စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 3 May 2015

စာနာတတ်သူ (နှလုံးသားအာဟာရ)

စာနာတတ်သူ (နှလုံးသားအာဟာရ)
▬▬▬▬▬▬▬▬▬
စတိုးဆိုင်ပိုင်ရှင်တစ်ယောက်ကဆိုင်တံခါးဝမှာ ဆိုင်းဘုတ်အသစ်တစ်ခုထပ်ချိတ်သည်။ `
ခွေးပေါက်ကလေးများ ရောင်းရန်ရှိသည်´ တဲ့။ သည်ကြော်ငြာမျိုးကို ကလေးတွေ အလွန်စိတ်
ဝင်စားသည်။ သူတို့က ခွေးချစ်တတ်သူများ မဟုတ်လား ။ ခဏအကြာမှာပင် ကလေးတစ်ယောက်
ဆိုင်ပေါက်ဝသို့ ရောက်လာသည် ။
`ခွေးလေးတစ်ကောင် ဘယ်လောက်ရောင်းသလဲခင်ဗျ´
သူကမေးသည် ။ `ဒေါ်လာ ၃၀ က ၅၀ အထိဈေးအစားစားရှိတယ် ´လို့ဆိုင်ရှင်ကဖြေသည် ။
ကောင်လေးက သူ့အိတ်ထဲမှာရှိသည့် ပိုက်ဆံ အကြွေတွေနှိုက်ထုတ်လိုက်သည် ။
`ကျွန်တော့်မှာ ၂
ဒေါ်လာနဲ့ ၃၇ ဆင့် ရှိပါတယ်၊ ခွေးလေးတွေ ကျွန်တော်ကြည့်လို့ ရမလားခင်ဗျ ` ဆိုင်ရှင်က ပြုံးသည်။
ထို့နောက် ခွေးအိမ်ထဲမှာ ရှိနေသည့် ခွေးမကြီးကို လေချွန်ပြီးခေါ်လိုက်သည် ။
ခွေးမကြီးဆိုင်ခန်းထဲပြေး
ဝင်လာတော့ သူ့နောက်က ခွေးပေါက်ကလေးငါးကောင် တန်းစီရ်ျ လိုက်ပါလာသည် ။
ပိစိကွေးလေးတွေ၊ အမွေးက သိပ်ရှည်တော့ တစ်ကိုယ်လုံး အမွှေးတွေဖုံးကာ လုံးနေသည် ။
အဲသည်ထဲမှတစ်ကောင်က ဟိုးနောက်မှာ ပြတ်ကျန်ခဲ့သည်။ သူက ထော့တီးထော့နဲ့နှင့်
လမ်းမလျှောက်တတ်သလို ။
ကောင်လေးက သည်ဟာလေးမြင်တော့ ချက်ချင်းစိတ်ဝင်စားသွားသည် ။
`ဒီခွေးလေးက ဘာဖြစ်တာလဲဟင်´
ခွေးလေးမှာ မွေးကတည်းက တင်ပါးဆုံ အရိုးခွက်ပါမလာသဖြင့်
တစ်သက်လုံး ခြေထော့နဲ့ ဖြစ်နေမည်ဟု တိရစäာန်ဆေးကု ဆရာဝန်က ပြောဆိုသည့်အကြောင်း
ဆိုင်ရှင်က ရှင်းပြသည် ။ ကောင်လေးက ပိုရ်ျ စိတ်ဝင်စားသွားသည်။
`ဒီခွေးလေး ကျွန်တော်
ဝယ်ချင်တယ်ဗျာ´ သူကဆိုသည်။
`ဟာ…မ၀ယ်ပါနဲ့ကွ၊ မင်းတကယ်လိုချင်ရင် ငါ ပေးပါ့မယ်´
သည်စကားကြားတော့ ကောင်လေးမျက်နှာပျက်သွားသည်။ သူကမကျေနပ်သည့် အမူအရာမျိုးနှင့်
ဆိုင်ရှင်ကြီးကိုမော့ကြည့်ပြီး ပြန်ပြောသည်။
`အလကားပေတာ ကျွန်တော်မလိုချင်ဘူး ခင်ဗျ၊
ဒီခွေးလေးလဲ ကျန်တဲ့ခွေးတွေနဲ့ တန်းတူ တန်ဖိုးရှိတာပဲ၊ တစ်ပြားသားမှ မလျှော့ပါဘူှး ၊ ကျွန်တော်
တန်ဖိုးအပြည့်ပဲပေးမယ်၊ ဒါပေမဲ့ ကျွန်တော့်မှာ လောလောဆယ် ၂ ဒေါ်လာနဲ့ ၃၇ ဆင့်ပဲပါတယ်၊ အခု
အဲဒါယူထားပါ၊ နောက်ကို တစ်လ ဆင့် ၅၀ စီ ကျေတဲ့အထိ ကျွန်တော်ဆက်ပေးပါ့မယ်´ သို့သော်
စတိုးဆိုင်ပိုင်ရှင်က အလျှော့မပေး။
`မ၀ယ်ပါနဲ့ ကလေးရ၊ နောက်ကျတော့ မင်းစိတ်ပျက်သွားလိမ့်မယ်၊
ဒီခွေးလေးက ပြေးနိုင်လွှားနိုင်မှာ မဟုတ်ဘူး၊ မင်းနဲ့ ခုန်ပေါက်ကစားနိုင်မှာ မဟုတ်ဘူး´
သည်အခါကျတော့မှ ကောင်လေးက ဆိုင်ရှင်ကြီးကိုမော့ကြည့်ကာ သူ့ဘောင်းဘီအောက်နားစကို လှန်ရ်ျ
ပြရင်း လေသံတိုးတိုးနှင့် ပြောသည်။
`ကျွန်တော်လဲကောင်းကောင်း မပြေးနိုင်ပါဘူးဗျာ၊ ပါပီလေးခမျာမှာ
သူ့ကို ကိုယ်ချင်းစာပေးမဲ့ လူတစ်ယောက်တော့ ရှိဖို့လိုမှာပေါ့´ တဲ့။
ကောင်လေး၏ဘယ်ခြေထောက်ကလေးက အတော်ဆိုးဆိုးဝါးဝါးပင် သိမ်နေ ကောက်နေကာ
လမ်းလျှောက်နိုင်ရန်အတွက် သတ်တုချုပ်တံများဖြင့် အားဖြည့်ပေးထားရလေသည်။ ။
(မူရင်း။ ။Dan Clark ၏ Puppies for Sale)
ဖေမြင့်( နှလုံးသားအာဟာရ ) မှကောက်နှုတ်သည်။
ရွှေအိမ်စည်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform