စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday, 9 January 2014

ခေါင်းအစ ခြေအဆုံး လှပစေရန်အဆီတို့၏ အသုံးဝင်ပုံများ

ခေါင်းအစ ခြေအဆုံး လှပစေရန်အဆီတို့၏ အသုံးဝင်ပုံများ
===============================
ခန္ဓာကိုယ်တွင် လိမ်းသော ကိုယ်လိမ်းအဆီ

ဘယ်လို အာနိသင်ရှိသလဲ

အလေးချိန်ပေါ့ပါးပြီး အိုမီဂါ ဖက်တီးအက်စစ်အပြည့်ပါတဲ့ ဂျိုဂျိုးဘားဆီလို အဆီဟာ အရေပြားရဲ့ အဆီအကာအကွယ်ကို သန်စွမ်းစေပြီး အရေပြားခြောက်သွေ့မှုနဲ့ အက်ကွဲတာ မဖြစ်အောင် အရေပြားကို အကာအကွယ်ပေးပါတယ်။ ရေပူနဲ့ ချိုးတာ၊ နေဒဏ်ခံရတာနဲ့ ဓာတုပစ္စည်းတွေ သုံးတာကြောင့် ဖြစ်တတ်တဲ့ အရေပြားခြောက်သွေ့ အက်ကွဲမှုကို ကာကွယ်နိုင်ပါတယ်။

ဘယ်လို သုံးသင့်သလဲ

နေ့တိုင်း တစ်ကိုယ်လုံးအနှံ့ အဆီအစက်အနည်းငယ် လိမ်းပေးပါ။ အထူးသဖြင့် တံတောင်ဆစ်၊ ဒူးနဲ့ ခြောက်သွေ့တဲ့ အရေပြားအစိတ်အပိုင်းတွေပေါ် အဓိက လိမ်းပေးပါ။

အနှိပ်ခံရင်း လိမ်းသောအဆီ

အများအားဖြင့် စန္ဒကူးဆီ၊ နေကြာဆီတို့လို အဆီကို အနှိပ်ခံရင်း လိမ်းလေ့ရှိကြပါတယ်။

ဘယ်လို အာနိသင်ရှိသလဲ

ရနံ့မွှေးပြီး သစ်သားရနံ့လို သင်းပျံ့တဲ့ အနှိပ်ခံဆီမှာ အင်တီအောက်ဆီးဒင့်ဂုဏ်သတ္တိ ရှိပါတယ်။ ဒီအဆီဟာ ပိုးသားလို နူးညံ့ပြီး အနှိပ်ခံနေစဉ်အတွင်း ကြွက်သားတောင့်တင်းမှုကို ပြေလျော့စေပါတယ်။ စန္ဒကူးဆီဟာ အသားအရေကို ချောမွေ့စေပြီး အိုမင်းမှု လက္ခဏာတွေကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။

ဘယ်လို သုံးသင့်သလဲ

အနှိပ်မခံခင် အရေပြားထဲ စိမ့်ဝင်အောင် လိမ်းပေးပါ။ ဒါဆိုရင် ရေချိုးတဲ့အခါ အရေပြားခြောက်သွေ့မှု မဖြစ်စေဖို့ ကာကွယ်ပေးပါလိမ့်မယ်။

ဆံပင်လိမ်းသော အဆီ

ဘယ်လို အာနိသင်ရှိသလဲ

ဆံပင်လိမ်းဆီအဖြစ် အုန်းဆီ၊ သံလွင်ဆီ၊ မကယ်ဒေးမီးယားဆီတို့ကို သုံးပါ။ မရှိမဖြစ် အိုမီဂါဖက်တီးအက်စစ် ပါဝင်တာကြောင့် ဆံပင်သားခြောက်သွေ့မှု ကင်းစေပြီး စိုပြည်ကြည့်ကောင်းစေပါတယ်။

ဘယ်လို သုံးသင့်သလဲ

ခေါင်းလျှော်ပြီးစ ဆံပင်သား လုံးဝမခြောက်သွေ့ခင်မှာ ဆံပင်လိမ်းဆီတစ်မျိုးမျိုး လိမ်းပေးသင့်ပါတယ်။

လက်သည်း လိမ်းသောအဆီ

ဘယ်လို အာနိသင်ရှိသလဲ

လက်သည်းဖျက်ဆေးအနေနဲ့ လက်ဖက်ဆီနဲ့ ဗီတာမင်အီးအဆီတို့ ပါဝင်တဲ့အမျိုးအစားကို သုံးသင့်ပါတယ်။ ပုံမှန်လက်သည်းဖျက်ဆေးတွေမှာ ကြမ်းတမ်းတဲ့ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် အဆီပါဝင်တဲ့ လက်သည်းဖျက်ဆေးကို သုံးသင့်ပါတယ်။

ဘယ်လို သုံးသင့်သလဲ

ဝါဂွမ်းစကို ဖျက်ဆေးထဲ ဆွတ်ပြီးလက်သည်းကို ပွတ်တိုက် သန့်စင်ပေးပါ။

မျက်နှာအတွက် လိမ်းသောအဆီ

ဘယ်လို အာနိသင်ရှိသလဲ

မျက်နှာကို လိမ်းတဲ့ အဆီဟာ သံလွင်ဆီလို သဘာဝအဆီကို လိမ်းသင့်ပြီး မျက်နှာအသားအရေ တင်းရင်းပျော့ပျောင်းစေပါတယ်။ အသားအရေခြောက်သွေ့နေချိန်မှာ ဂလစ်ဆရင်း အလှဆီကို လိမ်းပေးသင့်ပါတယ်။

ဘယ်လို သုံးသင့်သလဲ

မျက်နှာကို သန့်စင်ပြီးချိန်မှာ အဆီအစက်အနည်းငယ် လိမ်းပြီး နှိပ်နယ်ပေးပါ။

ညလိမ်းအဆီ

ဘယ်လို အာနိသင်ရှိသလဲ

အိုမီဂါ ၃ နဲ့ ၆ ဖက်တီးအက်စစ်များစွာ ပါဝင်တဲ့ Evening Primose Oil၊ ဗီတာမင်အီး စတာတွေကို အိပ်ရာမဝင်ခင် လိမ်းပေးရင် အသားအရေကို နူးညံ့စိုပြည် အားပြည့်စေပါတယ်။

ဘယ်လို သုံးသင့်သလဲ

ညအိပ်ရာမဝင်ခင် မျက်နှာသစ်ပြီး အဆီအစက်အနည်းငယ်ကို ပါးပြင်၊ နဖူးနဲ့ မေးစေ့နေရာတွေမှာ အညီအမျှ လိမ်းပေးသင့်ပါတယ်။

ကြယ်စင်

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform