စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday 30 January 2014

ဒု-သ-န-သော

ဒု-သ-န-သော ကောသလမင်းကြီးသည် တစ်နေ့တွင် လင်ရှိမယားတစ်ယောက်ကို မတရားသော နည်းဖြင့်ရရန် ကြံစည်နေရာ ညသန်းခေါင်းယံထိ ရောက်သွားတော့သည်။ ညသန်းခေါင်းရောက်သည် နှင့် ဒု၊ သ၊ န၊ သော ဟူသော အသံကြီး လေးမျိုးကို ကြားရသဖြင့် တစ်ညလုံး အိပ်မပျော်နိုင်ဖြစ် ခဲ့ရပါသည်။ မိုးလင်းသောအခါမှ မလ္လိကာဒေ၀ီ၏ အကြံပေးမှုဖြင့် ဘုရားထံမှောက် အရောက်သွားကာ ညက အသံနက်ကြီးများ အကြောင်းကို မေးလျှောက်ပါသည်။ ထိုအခါ မြတ်ဗုဒ္ဓက- ဒီအသံနက်ကြီးလေးခုသည် အသင်မင်းကြီး၏ အသက်အန္တရာယ်အတွက်မဟုတ်၊ လူ့ဘ၀က ကာမေသုမိစ္ဆာစာရကံ ကျူးလွန်ကြသော သူဌေးသားလေးယောက် လောဟကုမ္ဘီငရဲအိုးသို့ ကျရောက်ရာ နှစ်ပေါင်းများစွာကြာမှ အိုးနှုတ်ခမ်းပေါ်သို့ ခေါင်းလေး တစ်ခါသာ ပေါ်နိုင်သည်။ ထိုသို့ ပေါ်ချိန်ကလေးတွင် မိမိတို့၏ မိုက်ပြစ်များ၊ လူ့ဘ၀တန်ဖိုးများကို ပြောဆိုကြရာ ဆုံးအောင်မပြောနိုင်ဘဲ တစ်ယောက်လျှင် စကားတစ်လုံးစီသာပြောဆိုပြီး ငရဲအိုးတွင် ပြန်၍နစ်ကြရသည်ဟု ရှင်းပြတော်မူပါသည်။ ၄င်းအသံလေးမျိုးတွင် သော ဟူသော စကားလုံး အဓိပ္ပါယ်သည်... ငါသည် ဤငရဲဘေးကြီးမှ လွတ်မြောက်၍ အလွန်ရခဲသော လူ့ဘ၀ကို ပြန်၍များရခဲ့လျှင် သူတော်ကောင်းများ၏ တရားကိုလည်း ကောင်းစွာ နာယူပါ့မယ်။ ငါးပါးသီလ၊ ရှစ်ပါးသီလကိုလည်း ပြည်စုံအောင် စောင့်ထိန်းပါတော့မယ်။ ကုသိုလ်တရားမှန်သမျှ အလုံးစုံကို ကြိုးစားအားထုတ်ပါတော့မည်ဟု..ဆိုခြင်းပင်ဖြစ်သည်။

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform