စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 3 May 2015

ဆေးလိပ်သောက်တတ်သူများ နံနက်စောစော မသောက်သင့်


ဆေးလိပ်သောက်တတ်သူများ နံနက်စောစော မသောက်သင့်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေသည် ဆိုခြင်းမှာ လူတိုင်းသိရှိ နားလည်ကြပြီး လက်ခံထားကြသည်။
ဆေးလိပ်ကို မသောက်ရ မနေနိုင်၍ ဆေးလိပ် သောက်ပါက နံနက်စောစော ဆေး လိပ်သောက်ခြင်းမှာ ပို၍အန္တရာယ် ရှိသည်ဟု ဆိုပါသည်။
ဆေးလိပ်၊ စီးကရက်ကြိုက်တတ် သူများသည် အိပ်ရာမှ နိုးလျှင်ပင် မီးခြစ်နှင့် ဆေးလိပ်ကို ဦးစွာရှာတတ်လေ့ ရှိကြသည်။ နံနက်ပိုင်းသောက်သော ပထမဆေးလိပ်(စီးကရက်)တစ်လိပ်သည် အဆုတ်၊ ဦးခေါင်းနှင့် လည်ပင်းတို့၌ ကင်ဆာဖြစ်ရန် အန္တရာယ်အမြင့်မားဆုံး ဖြစ်သည်ဟု အမေရိကန် သုတေသနပညာရှင်များ ကပြောကြားလိုက်သည်။
The Pennsylvania State College of Medicine မှ JoshuaMusCat က စီးကရက် မှန်မှန်သောက်တတ် သူများထဲမှ အဆုတ်ကင်ဆာ ရောဂါလူနာ ၄၇၇၅ ဦးနှင့် အဆုတ် ကင်ဆာမရှိသော လူနာ၂၈၃၆ ဦးတို့ကို နှိုင်းယှဉ်လေ့လာ သုံးသပ်ကြည့်ခဲ့ ကြသည်။
အိပ်ရာမှထပြီး မိနစ် ၃၀နှင့် ၆၀ကြားတွင် ဆေးလိပ်၊ စီးကရက် သောက်သူများသည် မိနစ်၆၀ကြာပြီးမှ သောက်သူများထက် အဆုတ် ကင်ဆာဖြစ်မှု၌ ၁ ဒသမ ၃၁ဆပိုသည်။
အိပ်ရာမှ ထပြီး မိနစ်၃၀ အတွင်း ဆေးလိပ်သောက်သူဖြစ်ပါက အဆုတ်ကင်ဆာဖြစ်မှု၌ ၁ဒသမ၇၉ဆ အန္တရာယ်ပိုကြောင်း တွေ့ရသည်။
ယခုတွေ့ရှိချက်အရ အိပ်ရာထပြီး အနည်းဆုံး မိနစ် ၆၀ ကျော်ပြီးမှသာ ဆေးလိပ်၊ စီးကရက်သောက် ခြင်းသည် အန္တရာယ်နည်းသည်ဆိုသည့် အချက်ကို ဆေးလိပ်ကြိုက်သူများ ဗဟုသုတအဖြစ် သိထားကြ စေလိုပါသည်။
ရွှေအိမ်စည်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform