စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 26 January 2014

စိတ်ညစ်နေလား ….သူငယ်ချင်း

စိတ်ညစ်နေလား ….သူငယ်ချင်း

သူငယ်ချင်းရေ ,
မင်းစိတ်ညစ်နေတယ်ဆိုလို့ ငါစာရေးလိုက်ပါတယ် ။

လူတိုင်းမှာခံစားချက် အမှတ်တရဆိုတာတွေ ကိုယ်စီရှိတတ်ကြတယ် ။
မင်းမှာလည်းရှိမှာပဲ ။ မခံစားနဲ့လို့ မပြောချင်ပါဘူး ။ ဒါပေမယ့်
အလုပ်တာဝန် နဲ့ ဘ၀ရဲ့ဝတ္တရားတွေကိုမေ့လျော့ ပျက်ကွက်တဲ့အထိတော့
မဖြစ်စေချင်ဘူး ။
သတိရတာက ရပါ ။ သတိနည်းနည်းတော့ ထားစေချင်ပါတယ် ။

တစ်ချို့တွေက အရက်သောက်ပြီးဖြေရှင်းကြတယ်၊တစ်ချိုကတော့
ဆေးလိပ်သောက်ပြီးဖြေရှင်းကြတယ်
။မူးယစ်ထုံထိုင်းစေတတ်တဲ့ဆေးဝါးတစ်ချို့မှီဝဲတာလည်းပါတယ်။


တစ်ချို့ ကတော့သူငယ်ချင်းတွေနဲ့အပြင်ကိုလျှောက်သွားကြတယ်၊တစ်ချိုကတော့
သီချင်းနားထောင်တာတို့ ၊ အသံအရမ်းဆူညံပြီး ပေါက်ကွဲလွယ်တဲ့သီချင်းတွေကို
ဆိုပစ်လိုက်တာတို့ လုပ်တတ်ကြတယ် ၊တစ်ချိုကတော့ ပန်းချီဆွဲတယ်
၊ကဗျာရေးတယ်၊၀တ္တုရေးပြီးခံစားချက်ကို ဖေါက်ခွဲတတ်ကြပါတယ်။
ဘယ်လိုပဲ အနုနည်း အကြမ်းနည်းတွေနဲ့ ကုစားကုစား စိတ်ထဲက ဒဏ်ရာ ဒါမှမဟုတ်
အမှတ်ရစရာလေးတွေကတော့ အမြစ်ပြတ်သွားမှာမဟုတ်ပါဘူး ။ဒါလေးတွေလုပ်နေတုန်းခဏ
တော့ မေ့သွားသလိုလိုရှိတယ်။နောက်တော့ပြန်သတိရလာတာပဲလေ ။ခဏပဲသက်သာတော့
နောက်ပြန်ပြီးတစ်ခါလုပ်ရပြန်တာပေါ့ ။


တစ်ချို့က တိုင်ပင်ဖေါ်သူငယ်ချင်းမိတ်ဆွေထားပြီးရင်ဖွင့်တတ်ကြသေးတယ် …
ဒါလဲ မကောင်းသေးဘူး ….
သူက ကိုယ်အနားမှာဘယ်လောက်ရှိပေးနေနိုင်မှာလည်း… သူမရှိတဲ့အချိန်
ကိုယ်တစ်ယောက်တည်းနေရတဲ့အချိန်တွေမှာ ဘာလုပ်ရမလဲ…. စဉ်းစားပါနော်…..
တကယ်တမ်းကိုယ်နဲ့ အမြဲရှိနေနိုင်တာက ကိုယ့်စိတ်ပဲရှိတယ်…။

…..တကယ်တမ်းဖြစ်လာတော့ ကိုယ့်ကိုယ်ကိုပဲအားကိုကြရတာပါ .. ဘယ်သူမှ
လာလုပ်ပေးနိုင်တာမဟုတ်ပါဘူး ။


ဒီတော့ ကိုယ့်စိတ်လေးချမ်းသာဖို့ကို ကိုယ့်အားကိုယ်မကိုးပဲ
သူများအားကိုးတယ် ဆိုတာ…ကိုယ့်ဘ၀ကို
သူ့လက်ထဲပေးလိုက်သလိုဖြစ်နေမှာပေါ့….
ငါ့ဘ၀ကတော့ နင်မရှိရင်သွားပါပြီဟာ………နင်ရှိမှဖြစ်မှာ…အဲဒီလိုမျိုးဖြစ်သွားမှာပေါ့..
ကိုယ့်ကိုကူညီပါ့မယ်ဆိုတဲ့လူကိုယ်တိုင်က အဲဒီလိုခံစားချက်တွေ
မကင်းသေးတဲ့လူ ဖြစ်နေမှာအမှန်ပဲ သှူု့ဒုက္ခနဲ့သူရှိနေတဲ့လူက သူတပါးကိစ္စကို
အပြည့်အ၀ကူညီပေးနိင်မှာမဟုတ်ဘူး ။
အပေါ်ယံလောက်ပဲရမယ် … နွံအိုင်ထဲမှာနစ်နေတဲ့သူအချင်းချင်း နင့်ကိုငါ
ကယ့်ပါ့မယ်ပြောနေသလိုပါပဲ …


ဒီတော့ ကိုယ်အားကိုယ်ကိုးရမယ်ဆိုတာထင်ရှားနေပြီနော်….
စိတ်ချမ်းသာဖို့အရေးကိုအချိန်ဆွဲချင် သေးလား…. ရင်ဝ ကိုမြားမှန်တာကို
ဘယ်သူပစ်လဲ အရင်ရှာရမှာလား …? မြားဒဏ်ရာကို ဆေးကုမှာလာ ……?
သေချာစဉ်းစားနော်…….. စိတ်ချမ်းသာမယ့်အချိန်ဆိုတာ အခုပါ………..
မနက်ဖြန်မှ မဟုတ်ဘူး ..
နောက်နေ့မှမဟုတ်ဘူး… အခု လက်ရှိအချိန် မှာစိတ်ချမ်းသာဖို့အရေးအကြီးဆုံးပါပဲ …..
( နည်းကောင်းလေးတစ်ခုရှိတယ် )


တစ်ယောက်ယောက်ကို သတိရတာနဲ့ အဲဒီသတိရတဲ့ စိတ်ကလေး ကို အပြစ်မတင်ပဲ၊
မေ့ပစ်ဖို့မကြိုးစားပဲ သတိရနေတဲ့စိတ်ကလေးကို သေသေချုာချာ
ဂရုစိုက်ပြီးကြည့်နေပါ ။ အဲဒီစိတ်ကလေးက အမြဲတမ်း
ဆက်တိုက်ဖြစ်နေတာမဟုတ်ဘူးဆိုတာကို တွေလာလိမ့်မယ် ။ပျောက်သွားလိုက်
ပြန်ပေါ်လာလိုက်နဲ့ အဆက်မပြတ်ဖြစ်နေတာကိုတွေရလိမ့်မယ် ။မင်း လုပ်ရမှာ က
သတိရတဲ့စိတ်လေး လွမ်းတဲ့စိတ်ကလေး ကို မေ့ ပစ် ဖို့
မကြိုးစားပဲ၊တစ်ခြားအာရုံတစ်ခုနဲ့အစားထိုးဖို့မကြိုးစားပဲ သေသေချာချာ
စူးစူးစိုက်စိုက် ကြည့်နေပေးရုံလေးပါပဲ ။ အရမ်းလွယ်ကူတဲ့နည်းလမ်းလေးပါပဲ
သူများကိုလည်း အားကိုးစရာ မလိုဘူး… အခုလုပ်ရင်အခုစိတ်ချမ်းသာမယ်..


(သေချာစဉ်းစားနော်…….. စိတ်ချမ်းသာမယ့်အချိန်ဆိုတာ အခုပါ………..
မနက်ဖြန်မှ မဟုတ်ဘူး ..
နောက်နေ့မှမဟုတ်ဘူး… အခု လက်ရှိအချိန် မှာစိတ်ချမ်းသာဖို့အရေးအကြီးဆုံ
းပါပဲ …..)


ခင်မင်မှုများစွာဖြင့်
ရွှေအိမ်စည်https://www.facebook.com/shweaeimsi

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform