စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 26 January 2014

ကာမသုတ်

ကာမသုတ်

ဝတ္ထုကာမကို အလိုရှိသော သတ္တဝါအား ထိုဝတ္ထုကာမကို အလိုရှိတိုင်း အပြည့်အစုံရခဲ့မူ ယင်းသို့ အလိုရှိတိုင်း
 ရသောကြောင့် ဧကန် နှစ်သက် ဝမ်းမြောက်သော စိတ်ရှိ၏။

ကာမကိုအလိုရှိသည်ဖြစ်၍လိုလားတောင့်တမှုဖြစ်ပေါ်နေသောထိုသတ္တဝါအားထိုကာမတို့ဆုတ်ယုတ်ကုန်မူ
 မြားပစ်ခံရသူကဲ့သို့ ဖောက်ပြန်တော့၏။

မြွေ၏ဦးခေါင်းကိုမိမိ၏ခြေဖြင့်ရှောင်ဖယ်သွားသကဲ့သို့အကြင်သူသည်ကာမတို့ကိုရှာင်ဖယ်၏၊။သတိရှိသော ထိုသူသည် လောက၌ ဤကပ်ငြိမှု 'တဏှာ' ကို ကောင်းစွာ လွန်မြောက်နိုင်၏။

အကြင်သူသည်လယ်ယာမြေ အိမ်ရာရွှေ ၊ ငွေ ၊ နွား၊ မြင်း ၊ ကျွန် အမှုလုပ် မိန်းမဆွေမျိုးတို့နှင့် အခြား
ကာမဂုဏ်မျိုးတို့ကို တပ်မက်မော၏၊။ အားမရှိသော ကိလေသာတို့သည် ထိုပုဂ္ဂိုလ်ကို နှိပ်စက်ကုန်၏၊
ထိုထိုဘေးရန်တို့ နှိပ်စက် ခံရသောကြောင့် ရေသည် လှေကွဲသို့ မပြတ်ဝင်ဘိ သကဲ့သို့ ဆင်းရဲသည်
ထိုပုဂ္ဂိုလ်ကို မပြတ် လိုက်နေတော့၏။

ထို့ကြောင့် သတ္တဝါသည် သတိထားလျက် ကာမတို့ကို အခါခပ်သိမ်း ရှောင်ကြဉ်ရာ၏၊။
 လှေကို ရေပက်ထုတ်လျက် တစ်ဖက်ကမ်းသို့ လှော်ခတ်သွား သကဲ့သို့ ထိုကာမတို့ကို ပယ်ထုတ်၍
 သြဃလေးဖြာ သံသရာကို ကူးမြောက်ရာ၏။

ကိုးကား
၁ - ကာမသုတ်၊ အဋ္ဌကဝဂ်၊ သုတ္တန္တပိဋကတ်၊ ခုဒ္ဒကနိကာယ်။

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform