စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 27 January 2014

သဒ္ဒါအသုံးအနှုန်း

သဒ္ဒါအသုံးအနှုန်း

“သဒတ်မတာ စတ်မတာ” ဆိုတော့ သဒ္ဒါ အသုံးအနှုန်းနဲ့ ပတ်သက်လို့ သိစေချင်တာလေးတွေကို တင်ပြပါမယ်။"
မှ နဲ့ က
၁။ ထွက်ခွာရာကို ရည်ညွှန်းလိုရင် “က” ကို နှုတ်ပြောမှာရော အရေးမှာပါ သုံးတယ်။ “မှ” ကိုတော့ အရေးမှာပဲ သုံးပါတယ်။
၂။ ပြုသူ၊ ဖြစ်သူ၊ ရှိသူကို ရည်ညွှန်း လိုရင် နှုတ်ပြောနဲ့ အရေး ၂ ရပ်စလုံးမှာ “က” ကိုပဲ သုံးရပါတယ်။

ကို နဲ့ အား

အပြုခံရသူကို ဖော်ပြလိုရင် “ကို” သုံးပါ။ လက်ခံသူကို ဖော်ပြလိုရင် “အား” သုံးပါ။
သာဓက။ ခွေးကို ရိုက်သည်။ တိုင်ကပ်နာရီကို ကျောင်းအုပ် ဆရာမကြီးအား ပေးအပ် လှူဒါန်းသည်။ "တို့၊ များ၊ တွေ

၁။ တစ်မျိုးတည်း ဒါမှမဟုတ် နှီးနွှယ် ပတ်သက်နေတဲ့ အမျိုးအစားတွေကို အကြွင်းအကျန် မရှိ တပေါင်းတစည်း တည်း (ထဲ) ဖော်ပြလိုတဲ့အခါ “တို့” ကို သုံးတယ်။
၂။ တစ်ခုမက များပြားတဲ့ အရေ အတွက်ရှိတဲ့ အမျိုးအစားကို ဖော်ပြလို တဲ့အခါ “များ” ကိုသုံးတယ်။
၃။ ပြောဟန်မှာ “တွေ” ကိုသုံးတယ်။
၎။ “များ၊ တွေ” ကို ကိန်းဂဏန်းများ နဲ့ တွဲမသုံးနိုင်ပါ။
၅။ နာမ်စားများနဲ့ တွဲမသုံးနိုင်ပါ။ တစ်ဦး တစ်ယောက်တည်း(ထဲ)နဲ့ပဲ သက်ဆိုင်တဲ့ နာမ်များနဲ့လည်း တွဲမသုံး နိုင်ပါ။ တွဲသုံးရင် အနက် အဓိပ္ပာယ်လွဲ နိုင်ပါတယ်။

သာဓက။ ငါများ ထီ ပေါက်ရင် ဘယ်လောက် ကောင်းမလဲ။ "ခဲ့

၁။ အတိတ်ကာလ ပစ္စည်း မဟုတ်ပါ။ အမှန်တကယ် ပြုကြောင်း၊ ဖြစ်ကြောင်း၊ ရှိကြောင်း လေးနက်စေပြီး ကြိယာကို ကူညီ ထောက်ပံ့တဲ့ စကားလုံး ဖြစ်တယ်။ ဒါပေမဲ့ “ဦးစွာ ပြုလုပ်ခြင်း၊ အလျင်ပြု လုပ်ခြင်း” အနက်ကိုတော့ ညွှန်းပြတတ် ပါတယ်။
သာဓက။ (က) မှောင်ခဲ့တစ်ခါ၊ ပြာခဲ့ တချို့၊ ညို့ခဲ့တလီ။ (ခ) ညောင်ရမ်းမြို့ ကို…ဘယကျော်ထင်ကို ပေးတော်မူခဲ့ ၍ ပြန်တော်မူသည်။

၂။တိုက်တွန်းနှိုးဆော်တာ၊ ၀န်ခံ ကတိပြုတာတွေကို ဖော်ပြတဲ့ဝါကျ တချို့မှာ အလေးအနက် ပြုတဲ့ သဘောနဲ့ “ခဲ့” ကို ထည့်သုံးလေ့ ရှိတယ်။
သာဓက။ ချစ်၍ခေါ်သည် လိုက်တော် မူခဲ့။ ဘကြီးလည်း ကလေးမတို့ အိမ်ကို တစ်ကြိမ်လောက် လာခဲ့ရဦးမယ်။

၃။ “လျှင်၊ သော်၊ မူ၊ ငြားအံ့” စတာ တွေနဲ့ တွဲသုံးတတ်ကြတယ်။
သာဓက။ -မိုးမပြိုဘူး ပြိုခဲ့သော်၊ အကယ်၍ ထီပေါက်ခဲ့လျှင်၊ မိတ်ဆွေ မရှိခဲ့မူ၊ ထိုသို့ ဖြစ်ခဲ့ငြားအံ့။
ရေးဟန်တချို့
“မြန်မာတွေကြား စာနဲ့စကား” ဟာ သုတေသန စာတမ်းလည်း မဟုတ်ပါ။ ကျမ်းကြီး ကျမ်းခိုင်လည်း မဟုတ်ပါ။ ပညာရှင် ပညာရှိက ရေးတာလည်း မဟုတ်ပါ။ “စကား ပြောသလို ရေးရမယ်” ဆိုတဲ့ လှုပ်ရှားမှုရဲ့ ဂယက် ကလေး တစ်ခုပဲ ဖြစ်ပါတယ်။ ရေးပါလို့လည်း မတိုက်တွန်းလိုပါ။ မရေးပါနဲ့လို့လည်း မတားမြစ်လိုပါ။ ကောင်း တယ်ထင်ရင် ရေးနိုင်ပါတယ်။

လေးစားသော…..
ရွှေအိမ်စည်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform