စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday 29 January 2014

အပြီးလုပ်မှ အလုပ်ပြီးသည်

အပြီးလုပ်မှ အလုပ်ပြီးသည်..ခဏတွေ့ခိုက် ခွင့်လွှတ်လိုက်…ချစ်တတ်ပါစေ မမုန်းလေနှင့် အပြီးလုပ်မှ အလုပ်ပြီးသည် ********************************************** အလုပ်တွေပြီးမှ တရာအားထုတ်မယ်ဆိုရင် အလုပ်က ဘယ်တော့ပြီးမှာလဲ။ အိမ်အလုပ်ဆိုသည်မှာ အိမ်ရှိနေသမျှ ရှုပ်နေဦးမှာပဲ။ ရုံးအလုပ်ဆိုသည်မှာ ရုံးရှိနေသမျှ ရှုပ်နေဦးမှာပဲ။ ကျောင်းအလုပ်ဆိုသည်မှာလည်း ကျောင်းရှိနေသမျှ ရှုပ်နေဦးမှာပဲ။ အပူဆိုသည်မှာ ဟောဒီ ခန္ဓာကြီး ရှိနေသမျှ ရှိနေဦးမှာပဲ။ အိမ်အလုပ် စတာတွေ ဦးစားပေးလို့ ဘယ်ဖြစ်မလဲ။ ခန္ဓာကိုယ်ကြီးက ကိုယ့်အတွက် ဘယ်တုန်းကများ အနားပေးဖူးပါသလဲ။ နာခြင်း သေခြင်းတွေ လက်ဦးသွားရင် တစ်ဘ၀ အလကား ဖြစ်သွားမှာပေါ့။ သံသရာမှာလည်း နည်းတူပဲ *********************************************** ဆုတ်ကပ်ကာလ လူ့ဘဝဟူသည် တကယ်ပင် ခဏလေးမျှသာဖြစ်ချေ၏။ ဆုတ်ကပ်ကာလ လူ့ဘ၀တွင် သားအမိ၊ သားအဖ၊ ညီအစ်ကို မောင်နှမ၊ ဆွေမျိုး မိတ်ဆွေ စသည်ဖြင့် ဘ၀တစ်ကွေ့ကလေးမှာ ခေတ္တခဏကလေး သာ တွေ့ဆုံခွင့်ရကြပေသည်။ ဤသို့ ဘ၀သံသရာတစ်ကွေ့ဝယ် ခေတ္တခဏသာ တွေ့ခိုက်မှာလည်း စင်ကြယ်မြင့်မြတ်သော စိတ်ထားဖြင့် ကိုယ့်ကြောင့်လည်း သူချမ်းသာအောင် သူ့ကြောင့်လည်း ကိုယ်ကုသိုလ်ရအောင် နေတတ်၊ ထိုင်တတ်၊ အသုံးချတတ် မှ လူ့ဘဝရကျိုးနပ်ပေမည်။ ခဏတွေ့ခိုက် ခွင့်လွှတ်လိုက် ========================================== ဘ၀တစ်ကွေ့ ခဏတွေ့ခိုက် မသိတတ်သူကို သိတတ်သူက ခွင့်လွှတ်ရမည်။ နားမလည်သူကို နားလည်သူက မေတ္တာရှေ့ထား ကူညီရမည်၊ လမ်းညွှန်ရမည်။ တစ်လုပ်ကျွေးဖူးသည့် သူ့ကျေးဇူးကို သိတတ်ရမည်။ တစ်ယောက်နှင့် တစ်ယောက် မကျေနပ်မှု အကြိတ်အခဲများကို ခန္တီမေတ္တာ ဖြင့်ဖြိုခွဲချေဖျက်ပစ်ရမည်။ ဘ၀တစ်ကွေ့မှာ ခဏတွေ့ရကျိုးနပ်အောင် နေထိုင် ကျင့်သုံးတတ်ပါစေ။ ချစ်တတ်ပါစေ မမုန်းလေနှင့် ********************************************* သက်ရှိ သက်မဲ့ အနှောက်အယှက် အခဲအဲဆိုတာ ကြောက်စရာ မုန်းစရာ မဟုတ်ပါဘူး၊ တကယ့် ကျေးဇူးတင်စရာတွေပါပဲ၊ ကိုယ့်စိတ်ဓါတ်ရင့်ကျက်မှု ရဲ့ အတိုင်းအတာကို သူတို့က သတ်မှတ်ပေးကြပါတယ်။ အနှောက်အယှက် အခက်အခဲတစ်ခုခုနဲ့တွေ့ရ ရင်ဆိုင်ရလို့ ကိုယ့်ဖက်က ဝူးဝါးဝူးဝါးဖြစ်နေသေး ရင် “အော် ငါ့စိတ်ဓါတ်ဟာ ဝူးဝါးဝူးဝါး အဆင့်မှာပဲ ရှိပါသေးလား” လို့ သူတို့ ကသတိပေးတာပဲ၊ တကယ်လို့ အဲဒီလိုမဖြစ်ဘဲ တည်ငြိမ်ရင့်ကျက်စွာ လက်ခံ လာနိုင်ရင်လည်း ” အော် ငါ့စိတ်ဓါတ်ဟာ ဒီလောက်တော့ မဖြုံတော့ဘူး ” လို့ ကိုယ့်စိတ်ဓါတ်အဆင့်ကို ဖော်ပြပေးတာပဲ။ ဒါကြောင့် သူတို့က မုန်းစရာ ကြောက်စရာမဟုတ်ဘူး ကျေးဇူးတင်စရာတွေပါပဲ။ ဆိုင်ခွင့်နဲ့ပိုင်ခွင့် ********************************************* တကယ်တော့ ဒီခန္ဓာကိုယ်ကြီးကို မိမိက ဆိုင်ခွင့်ရထားတာပါ၊ ပိုင်ခွင့်မရပါဘူး ပိုင်ခွင့်မရဘဲ ဆိုင်ခွင့်ကိုသာ ရထားတာဖြစ်လို့ ကိုယ်နဲ့ဆိုင်သလောက် နေ့စဉ် ပြုပြင်နေရပါတယ်။ ဘယ်လိုပင် ပြုပြင်ပါသော်လည်း ပိုင်တာမဟုတ်တော့ ပြုပြင်ရင်းနဲ့ပဲ ဖောက်ပြန်တတ်ပါတယ်။ အကြောင်းတရားတွေ မညီညွတ်တဲ့ အခါဆန့်ကျင်ဘက် အနေနဲ့ ဆန္ဒပြတတ်ပါတယ်။ အဲဒီအခါ အမြင်လွဲပြီး ၀မ်းမနဲမိအောင် ဆိုင်ခွင့်နဲ့ ပိုင်ခွင့်လေးကို အလေးအနက်ထားပြီး စဉ်းစားရပါမယ်။ စိတ်နောက်ကို လူမပါစေနဲ့ ********************************************* ဘဝသံသရာတစ်လျှောက်လုံး စိတ်နောက်ကို လူပါလို့ မောခဲ့ရတာတွေ များလှပြီ။ ဒီတော့ လူနောက်ကို စိတ်ကလေးပါအောင် ဆွဲနိုင်မှ ချမ်းသာရာ ရလိမ့်မယ်၊ ကိုယ့်နောက်ကို စိတ်ကလေးပါအောင်ဆွဲဖို့ ဆိုတာကလည်း သူတော်ကောင်းတရားကို မကြာမကြာ နာကြားပေးမှဖြစ်လိမ့်မယ်။ တရားနာ ရရင် ကိုယ်မသိသေးတာတွေ သိလာလိမ့်မယ်၊ ကိုယ်သိပြီးသားတွေ ဆိုရင်လည်း တရားသတိပေါ်လာလိမ့်မယ်၊ အဲဒါမှ ကိုယ့်စိတ်ကို ကိုယ်နိုင်အောင် ဆုံးမနိုင်လိမ့်မယ်။ ********************************************** ( တိပိဋက ယောဆရာတော် ) ၏ ဘ၀လမ်းညွှန် လက်ဆောင်မွန် စာအုပ်မှ ကောက်နုတ်ပူဇော်ပါသည်။ credit to: https://www.facebook.com/pages/%E1%80%B1%E1%80%91%E1%80%9B%E1%80%9D%E1%80%AB%E1%80%92-%E1%80%9B%E1%80%94%E1%80%B6%E1%82%94/563839556972998

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform