ကော်ဖီနှင့်ကျန်းမာရေး
~ ကော်ဖီ သောက်ရန် အသင့်တော်ဆုံးအချိန်~
၉-ရာစုလောက်ကတည်းကအီသီယိုးပီးယားနိုင်ငံမှာစပြီးသောက်သုံးခဲ့တဲ့ ကော်ဖီဟာ၊ ၁၆-ရာစုနှစ်ရောက်တဲ့အခါမှာတော့ “အာရေဗျ ၀ိုင်” လို
့ရေပန်းစားလာခဲ့ပြီး၊ ယနေ့  ထိတိုင် ကမ္ဘာသုံးအဖျော်ယမကာအဖြစ်
လူမျိုးမရွေး/ဘာသာမရွေးအာသာငမ်းငမ်းသောက်သုံးလျှက်ရှိနေကြပါတယ်။ သူ့ ရဲ
့အတန်ငယ်ခါးသက်သက်အရသာလေး က လျှာရင်းမြက်စေသလို၊ နက်ရှိုင်းတဲ့ ရနံ့ 
လေးကို ရှုရှိုက်လိုက်တဲ့အခါတိုင်း စိတ် ဘ၀င်ကိုကြည်လင်လန်းဆန်းသွားစေတယ်လို
့ကော်ဖီချစ်သူတွေက မှတ်ချက်ချကြပါ တယ်။
(ကော်ဖီနဲ့  ကျမ္မာရေး )
Aroma မျိုးနွယ်ဝင်ဖြစ်တဲ့ အပင်မှရရှိတာကြောင့်လည်း ကော်ဖီက (၁)ပါကင်ဆန်
(ခေါ်) အသက်ကြီး၍ ခြေတုန်လက်တုန်ရောဂါများ နဲ့ အယ်လ်ဇိုင်းမား
(ခေါ်)ဦးနှောက် ဇရာကြိုရောဂါများ ဖြစ်နိုင်ချေကိုလျော့ချပေးနိုင်လို့ 
အသက် ၆၅ နှစ်အထက် သက်ကြီး ပိုင်းတွေကို ကဖိန်းဓာတ်နဲတဲ့
ကော်ဖီပျော့ပျော့တိုက်ကျွေးသင့်တယ်လို့ the University of South Florida
နှင့် the University of Miami တို့ မှ သုတေသီများက အကြံပြု ထားပါတယ်
(၂)အချိုမပါတဲ့ကော်ဖီ တနေ့ ၂-ခွက်ပုံမှန် သောက်ခြင်းက ဆီးချို အမှတ်-၂
ဖြစ်နိုင်ခြေကို ၅၀% လျော့ချပေးကြောင်းThe American Chemical Society က
အကြံပြု ထားပါတယ် (၃) ကဖိန်းဓာတ်က သွေးထဲမှာရှိတဲ့ ဖက်တီးအက် ဆစ်
ပမာဏကိုတိုးပွားစေကာ၊ ထိုအက်ဆစ်တွေကို ခန္ဒာကိုယ်
ကြွက်သားများကစုပ်ယူလောင်မြိုက်ပေးတာမို
့ကိုယ်လက်ကိုက်ခဲနာကျင်ခြင်းကိုသက်သာစေတာကြောင့် အထူးသဖြင့် မာရ သွန်၊
ပြေးခုန်ပစ်၊ ကြက်တောင် နဲ့ စက်ဘီးစီး အားကစားသ မားတွေအတွက်
အထောက်အကူပြုတယ်လို့  The New York Times မှာဖော်ပြ သွားခဲ့ပါတယ် (၄)
အမျိုးသား၊ အမျိုးသမီး ဦးရေစုစုပေါင်း တစ်သိန်းကျော်ကို အနှစ် ၂၀-ကြာ
သုတေသနပြုပြီး တဲ့အခါမှာ ကော်ဖီက အရေပြားကင်ဆာနဲ့ ရင်သား ကင်ဆာတွေ
ဖြစ်နိုင်ချေနည်းပါးစေတယ်လို့  Brigham and Women's Hospital မှ
အကြံပြုထားပါတယ် (၅) ကော်ဖီသောက်ပြီးတဲ့အခါ စိတ်ကိုလန်းဆန်းပျော်ရွှင်လာစေ
တာကြောင့် ဆယ်ကျော် သက်များ မိမိကိုယ်ကိုသေကြောင်းကြံစည်လိုမှု ၅၀% လျော့
ချပေးနိုင်ကြောင်း the Harvard School of Public Health မှ အ
တည်ပြုထားပါတယ် (၆) ကိုရီးယားနိုင်ငံ Seoul National University က
ကြွက်များ နဲ့ စမ်းသပ်ပြီးနောက် မှာ ကော်ဖီက စိတ်
ကျရောဂါကိုပျောက်ကင်းစေတဲ့အပြင် လိင်စိတ်နိုးကြွစေတယ် လို့ ဆိုပါတယ် (၇)
၂၀၀၆ ခုနှစ်က အမေရိကန်မှာ အရက်စွဲနေသူ ပေါင်း တစ်သိန်းနှ စ်သောင်းကျော်ကို
၂၂-နှစ်ကြာ သုတေသနပြုချက်များအရ၊ နေ့ စဉ် ကော်ဖီ
၁-ခွက်ပုံမှန်သောက်သူတွေမှာ အရက်ကြောင့်ဖြစ်တဲ့ အသည်းခြောက်ရောဂါ ဖြစ်
နိုင်ခြေအ လားအလာ ၂၀%မျှ လျော့ကျစေပါတယ်တဲ့ (၈) ကော်ဖီက အရွယ်
တင်နုပျိုစေတဲ့အပြင် သည်းခြေအိတ်ကျောက်တည်ခြင်း/ မကြာခဏမျက်စိပုတ်ခတ်
ပုတ်ခတ် လုပ်သူများ/သွားပိုးစားခြင်း/ဂေါက် (ခေါ်)အဆစ်မြစ်ရောင်ရမ်းနာများ
စသည်တို့ အတွက် ဆေးဘက်ဝင်တယ်လို့ ကျမ္မာရေးသုတေသီတွေကဆိုထားကြပါတယ် (၉)
ဒါတင်မကသေးပါဘူး။ ကော်ဖီက လူ့  သငံရည်(သားနံရည်)ကြောအဖွဲ့  အစည်း ကို
အဆိပ်အတောက်ပြေစေတာကြောင့် အထူး သဖြင့် orange peel(ခေါ်) အရေပြား
အဖုအထစ်ကြမ်းတမ်းခြင်းကိုသက်သာစေနိုင်လို့  အရေပြားရောဂါရှိ သူများ
ကော်ဖီမှုန့်  နဲ့ ပြုလုပ်ထားတဲ့ ဆပ်ပြာ၊ ကရင်မ်၊ လိုးရှင်းတွေကို
အသုံးပြုသင့် ပါကြောင်း လှပမှုဆိုင်ရာအရေပြားရောဂါဗေဒပညာရှင်တွေက ၂၀၁၃
ခုနှစ် ဇူလိုင်လ ၁၃ ရက် နေ့ က Beauty Mantra(ခေါ်)အမေရိကန်အလှအပဆိုင်ရာ
အင်တာနက်စာမျက်မှာ အကြံပြု ထားပါတယ်။
(ကော်ဖီ နဲ့ ဘေးထွက်ဆိုးကျိုး)
ကော်ဖီက အထက်ပါကျမ္မာရေးအကျိုးကျေးဇူးတွေပေးစွမ်းနိုင်သော် လဲဘဲ၊ မွေးရာပါ
ကိုယ်ခံအား နည်းသူများ၊ ကဖိန်းဓာတ်နဲ့ ဓာတ်မတည့်သူများ၊ ကဖိန်း ဓာတ်ပြင်ြး
ပင်း သောက်သုံးသူများနဲ့  ကော်ဖီအမှုန့် တွေကို မစစ်ခံဘဲ
သောက်မိတဲ့အခါများမှာ ခန္ဒာကိုယ်ကိုအကျိုးယုတ်စေတဲ့ LDL
ကိုလက်စထရောတွေမြင့်တက်လာပြီး (၁) နှ လုံးသွေးကြောရော ဂါ(၂)
အစာအိမ်အချဉ်ဖောက်(၃) အာရုံကြောကိုနှိုးဆွပေး လို့  အိပ်မပျော်ကတုန်ကယင်(၄)
သွေးတိုး(၅) ကော်ဖီအသောက်များ တဲ့ ကလေးငယ်တွေ မှာ
ခန္ဓာကိုယ်ကြီးထွားမှုနှေုာင့်နှေးခြင်း (၆) ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ
သားလျောခြင်း (၇) အရိုးပါး (၈) အစာအိမ်၊ အူလမ်းကြောင်း အတွင်းဖုံးလွှာထိ
ခိုက်ခြင်း (၉) သွားတွေညိုမည်းခြင်း စတဲ့ဘေးထွက်ဆိုးကျိုးများ ဖြစ်စေပါ
တယ်တဲ့။
(ကော်ဖီ သောက်သင့် မသောက်သင့်)
ဒါကြောင့် ကျမ္မာရေးအမြင်ကျယ်လာတာနဲ့ အမျှ “ကော်ဖီ ကောင်း၏-ဆိုး၏” ဟူ၍ ကာလ
ကြာရှည်အငြင်းပွားလျှက်ရှိနေကြပါတယ်။ ယနေ့ အမေရိကန်မှာတော့ ကော်ဖီ ကရတဲ့
ကဖိန်းဓာတ်နဲ့  homeopathic medicine (ခေါ်)လူကောင်းအတွက်ရောဂါ ရစေပြီး
လူနာများအတွက်ရောဂါပျောက်စေတဲ့ ကုထုံးကို အောင်မြင်စွာ ကုသ နိုင်ပြီလို
့ဆိုထားပါတယ်။
(ကော်ဖီသောက်ရန် အသင့်တော်ဆုံးအချိန်)
နံက်အိပ်ယာနိုးထလာတဲ့အခါ ခန္ဒာကိုယ်ထဲမှာ Cortisol ဟိုမုန်းပမာဏမြင့် တက် နေ
ချိန်ဖြစ်ပြီး၊ အဲဒီအချိန်ကော်ဖီသောက်လိုက်တဲ့အခါမှာ ကဖိန်းဓာတ်တွေနဲ
့ဟိုမုန်း တို့ ဓာတ်ပြုကြပြီးနောက် ခန္ဒာကိုယ်ရဲ့ ဇီဝ ကမ္မဖြစ်စဉ်ကို ကောင်း
မွန်အောင်နှိုးေ ဆ်ာပေး ပါတယ်။ ဒါကြောင့် နိုင်ငံတကာဆေးသုတေသီတွေရဲ့ 
လေ့လာစမ်းစစ်မှုအရ၊ နံက် အိပ်ယာမှနိုးထပြီးနောက် တစ်နာရီခန့် အကြာဟာ
ကော်ဖီသောက်ရန် အသင့်ေ တ်ာဆုံးအချိန်ဖြစ်ပါတယ်တဲ့။ ထို့ ပြင် နေ့ လည်
စာစားပြီးနောက် တစ်နာရီကျော် အကြာ နဲ့  ညနေခင်းအချိန်တွေကလည်း
ကော်ဖီသောက်ရန် သင့်တော်ကောင်းမွန်တဲ့ အချိန် များပါဘဲ။ သို့ သော်
တန်ဆေးလွန်ဘေး ဖြစ်တတ်တာကြောင့် ကျန်းမာေ ရးကောင်း မွန်သူ တစ်ယောက်အတွက်
ကော်ဖီကို တစ်နေ့  ၃-ခွက်ထက်ပို မသောက် သင့်ပါဘူး။ ကော်ဖီကို တနေ့ 
၃-ခွက်ထက်ပိုသောက်သူတွေမှာ ကျောက်ကပ်ပျက်စီး၍ ဆီးတ စက်စက်ကျရောဂါများနဲ့ 
အရိုးပါးရောဂါတွေဖြစ်လာစေတတ်ပါတယ်။ အကယ်၍ တစ်နေ့ ၎-ခွက်နဲ့ အထက်
သောက်သုံးသူ များမှာ အချိန်မတိုင်မီ အသက် တိုစေ နိုင်ပါတယ်။ ဒါ့ပြင်
ကော်ဖီကို ပါရာစီတမောလ် အကိုက်အခဲပျောက်ဆေးေ တွနဲ့ (လုံးဝ)တွဲ
မသောက်သင့်ပါကြောင်း၊ ကလေးငယ်များ/သက်ကြီးရွယ်အိုများနဲ့ 
ကျန်းမာရေးမကောင်း၍ကိုယ်ခံအားနည်းသူများအဖို့  ကော်ဖီ ကို လျော့သောက်
သင့်ပါကြောင်း အကြံပြုလိုက်ပါရစေ။
20-12-2013 နေ့ ထုတ် ကြေးမုံသတင်းစာ (စာမျက်နှာ ၁၇) မှာ ပါရှိတဲ့ဆောင်း
ပါးလေးပါ။ FB မှ စာဖတ်မိတ်ဆွေများ ကျမ္မာသုတရစေဖို့ မျှဝေလိုက်ရပါတယ်ရှင်။
(ဆောင်းပါးရှင်.....ပေါက်ပေါက်




0 comments:
Post a Comment