရီးယားဝတ္ထုစာရေးဆရာမ



ကဗျာဆိုတာ ဝမ်းနည်းကြေကွဲမှုရဲ့ချစ်သူ

မျက်ရည်ပေါက်တိုင်းဟာ ကဗျာတစ်ပုဒ်စီ

နှလုံးသားတိုင်းဟာလည်းကဗျာတစ်ပုဒ်စီ

ငိုကြွေးနေတဲ့လူသားတိုင်းဟာလည်း စာဆိုတစ်ဦးစီ

(၁၈ ရာစုစာဆို အန်(င်)ဒရေး)



လက်ထိတ်နှင့်လက်ကောက်။

လူညံ့ကဗျာဆရာများအဖို့ ကာရန်သည် လက်ထိတ်။

လူတော်ကဗျာဆရာများအဖို့ ကာရန်သည် လက်ကောက်။

(ဆာဝေါလ်တာ စကော့)

ကဗျာဟူသည် အစီအစဉ် အထားအသို အကောင်းဆုံး ရေးဖွဲ့ထားသော အကောင်းဆုံး စကားလုံးများဖြစ်သည်။

(ဆင်မြူရယ်တေလာကိုလာရစ်ခ်ျ)

“ကဗျာဆိုတာ တင်းကြပ်တဲ့

လူ့အဖွဲ့အစည်း ထုံးတမ်းဓလေ့တွေထဲက

ခဏထွက်ပြေးတာပါ”

                                         သူရနီ

နရီမိတ်ပုံတို့ဖြင့် ကောင်းသောအတွေး၊ ကောင်းသောအတွေ့တို့ကို ဖော်ကျူးသော စကားအဖွဲ့အစည်းသည် ကဗျာဖြစ်သည်။



(ဆရာမြဇင်)


0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform