စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday, 8 January 2014

ဂျူးမြစ် Allium hookeri 韭菜根

ဂျူးမြစ် Allium hookeri 韭菜根

ပူးတွဲပါစာတမ်းကို AJFAND (African Journal of Food, Agriculture, Nutrition and Development ) အွန်လိုင်းဂျာနယ်မှ download ပြုလုပ်ထားခြင်း ဖြစ်သည်။ AJFAND အွန်လိုင်းဂျာနယ်ကို ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီ အခြေစိုက် African Scholarly Science Communications Trust အဖွဲ့အစည်းက ပုံနှိပ်ထုတ်ဝေခြင်း ဖြစ်သည်။
ပူးတွဲပါစာတမ်းကို ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလတွင် ထုတ်ဝေသော ဂျာနယ်အတွဲ အမှတ် (၁၁)၊ စာစောင်အမှတ် (၆) တွင် ဖော်ပြထားခြင်းဖြစ်သည်။
စာတမ်းအမည်
Allium hookeri, Thw Enum * -- စားသုံးနိုင်သည့် လူသိမများသော မြေပေါက်နှစ်ရှည် အမြစ်ပွပင် တစ်မျိုးဖြစ်ပြီး၊ မဏိပူရပြည်နယ်၏ အက်သနိုရုက္ခဗေဒနယ်ပယ် ** တွင် ယင်းအပင်အရေးပါပုံ။
စာတမ်းပြုစုသူ
Victor Ayam Singh
Department of Botany
Rajiv Gandhi University
Rano Hills, Doimukh, Itanagar
Arunachal Pradesh - 791112
India
Email : victorayamsingh@yahoo.com
စာကိုယ်အနှစ်
အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပြည်နယ်တစ်ခု ဖြစ်သော မဏိပူရသည် အပင်မျိုးစုံကြွယ်ဝပေါများသော ဒေသ တစ်ခုဖြစ်သည်။ မဏိပူရ လူမျိုးတို့တွင်လည်း အပင်များနှင့် ပတ်သက်သော အက်သနို ရုက္ခဗေဒ ဗဟုသုတ အသိပညာများ ရှိသည်။ အပင်များဆိုင်ရာ ကြွယ်ဝသည့် ယင်း အစဉ်အလာအရ ဗဟုသုတ အသိပညာကို တောတွင်းမှ ယူဆောင်လာသော အပင်မျိုးစုံတို့ကို စားသုံးရန် နှင့် ဖျားနာခြင်းမျိုးစုံကို ကုသရာတွင် အကြိမ်ကြိမ် ရွေးချယ်စမ်းသပ် အသုံးပြုခဲ့သည့် အတွေ့အကြုံမှ ရရှိလာခြင်းဖြစ်သည်။ ယင်းသို့ စမ်းသပ်ရွေးချယ်ခြင်း ခံရသည့် တိုင်အောင် မျိုးစုံလင်လှသော စားသုံးပင်များသည် လိုအပ်သော အာဟာရကို ဖြည့်စွက်ပေးသဖြင့် မဏိပူရလူမျိုး
တို့တွင် အင်အားချိခြင်းနှင့် အာဟာရချို့တဲ့ခြင်း ဆိုင်ရာရောဂါများ ဖြစ်ခဲ့သည်။ ကမ္ဘာကျော် မဏိပူရလူမျိုး အားကစားသမားများ အားလုံးလိုလိုတို့သည် စဉ်အလာနှင့် ဒေသထွက် စားသုံးပင်များ အပေါ်တွင် မှီခိုအား ထားရသော ဆင်းရဲသည့် မိသားစုများမှ ပေါက်ဖွားလာကြပါသည်။ ယင်းစားသုံးပင် အတော်များများသည် အရေးကြီးသည့် အာဟာရအားဆေးများ ပေးဆောင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယင်းအပင်များသည် အာဟာရ ဖြစ်ထွင်းစေသည့် ဆေးဖက်ဆိုင်ရာ ဂုဏ်သတ္တိများ ပိုင်ဆိုင်ထား၍ ဖြစ်သည်။ ယနေ့အခါတွင်မူ ဒေသဆိုင်ရာ စားသုံးပင်များကိုလိုအပ်သည်ထက် ပိုမိုအသုံးချမှုနှင့် လိုအပ်သည်ထက် လျော့နည်း ထုတ်လုပ်မှုတို့ ကြောင့်
လူတို့၏ နေထိုင်ပုံ၊ စားပုံသောက်ပုံ ပြောင်းလဲလာပြီး ကျန်းမာရေးနှင့် မညီညွတ်သော " အမှိုက်သရိုက် အစားအစာများ " (junk food)ကို နှစ်သက်လာကြသည်။ ရလာဒ်ကား ဒေသဆိုင်ရာ / အစဉ်အလာအရ စားသုံးပင်များကို လစ်လျူရှုသဖြင့် လူတို့၏ ကျန်းမာရေးသည်လည်း ချွတ်ယွင်းပျက်စီးလာသည်။ အိမ်ထောင်စုတိုင်းတွင် အစဉ်အလာ ဟင်းလျာများ ချက်ရာတွင် ဟင်းခတ်အမွှေးအကြိုင် / အအုပ်အဖြစ် ဂျူးမြစ်ကို အစိမ်းသက်သက်၊ သို့မဟုတ် အခြောက်ခံပြီး အမြဲလိုလို သုံးကြပါသည်။ ယင်းသည် ကောင်းမွန်သော ဖြည့်
စွက်အစားအစာ ဖြစ်သဖြင့် မိသားစုအတွက် အစားအစာဖူလုံမှုကို ပေးရုံသာမက၊ အစားအစာပြတ်လပ်သည့် အချိန်များတွင်အထောက်အကူလည်းဖြစ်ပါသည်။ ဤအလေ့ကျပေါက်သော ဂျူးမြစ်ကို စနစ်တကျ စိုက်ပျိုးပါက (ယခုအခါတွင် အကန့်အသတ်ဖြင့်သာ စိုက်ပျိုးသည်) စိုက်ပျိုးသူများကို ၀င်ငွေရရှိစေရုံမက၊ အပင်များနှင့်၎င်းတို့၏ မျိုးဆက်ရန် ဆဲလ်များ(germplasm) ကို ထိန်းသိမ်းစောင့်ရှောက်ရာ ရောက်ပေသည်။ သုတေသန အခြေခံ အချက်အလက်များမရှိ၍ လည်းကောင်း၊ အလေ့ကျပေါက်သော / အစဉ်အလာအပင်များသည် အာဟာရချို့တဲ့ပြီး ဆင်းရဲသား လူတန်းစားနှင့်သာ ထိုက်တန်သည် ဟူသော အမြင်ကြောင့် လည်းကောင်း၊ အသုံးပြုမှုကြီးမား
သော်လည်း ဂျူးမြစ်စိုက်ပျိုးမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှုမှာ ကျဆင်းလာခဲ့ပါသည်။ ထို့အပြင် စိုက်ပျိုးရေး သမားများနှင့်လယ်သမားများသည်အထွက်နှုန်းမြင့်မားပြီးဝင်ငွေကောင်းသောသီးနှံပင်များနှင့်ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးရန်သာ စိတ်ဝင်စားမှုရှိကြသည်။
ဇီဝဓါတု စမ်းသပ်မှုများ ကွင်းဆင်းလေ့လာမှု အစီရင်ခံစာနှင့် စာပေရေးသားချက်များမှ ရရှိသော သတင်းအချက်အလက်တို့အရ ဂျူးမြစ်က်ု စားသုံးရန် သင့်လျော်ပြီး အက်သနို ရုက္ခဗေဒ အရလည်း အရေးပါကြောင်း သိရှိရပါသည်။ မြို့ပေါ်ရှိ ဈေးများနှင့် ကျေးလက်ရှိဈေးသည်များ အကြား လေ့လာ ဆန်းစစ်ချက်အရ ဂျူးမြစ်၏ လူမှုစီးပွားရေးအရ အရေးပါမှုသည် လွန်စွာမြင့်မားကြောင်း သိရှိရသည်။
နိဒါန်း
ဂျူးမြစ် [ဒေသအခေါ်အဝေါ် " မရိုင်နပက်ခ်ပီ " (Maroi napakpi) ] သည်ပဒုမ္မာကြာ၊နှင်းပန်း၊ကြက်သွန်နီကဲ့သို့သော ပန်းပွင့်သည့်အပင်များကဲ့သို့ လီလယက်ရှ်စီး (Liliaceae) အုပ်စုတွင် ပါဝင်ပါသည်။ ဂျူးမြစ်သည် မြေဆီလွှာ မျိုးစုံတွင် အလေ့ကျပေါက်သော ပင်စည်ပျော့ပင် (herb) ဖြစ်သည်။ ထို့ပြင် ကြက်သွန်နီ နှင့် အခြား Allium မျိုးစုံတို့နှင့် မတူဘဲ ဂျူးမြစ်တွင် ဥ (bulb) မရှိဘဲ၊ ဥအစား ဥ ထက်များစွာ ပိုသေးငယ်သော အစာသိုလှောင်မြစ် (rhizome) ပါရှိသည်။ ဂျူးမြစ်၏ အရွက်များသည် ထူထဲသော အမြဲစိမ်းအရွက်များဖြစ်ပြီး ပုံသဏ္ဍာန်မှာ သွယ်လျပြီး ရှည်ကာ ထင်ရှားသော ရိုးတံပါရှိပါသည်။ အပင်၏ အောက်ခြေ အရွက်များသည် အမျှင်များဖြင့်ပြီးလျက်၊ ယင်းတို့သည် အထက်လုံးချော ပင်စည်ထက်တိုတောင်းသည်။ဂျူးမြစ်၏စားသုံးနိုင်သောအစိတ်အပိုင်းများသည်ကြက်သွန်နီနှင့်မတူချေ။မြေကြီးထဲ တွင် ပေါက်သော ကြက်သွန်ဥရှိ အသားများပြီး အဆင့်ဆင့်ပတ်ထားသော အရွက်ကို စားသုံးသည့်နေရာ၌
ဂျူးမြစ်တွင်မူ ရိုးတံထင်ထင်ရှားရှားရှိသော ထူထဲပြန့်ကား စိမ်းသစ်သည့် အရွက်များနှင့် အဖြူရောင်ရှိသော အမြစ်မျှင်များကိုသာ စားသုံးသည်။ လက်ရှိအချိန်တွင် အစားအစာရေရှည် ဖူလုံရေးအတွက် ဂျူးမြစ်ကို လယ်ကွင်းများ၊ အိမ်နောက်ဖေးခြံများနှင့် မြေအိုးစိုက်ပင် အဖြစ် အကန့်အသတ်ဖြင့် စိုက်ပျိုးလျက်ရှိပါသည်။ တစ်ချိန်က ဂျူးမြစ်ကို မဏိပူရပြည်နယ်ရှိ အိမ်ထောင်စုများက အရေးပါသော နေ့စဉ်စားသုံးသော ဟင်းသီးဟင်းရွက်၊ ဟင်းခတ်အမွှေးအကြိုင်အဖြစ် လက်ခံအသုံးပြုခဲ့ကြပါသည်။ မည်သို့သောဝင်ငွေ၊ အသက်အရွယ်ရှိသည်ဖြစ်စေ၊ ကျား/မ မရွေး မိသားစုဝင်များသည် ဂျူးမြစ်၏ အရသာနှင့် အနံ့ တို့ကို ကြက်သွန်နီထက် ပိုမိုနှစ်သက်ကြသည်။
မေထိုင်းလူမျိုးများဟင်းချက်ရာ၌ဂျူးမြစ်သည်ပါဝင်ပတ်သက်မှုရှိနေပြီးရှေးပဝေသဏီကတည်းကဒေသခံဆေးဆရာ များကအကိုက်အခဲရောဂါဝေဒနာကိုတိုင်းရင်းဆေးဖြင့်ကုသရာ၌အသုံးပြုခဲ့ကြရာအဆိုပါအပင်သည်မဏိပူရလူမျိုးများအတွက် အက်သနိုဗေဒ အရအရေးပါကြောင်းတွေ့မြင်ရသည်။ တစ်ဖန် ဂျူးမြစ်၏စားသုံး၍ရသောအစိတ်အပိုင်းများနှင့် ပတ်သက်၍ဓာတုနည်းအရခွဲခြမ်းစိတ်ဖြာလေ့လာရန်(phytochemicalanalysis)နှင့်ယင်းအပင်၏အာဟာရပေးစွမ်းနိုင်မှုကို သာမန်ဟင်းရွက်ဟင်းသီးဖြစ်သည့် ကြက်သွန်နီနှင့် နှိုင်းယှဉ်လေ့လာရန်တို့ကိုလည်း ရည်ရွယ်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူသိနည်းသော အပင်အမျိုးအစားကို အစားအစာအဖြစ် အသုံးပြုကြပါသည်။ ယင်းသို့
သော အပင်တော်တော်များများကိုစိုက်ပျိုးခြင်းမဟုတ်ဘဲသဘာဝအလျောက်ပေါက်သည့်နေရာများမှခူးဆွတ်ကြသည်။ ယင်းအပင်များအနက် အချို့အပင်များသည် ဆေးဖက်ဝင်ကြသည်။ ယခုလေ့လာချက်သည် ဂျူးမြစ်ကို ဖြည့်စွက်အစားအစာအဖြစ် မိတ်ဆက်ရန်နှင့် ကြက်သွန်နီကဲ့သို့ လူသိများသော ဟင်းသီးဟင်းရွက်များ၏ နေရာတွင် ပိုမိုကောင်းမွန်သော အစားထိုးမှုအဖြစ် မိတ်ဆက်ပေးရန်အတွက် အထောက်အကူဖြစ်စေပါသည်။ ဤဒေသထွက် စားသုံးပင်များကို နေအိမ်များ၊ ကျေးရွာများတွင် ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ စားသုံးသူအများစု တတ်နိုင်သော ဈေးနှုန်းများဖြင့် ထုတ်လုပ်လျက်ရှိပါသည်။ ထို့ကြောင့် အဆိုပါ အစားအစာများကို ဆန်းစစ်လေ့လာခြင်းအားဖြင့် ထုတ်လုပ်မှုကို ချဲ့ထွင်နိုင်မည့်နည်းလမ်းများကိုသိရှိနိုင်မည်ဖြစ်ပြီး၊ထိုမှတစ်ဆင့်အနာဂတ်တွင်ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်အာဟာရဓါတ်ကို ပိုမိုဖြည့်စွက်ပေးနိုင်မည် ဖြစ်သည်။ အစဉ်အလာ စားသုံးပင်များသည် ပိုမိုသာလွန်သော အချက်များစွာရှိသည်။
စစ်မှန်ပြီး သင့်တော်သော ဖြည့်စွက်အစားအစာဖြစ်ကြောင်းသတ်မှတ်နိုင်ရန်အတွက် ဂျူးမြစ်၏ စားသုံးနိုင်သော အစိတ်အပိုင်းများ (အရွက်နှင့်အမြစ်)၏အာဟာရဓါတ်ပါဝင်မှုကိုဇီဝဓါတုခန့်မှန်းချက်များအရစစ်ဆေးကြည့်ရှုရပါသည်။ ထိုခွဲခြမ်းစိတ်ဖြာလေ့လာမှုတွင်ကော်ဓါတ်ပမာဏ၊ ရေတွင်ပျော်ဝင်သော သကြားဓါတ်စုစုပေါင်း၊ လျော့နည်းစေသော နှင့် လျော့နည်းစေမှုမရှိသော သကြားဓါတ်(reducing and non-reducing sugar)၊ ဖီနောလ် (Phenol) စုစုပေါင်း၊ ဖိုင်တိုစတာရောလ်များ (Phytosterols)၊ ပရိုတိန်းစုစုပေါင်း၊ အမိုင်နိုအက်ဆစ်စုစုပေါင်း၊ အမိုင်နိုအက်ဆစ်များဋ္ဌ၏ အမျိုးအစားအလိုက်ပါဝင်မှုပမာဏ၊အဆီဓါတ်စုစုပေါင်း၊အက်စကောဘစ်အက်စစ်(ascorbicacid)၊နိုက်ထရိုဂျင်ဓါတ်စုစုပေါင်းရေတွင်ပျော်ဝင်သော နှင့် မပျော်ဝင်သော နိုက်ထရိုဂျင်ဓါတ်များ စိုစွတ်မှုနှင့်ခြောက်သွေ့သောဒြပ်ရာခိုင်နှုန်းတို့ကို ဆန်းစစ်မှုတို့ပါဝင်သည်။ ဂျူးမြစ်သည် အစားအစာဖူလုံမှုကိုပေးသော မိသားစုအတော်များများကိုငွေရေးကြေးရေးအရ အထောက်အကူပြုနိုင်စွမ်းရှိသဖြင့် ယင်းအပင်သည်အစားထိုးအစားအစာတစ်ခုအဖြစ်အဓိကအခန်းမှပါဝင်နေပါသည်။
လေ့လာသောဒေသ၏ တည်နေရာ
လေ့လာသောဒေသတွင် မဏိပူရပြည်နယ်ရှိ ခရိုင် (၉) ခရိုင်ပါဝင်သည်။ မဏိပူရသည် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ဒေသရှိ ပြည်နယ်ရှိ ပြည်နယ်တစ်ခုဖြစ်ပြီး အိမ်နီးချင်းပြည်နယ်များ ဖြစ်သော နာဂလင်း၊ အာသံနှင့် မီဇိုရမ်တို့က ၀န်းရံထားသည်။ မဏိပူရပြည်နယ်သည်နယ်စပ်ဒေသတွင် တည်ရှိပြီး မြန်မာနိုင်ငံသည် အနီးဆုံးအိမ်နီးချင်းနိုင်ငံ ဖြစ်သည်။ မဏိပူရပြည်နယ်၏ တည်နေရာမှာ အရှေ့လောင်ဂျီတွဒ် (၉၃.၀၃) ဒီဂရီနှင့် (၉၄.၇၈)° နှင့် မြောက်လတ္တီတွဒ် (၂၃.၈၃)° နှင့် (၂၅.၆၈)° အကြားတွင်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက်
(၇၈၁) မီတာမှ (၂၀၂၀) မီတာအမြင့်တွင် တည်ရှိသည်။ စုစုပေါင်းခရိုင် (၉) ခရိုင်အနက် (၄) ခရိုင်မှာ တောင်ကြား ချိုင့်ဝှမ်းဒေသဖြစ်သော အနောက်အင်ဖါး၊ အရှေ့အင်ဖါး၊ သိုဘာလ်နှင့် ဘီရှန်ပူတို့ဖြစ်သည်။ အဆိုပါခရိုင် (၄) ခရိုင်ကို ကျန်တောင်ပေါ်ဒေသခရိုင် (၅)ခရိုင်ဖြစ်သော ဆီနာပါတီ၊ ဥက္ကရူလ်၊တမန်လောင်း၊ချန်ဒယ်လ်နှင့်ချူရာချန်ပူခရိုင်တို့က ၀န်းရံထားပါသည်။ ဂျူးမြစ်ကို ရေမျက်နှာပြင် အမြင့်မီတာ (၇၉၀)၊ အရှေ့လောင်ဂျီတွဒ် (၉၃.၄၂)° နှင့် (၉၄.၄၇)° ကြားနှင့် မြောက်လတ္တီတွဒ် (၂၃.၈၃)° နှင့် (၂၅.၄၁)° ကြားချိုင့်ဝှမ်းဒေသ ခရိုင်များတွင် တွေ့ရပါသည်။ ဂျူးမြစ်တွေ့ရသော အဆိုပါ ချိုင့်ဝှမ်းဒေသအကျယ်အ၀န်းမှာ (၂၂၃၈) စတုရန်းကီလိုမီတာရှိသည်။ ယင်းသည်ဒေသ တစ်ခုလုံး၏ (၁၀) ရာခိုင်နှုန်းဖြစ်ကာ၊ ကျန် (၉၀) ရာခိုင်နှုန်းသည် တောင်ပေါ်ဒေသဖြစ်သည်။
ဂျူးမြစ်၏ အသုံးဝင်မှုနှင့် အက်သနိုဆေးဖက်ဝင်မှု (ethnomedicinal) တို့နှင့် ပတ်သက်သောသတင်းအချက်အလက်
များကို စစ်တမ်းကောက်ယူစုဆောင်းခြင်
ဂျူးမြစ်အရွက်မှ ထွက်ရှိသော အရည်ကို ဒေသခံဆေးဆရာများက အစာအိမ် အနာပေါက်ခြင်း (ulcer) နှင့် အခြားအစာအိမ်ဖြင့် ပတ်သက်သောရောဂါများကို ကုသရာ၌ ဆားနှင့်ရောစပ် အသုံးပြုကြပါသည်။ အရွက်မှ အရည်ထွက်ခြင်းကို decoction ဟုခေါ်ဆိုသည်။Decoction ဟူသည် ဆေးမြစ်(သို့) အပင်၏ အစိတ်အပိုင်းများ (ပင်စည်၊ အမြစ်၊ အခေါက် နှင့် အစာသိုလှောင်မြစ်များ အပါအ၀င်) ကိုဆူပွက်အောင် ရေနွေးဖြင့် ပြုတ်ခြင်း၊ သို့မဟုတ် ဓါတုပစ္စည်းများတွင် ပျော်ဝင်စေသော နည်းလမ်းဖြင့် အရည်ထုတ်ခြင်းဖြစ်သည်။ ထိုနည်းလမ်းဖြင့် ရရှိသော ဂျူးမြစ်အနှစ်ကို နဖူးပေါ် လိမ်းသုတ်ပေးခြင်းဖြင့် မြင့်မားသော ကိုယ်အပူချိန်နှင့်သွေးတိုးခြင်းတို့ကို ကျဆင်း
စေနိုင်ပါသည်။
ဂျူးမြစ်၏ စားသုံးနိုင်သော အစိတ်အပိုင်းများကို ခွဲခြမ်းစိတ်ဖြာကြည့်ခြင်း
ကြက်သွန်နီ နှင့် ကွဲပြားချက်၊ ဂျူးမြစ်တွင် ဥ မရှိပဲ ၄င်း၏ စားသုံးနိုင်သော အစိတ်အပိုင်းများသည် အစာသိုလှောင်မြစများ (rhizomes) ပေါ်တွင် ပေါက်ရောက်လျက်ရှိသည့် ထူထဲစိမ်းလန်း၊ ပြားချပ်၊ ကျဉ်းမြောင်းသွယ်လျသော အရွက်များနှင့် အမျှင်နှင့် ပြီးသော အမြစ်များဖြစ်သည်။ အစာသိုလှောင်မြစ်သည် သေးငယ်သည်။ အရှည် 1cm မှ 2cm ခန့်သာရှိပြီး အထူ 3mm မှ4mmခန့်သာရှိကာ၊အရသာမှာလည်းထူးကဲမှုမရှိပေ။ ထို့ကြောင့် အစာသိုလှောင်မြစ်ကို စားသုံးလို့ရသည်ဟု မသတ်မှတ်သော်လည်း တစ်ခါတစ်ရံ ၄င်းကို အမြစ်နှင့်
ရောနှော စားသုံးသည်။ ဂျူးမြစ်၏ စားသုံး၍ ရသော အစိတ်အပိုင်းများ (အရွက်နှင့်အမြစ်) ကို ခွဲခြမ်း စိတ်ဖြာ စစ်ဆေးနည်းမျိုးစုံကို အသုံးပြုလျက် ခွဲခြမ်းစိတ်ဖြာ လေ့လာခဲ့ပြီး ပါဝင်သည့် ဓါတါပစ္စည်းများ အရေအတွက် အတိုင်းအတာတို့ကို မှတ်တမ်းတင်ခဲ့ပါသည်။ ကာဘိုဟိုက်ဒရိတ်၊ သို့မဟုတ် ဂဇီဓါတ် ပါဝင်မှုနှင့် ပတ်သက်၍ (၁) စုစုပေါင်းရေတွင် ပျော်ဝင်သော (total soluble sugars - TSS)ခန့််မှန်းချက်အတွက် Anthrone နည်းကို လည်းကောင်း၊ (၂) လျော့နည်းစေသော သကြားဓါတ် (reducing sugars - RS) ခန့်မှန်းချက် အတွက် Nelson's နည်းကို လည်းကောင်း ၊ (၃) လျော့နည်းစေမှု မရှိသော သကြားဓါတ် (non-reducing sugars - NRS) အတွက်
Maholtra နှင့် Sarkar တို့၏နည်းများ ကို လည်းကောင်း၊ (၄) စုစုပေါင်း ကော်စေးဓါတ် (total starch - TS) ခန့်မှန်းချက်အတွက် အထက် (၁) မှ ရရှိသော Anthrone နည်းကို လည်းကောင်း အသုံးပြုပါသည်။ စုစုပေါင်းအဆီဓါတ် (total fat - TF) ပါဝင်မှုကို Leslie
နှင့် Fisher တို့၏ နည်းများကို အသုံးပြုလျက်တိုင်းတာပါသည်။ Ninhydrin နည်းကို စုစုပေါင်း အမိုင်နိုအက်စစ် (total amino acids - TAA)ပါဝင်မှုခန့်မှန်းချက်ရရှိရန်အသုံးပြုပါသည်။အမိုင်နိုအက်ဆစ်တစ်ခုချင်းစီ၏အရည်အသွေးဆိုင်ရာ ခွဲခြမ်းစိတ်ဖြာလေ့လာမှုအတတ် Thin Layer Chromatography နည်းကို အသုံးပြုပြီး အရေအတွက်ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာလေ့လာမှုအတွက် elution techniqueကို အသုံးပြုသည်။ စုစုပေါင်း နိုက်ထရိုဂျင်ဓါတ် (total nitrogen - TN) ပါဝင်မှုကို micro - Kjeldahl နည်းကို အသုံးပြုပြီး ရေတွင်ပျော်ဝင်သော နိုက်ထရိုဂျင် နှင့် ရေတွင် မပျော်ဝင်သော နိုက်ထရိုဂျင် (soluble and non-suluble nitrogen - SNF, INTF) ပါဝင်မှုကိုLang ၏နည်းကို အသုံးပြုပြီး ခွဲခြမ်းလေ့လာပါသည်။ အက်စကောဘစ်အက်ဆစ် ပါဝင်မှုကို indophenol reduction နည်းဖြင့် တိုင်းတာပါသည်။ စုစုပေါင်း ဖီနောလ် (total phenol) ပါဝင်မှုကို Folin-Ciocalteu ၏ နည်းဖြင့် တိုင်းတာပြီး၊ စုစုပေါင်း ဖိုင်တိုစတာရောလ် (total phytosterol - TPS)ပါဝင်မှုကိုLibermannBurchaardတုန့်ပြန်မှုနည်းဖြင့်တိုင်းတာပါသည်။ စိုထိုင်းဆပါဝင်မှုကို AOAC နည်းများအရ တိုင်းတာပါသည်။
ဂျူးမြစ် (Allium hookeri) နှင့် ကြက်သွန်နီ (Allium cepa) တို့တွင် အရေးကြီးသော အာဟာရဓါတ်ပါဝင်မှုကို နှိုင်းယှဉ်
လေ့လာခြင်း
ဂျူးမြစ်အရွက်နှင့် အမြစ်တို့၏ အရေအတွက်အရ အာဟာရဓါတ်ပါဝင်မှုကို ဖော်ပြထားပါသည်။ ဇီဝဓါတုခွဲခြမ်းစိတ်ဖြာနည်းအမျိုးမျိုးမှတစ်ဆင့် တွေ့ရှိချက်အရ အဆိုပါ အာဟာရဓါတ်များမှာ စုစုပေါင်း သကြားဓါတ်၊ လျော့နည်းစေသော သကြားဓါတ်၊ လျော့နည်းစေမှုမရှိသော သကြားဓါတ်၊ ကော်စေးဓါတ်၊ စုစုပေါင်းနိုက်ထရိုဂျင်ဓါတ်၊ ရေတွင်ပျော်ဝင်သော နှင့်မပျော်ဝင်သောနိုက်ထရိုဂျင်ဓါတ်၊စုစုပေါင်းပရိုတင်းအရိုင်းဓါတ်၊စုစုပေါင်းအမိုင်နိုအက်စစ်များ၊ ကွဲပြားခြားနားသောအမိုင်နိုအက်စစ်ဓါတ်ရောများ၊စုစုပေါင်းအဆီဓါတ်၊စုစုပေါင်းဖီနောလ်၊စုစုပေါင်းဖိုင်တိုစတာ ရောလ်များ၊ ဗီတာမင် ' စီ '၊ အမျှင်ရာခိုင်နှုန်းနှင့်စိုထိုင်းဆရာခိုင်နှုန်းတို့ဖြစ်သည်။ အရွက်နှင့်အစာသိုလှောင်မြစ်တို့အကြား အရေအတွက်အရ ကွာခြားမှုမှာ P ≥ 0.05 ရှိသဖြင့် အရေးပါသည်။ Aspartic acid, threonine, valine, phenylalanine နှင့် tryptophane စသည့် အမိုင်နိုအက်စစ်များကို အရွက်များတွင်သာ တွေ့ရှိပြီး၊ alanine, histidine နှင့် nor-leucineစသည့် အမိုင်နိုအက်စစ်များကို အစာသိုလှောင်မြစ်များတွင်သာ တွေ့ရသည်။ Methionine, glycine နှင့် lycine စသည့် အမိုင်နိုအက်
စစ်များကိုမူ အရွက်နှင့် အစာသိုလှောင်မြစ်နှစ်ခုစလုံးတွင် တွေ့ရှိရပါသည်။ဂျူးမြစ်၌ ပါဝင်သော စုစုပေါင်း ပရိုတိန်း၊ သကြားဓါတ်၊ အမျှင်၊ အက်စ်ကောဘစ် အက်စစ်များနှင့် စုစုပေါင်း ဖိုင်တိုစတာရောလ်ပမာဏတို့ကိုဖော်ပြထားသည်။ အဆိုပါ ပမာဏများသည် ကြက်သွန်နီတွင် ပါဝင်သော ပမာဏများထက် ပိုမိုမြင့်မားသည်။ ဂျူးမြစ်တွင် ပါဝင်
သော အဆီဓါတ်ပမာဏသည် ကြက်သွန်နီတွင် ပါဝင်သော ပမာဏထက် ပိုမိုနည်းပါးသည်။ ကြက်သွန်နီ၌ အခြောက် အလေးချိန် (dry weight) ၁၀၀ ဂရမ်တိုင်းတွင် စုစုပေါင်း ဖိုင်တိုစတာရောလ် ၀.၁ ဂရမ် ( အခြောက် အလေးချိန်၏ ၀.၁ ရာခိုင်နှုန်း ) ပါဝင်သည်။
ဆွေးနွေးချက်
မဏိပူရပြည်နယ် (၉) ခရိုင်အတွင်း အိမ်ထောင်စု (၄၅၀) ကို တွေ့ဆုံစစ်တမ်းကောက်ယူခဲ့မှုအပေါ် အခြေခံကာ မဏိပူရလူမျိုးတို့ အသုံးပြုသော ဂျူးမြစ်ချက်ပြုတ်နည်း (၇) မျိုး၊ ထည့်ဝင်ပစ္စည်းများ၊ ပြင်ဆင်ပုံနည်းများနှင့် စားသုံးမှုကြိမ်နှုန်းတို့ကို စာရင်းပြုစုတင်ပြထားပါသည်။ ယေဘုယျအားဖြင့် ကြော်လှော်ခြင်း၊ ပေါင်းခြင်း၊ ဖုတ်ခြင်း နှင့် ပြုတ်ခြင်းတို့ကို ဂျူးမြစ်ချက်ပြုတ်ရာ၌ အသုံးများသော်လည်းစားသုံးမှုကြိမ်နှုန်းတွင်မူ ကွဲပြားမှု အနည်းငယ်ရှိကြောင်း တွေ့ရှိရပါသည်။ အိမ်ထောင်စု ၈၄.၄၄% ကျော်က ဂျူးမြစ်ဟင်းလျာ ကို ပြင်ဆင်ရာ၌ ပေါင်းခြင်း၊ ဖုတ်ခြင်း (maroi napakpi paknum) ကို အသုံးပြုကြသည်။ အိမ်ထောင်စု ၆၈.၈၉% က ဆီပူထဲ နှစ်ကျော်သည့် နည်း (maroi napakpi Bora) ကို သုံးကြသည်။ Maroi napakpi Kangsoy နည်းကို ၆၂.၂၂% က လည်းကောင်း၊ maroi napakpiyerum tal နည်းကို ၅၅.၅၅% ကလည်းကောင်း၊ maroi napakpi pakoura နည်းကို ၄၈% ကျော်တို့က လည်းကောင်း အသုံးပြုကြပါသည်။ အိမ်ထောင်စုအများဆုံး ဖြစ်သည့် ၉၈.၈၉% (သို့) အိမ်ထောင်စု အားလုံးလိုလိုက ဂျူးမြစ်ကို ဟင်းခတ်မဆလာ အမွှေးအကြိုင်တို့ဖြင့် ချက်စားကြပါသည်။ ချက်ပြုတ်နည်းမျိုးစုံတို့၏ စားသုံးမှု ကြိမ်နှုန်းက မိသားစုအစာ ဖူလုံရေးအတွက် ဂျူးမြစ်အရေးပါပုံကို ဖော်ပြလျက်ရှိသည်။ စာရင်းပြုစုထားသော ချက်ပြုတ်နည်းများသည် ကြီးကျယ်သော အလှူပွဲများ၊ အစဉ်အလာ ရိုးရာအလှူပွဲများ၊ ပါတီပွဲများ နှင့် ဟိုတယ် နှင့် စားတော်ဆက်များတွင် လူကြိုက်များသော ချက်ပြုတ်နည်းများ ဖြစ်ပါသည်။ ထို့အတွက်ကြောင့် ဤဒေသဆိုင်ရာ
အစဉ်အလာစားသုံးပင်သည် အိမ်ထောင်စုများ၏ အစာဖူလုံရေးနှင့် အစားအသောက်မျိုး ပိုမိုစုံလင်မှုကို ပေးရုံမက၊ အိမ်ထောင်စုများအတွက် ၀င်ငွေရရှိမှုကို အထောက်အကူပြုသည်။ ဂျူးမြစ်သည် ကြက်သွန်နီထက် စုစုပေါင်း ပရိုတိန်း၊ သကြားဓါတ်၊ အမျှင် အက်စ်ကောဘစ် အက်ဆစ်၊ ဖိုင်တိုစတာရောလ်နှင့် စုစုပေါင်း ဖီနောလ်ပမာဏ ပိုမိုပါဝင်ရုံတင်မက စုစုပေါင်း အဆီဓါတ်ပါဝင်မှု ပိုမိုလျော့နည်းသည်။ပရိုတိန်း၊ အက်စ်ကောဘစ်အက်ဆစ်ပမာဏ ပိုမိုရှိခြင်း နှင့် အဆီဓါတ်ပိုမိုလျော့နည်းခြင်းသည် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာ၏ လက္ခဏာ တစ်ရပ်ဖြစ်ပေသည်။ ထို့ပြင် စုစုပေါင်း ဖိုင်တိုစတာရောလ် ပိုမိုပါဝင်မှု (၁၀၀ ဂရမ် fresh weight တွင် ၀.၅ ဂရမ်)
နှင့် စုစုပေါင်း ဖီနောလ်များပြားသော ပမာဏပါဝင်မှု (၁၀၀ဂရမ် dry weight တွင် ၂၈ဂရမ်) တို့သည်လည်း ကျန်းမာရေးနှင့် ညီညွတ်သော နောက်လက္ခဏာတစ်ရပ်ဖြစ်ပေသည်။ အာဟာရဓါတ်များ ပိုမိုပါဝင်မှု အပြင် ဂျူးမြစ်၏ အနံ့နှင့် အရသာသည် ပိုမိုကောင်းမွန်သဖြင့် ကြက်သွန်နီထက် ပိုမိုကောင်းမွန်သော အစားထိုးအစားအစာဖြစ်ပြီး ထိုက်တန်သော ဖြည့်စွက်ဟင်းသီးဟင်းရွက် သို့မဟုတ် ဟင်းခတ်အမွှေးအကြိုင် ဖြစ်ပေသည်။ လူကြိုက်များပြီး ၀ယ်လိုအားမြင့်မားသော်လည်းဂျူးမြစ်ကိုအလွန်အကျူးနုတ်သိမ်းမှုကြောင့်လည်းကောင်း၊စိုက်ပျိုးမှုနည်းပါးခြင်းကြောင့်လည်းကောင်း အသုံးပြုမှုမှာ နည်းပါးလာလျက်ရှိသည်။ ၄င်းတို့၏ ဆေးဖက်ဝင်သည့် အာနိသင်ကြောင့် ကမ္ဘာ့ဈေးကွက်များတွင် ဈေးနှုန်းမြင့်မားသော ဖီနောလ်နှင့် ဖိုင်တိုစတာရောလ်တို့ကို ဂျူးမြစ်တွင် တွေ့ရှိရသည်။ သစ်သီးများ၊ဟင်းသီးဟင်းရွက်များ၊ လဘက်ရည်နှင့် ၀ိုင်အရက်တို့၏ စိတ်သက်သာတည်ငြိမ်မှု ရစေသော အာနိသင် (therapeutic benefits) သည်၎င်းတို့တွင် ပါဝင်သော ဖီနောလ်ဓါတ်ရောများကြောင့် ဖြစ်သည်ဟု များသောအားဖြင့် ယူဆကြသည်။အစာအိမ်အူလမ်းကြောင်းတွင်ကိုလက်စ်ထရောလ်စိမ့်ဝင်ခြင်းရာခိုင်နှုန်းသည်ဖိုင်တိုစတာရောလ်များများစားသုံးသည်နှင့် အမျှ လျှော့နည်းကျဆင်းကာ အစားအစာမှတစ်ဆင့် ကိုလက်စ်ထရောလ်ဝင်ရောက်မှုကို လျော့နည်းကျဆင်းစေပါသည်။ ဖိုင်တိုစတာရောလ်သည် LDL ကိုလက်စ်စတာရောလ်အရည် (serum cholesterol) ဖြစ်တည်မှုကို အရေးပါသော အတိုင်းအတာတစ်ခုအထိလျှော့ချပေးသည်။ဖိုင်တိုစတာရောလ်အားကိုလက်စ်ထရောလ် လျော့ချသော ပစ္စည်းအဖြစ် စားသောက်ကုန်ပစ္စည်းများတွင် အသုံးပြုသည်။ အစားအသောက်များတွင် ဖိုင်တိုစတာရောလ်ကို ဘေးကင်းစွာရောစပ်နိုင်ပြီး ၄င်းတို့၏ စိမ့်ဝင်မှုမှာ တည်ငြိမ်ကာ သွေးရည်ကြည် (plasma) အတိုင်းအဆမှာလည်း သေးငယ်ပါသည်။ အစားအစာမျိုးစုံတွင် ပါဝင်သော ဖိုင်တိုစတာရောလ်၏ ပျမ်းမျှပမာဏကို တိုးမြှင့်ခြင်းအားဖြင့်ပြည်သူလူထုအတွက်ကိုလက်စ်ထရောလ်ကျဆင်းရန်နှင့်နှလုံးသွေးကြောဆိုင်ရာရောဂါကာကွယ်ရေးအတွက် အရေးကြီးသော လုပ်ဆောင်မှုတစ်ရပ် ဖြစ်နိုင်ပါသည်။Wu နှင့် အပေါင်းအပါတို့၏ အဆိုအရ၊ ဖလေဗွန်နွိုက် (flavonoids) တို့သည် ပိုလီဖင်နိုလစ်ဓါတ်ပေါင်းများ (polyphenolic compounds) ဖြစ်ကာ၊ အဆိပ်မတက်သော အတိုင်းအဆဖြစ်သော အတိုင်းအဆတွင် ဆေးဝါးအသုံးပြုကုသမှု၌ ပိုမိုထိရောက်စေပါ
သည်။ဖလေဗွန်နွိုက်(ပိုလီဖင်နိုလစ်)ပိုမိုသုံးစွဲမှုသည်နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်မှုနိမ့်ဆင်းလျော့နည်းလာ ခြင်းနှင့် တိုက်ရိုက်ဆက်နွယ်နေပါသည်။ ဓါတ်တိုးခြင်းကို အားမပေးသော ဖင်နိုလစ်(Phenolic antioxidant) သည် အလွန်အကျူးဓါတ်တိုးခြင်းကို အားပေးမှုမရှိဘဲ၊ လူတို့ရှိ သာမန်ဇီဝကမ္မရုပ်ဖြစ်ပေါ်မှု အပေါ် ဆိုးကျိုးများကို လျော့နည်းစေပါသည်။ထုတ်ယူထားသောအပင်မှဖင်နိုလစ်ကိုဖြည့်စွက်အစာနှင့်အလှကုန်ပစ္စည်းထုတ်လုပ်မှုတို့တွင်အသုံးပြုနိုင်ပါသည်။လေ့လာဆန်းစစ်ချက်အချို့က စုစုပေါင်း ဖင်နိုလစ် ပါဝင်မှု သည် ဓါတ်တိုးခြင်းကို အားမပေးမှုနှင့် များစွာတိုက်ရိုက်ဆက်နွယ်နေကြောင်းကိုသက်သေပြခဲ့ပါသည်။ဖိုင်တိုစတာရောလ်၏ထိရောက်မှုသည်အစားအစာမှရသောအဆီဓါတ်နှင့်သီးခြားကင်းလွတ်စွာ ရှိနေကြောင်းတွေ့ရပါသည်။ ထို့ကြောင့် ဖိုင်တိုစတာရောလ်ကို အဆီဓါတ်နည်းသော အစားအစာများတွင် ထည့်သွင်းကာအဆီဓါတ်နှင့်ကိုလက်စ် ထရောလ်နည်းသော အစားအစာများကိုဖန်တီးလျက်ကျန်းမာရေးအထောက်အကူပြု အဆီဓါတ်တိုးတက်မှုရှိအောင် ဆောင်ရွက်မှုများ ရှိလာခဲ့ပါသည်။ ဂျူးမြစ်မှ ထုတ်ယူသောအီသိုင်လ်အက်စီတိတ် (ethyl acetate) သည် အလွန်သေးငယ်သော သက်ရှိ (microorganisms) တိုးပွားမှုအတွက် အကောင်းဆုံး အဟန့် အတားဖြစ်သည်။ ဖိုင်တိုစတာရောလ်၊ ဖီနောလ်၊ အက်စ်ကောဘစ် အက်ဆစ်နှင့် အမျှင်ပမာဏမြင့်မား စွာပါဝင်ပြီး အဆီဓါတ်နည်းသော ဂျူးမြစ်ကို ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာအဖြစ် သတ်မှတ်၍ရသည်။ တိုင်းရင်းဆေးဆရာများနှင့် ဆေးကျမ်း များထံမှ ရရှိသော အချက်အလက်များအရ ဂျူးမြစ်ကို ဟင်းသီးဟင်း ရွက်အဖြစ် စားသုံးသည့်တိုင် သွေးတိုး၊ အစာအိမ်အနာပေါက်ခြင်းနှင့် ခန္ဓာကိုယ်အပူချိန် အလွန်မြင့်တက်ခြင်းတို့ကို လျော့နည်းစေသော အာနိသင်ကို ရရှိပါသည်။ ထို့ကြောင့် ဂျူးမြစ်ကို ဖြည့်စွက်အစာအဖြစ် စားသုံးခြင်းသည် တစ်ချိန် တည်းမှာ ရောဂါများမှ အကာ အကွယ်ပေးသည့် အာနိသင်ကိုလည်း ရရှိပါသည်။
နိဂုံး
ဆန်းစစ်လေ့လာချက်သည် မဏိပူရလူမျိုးများ ကြိုက်နှစ်သက်သည့် မေထိုင်း လူမျိုးတို့၏ ဂျူးမြစ်ချက်ပြုတ်ပုံများကို စာရင်းပြုစု မှတ်တမ်းတင်ထားပါသည်။

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform