စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday, 3 January 2014

၈-တန်းသာ အောင်သော ပါမောက္ခ

၈-တန်းသာ အောင်သော ပါမောက္ခ
တက္ကသိုလ်များတွင် များသောအားဖြင့် ပါမောက္ခများသည် ဘွဲ့ရသူများဖြစ်ကြသည်။ ဘွဲ့ဆိုလျှင်လည်း သာမန်ဘွဲ့မျှ မဟုတ်ပါ။ ပါရဂူ၊ အမ်အေ၊ အမ်အက်စ်စီ စသည့် ဘွဲ့ကြီးများ ရထားသူများ ဖြစ်ကြသည်။

သို့ရာတွင် အမေရိကန်ပြည်၊ ဗားမောင့်တက္ကသိုလ်မှ ခန္ဓာဗေဒပါမောက္ခ ဒါလက်စ်ဘိုရှေ-မှာမူ အံ့ဖွယ်ပုဂ္ဂိုလ်ထူး ဖြစ်သည်။ သူသည် လုံးဝ ဘွဲ့ရသူမဟုတ်ပေ။ ထို့ပြင် ၁၀-တန်းပင် မအောင်၊ ၈-တန်းသာအောင်သူ ဖြစ်သည်။

သူ၏အဖြစ်မှာ နတ်သမီးပုံပြင်ပမာ ဖြစ်သည်ဟူ၍ပင် ဆိုကြသည်။ သူသည် ခန္ဓာဗေဒဘာသာရပ်ကို အလွန်စိတ်ဝင်စားပြီး မိမိဘာသာ လေ့လာသင်ယူရာမှ ထိုဘာသာရပ်တွင် တဖက်ကမ်းခပ် တတ်မြောက်လာသူ ဖြစ်သည်။

ဘိုရှေသည် ဆင်းရဲသောမိဘများမှ မွေးဖွားလာသူဖြစ်သည်။ သူသည် ၈-တန်းအောင်သည်အထိသာ စားသင်ကြားနိုင်သည်။ ထို့နောက် အသက် ၁၆-နှစ်သားအရွယ် မတိုင်မီပင် ရရာအလုပ်ကို ၀င်ရောက်လုပ်ကိုင်ပြီး ၀မ်းကျောင်းရ ရှာသူဖြစ်သည်။

ကျွန်တော်ဟာ ရရာအလုပ်မျိုးစုံကို လုပ်ပြီးတဲ့နောက် အသက် ၁၇-နှစ်အရွယ်မှာ ဗားမောင့်တက္ကသိုလ်မှာ အလုပ်ရပါတယ်။ ကျွန်တော်ရတဲ့အလုပ်က ဓာတ်ခွဲခန်းမှာထားတဲ့ တိရစ္ဆာန်တွေရဲ့ လှောင်အိမ်တွေကို သန့်ရှင်းပေးရတဲ့ သန့်ရှင်းရေးသမား အလုပ်ပါ။ ဒါကိုလုပ်ရာက ကျွန်တော်ဟာ ခန္ဓာဗေဒပညာရပ်ကို အလွန်စိတ်ဝင်စားတာနဲ့ ပါမောက္ခတွေရဲ့ စာအုပ်တွေကို ငှားယူပြီး ညဘက်အချိန်မှာ မနားတမ်း ဖတ်ရှုလေ့လာခဲ့ပါတယ်။ ဒီကစပြီး ခန္ဓာဗေဒပညာရပ်ကို တဖြည်းဖြည်း နားလည်သဘောပေါက် လာပါတယ်-ဟူ၍ ဘိုရှေက ပြောပြသည်။

ဘိုရှေသည် ခန္ဓာဗေဒပညာရပ်တွင် တတ်မြောက်ကျွမ်းကျင်လာသဖြင့် စာသင်ခန်းအတွင်းရှိ အရိုးစုများကို ကူညီဆက်ပေးခဲ့ရသည်။ ထို့နောက် ပါမောက္ခ၏လက်ထောက်အကူအဖြစ် လူသေကောင်များကို ခွဲစိတ်ပြသခဲ့ရသည်။ ဆေးသင်တန်းသားများကို သင်ကြားပေးခဲ့ရသည်။ သူ၏ သင်ကြားပြသမှုတို့မှာ ထူးခြားကောင်းမွန်သဖြင့် မကြာမီ သူ့ကို သီးသန့်အတန်းတခုကို ကိုင်စေခဲ့သည်။ ပါမောက္ခအကူ မပါဘဲ ဆေးသင်တန်းသားများအား သင်ကြားပြသစေခဲ့သည်။

သူ၏စွမ်းဆောင်မှုကို သက်ဆိုင်ရာတို့က အားရသဖြင့် သရုပ်ပြဆရာ-အဖြစ် တရားဝင်ခန့်လိုက်သည်။ ဘိုရှေက တဖက်ကလည်း အနားမနေ၊ ခန္ဓာဗေဒပညာရပ်များကို ဆက်လက်လေ့လာဆည်းပူးခဲ့သည်။ သို့ဖြင့် သူ့ကို လက်ထောက်ပါမောက္ခ ခန့်အပ်ခဲ့သည်။ ထို့နောက် မကြာမီပင် ပါမောက္ခ ခန့်အပ်ခဲ့သည်။ အသက် ၆၂-နှစ်အရွယ်တွင် ပါမောက္ခ ဖြစ်လာခဲ့ပေသည်။

ကျွန်တော် ၈-တန်းပညာ အရည်အချင်းနဲ့ ပါမောက္ခဖြစ်လာတာ ပညာပါရမီထူးချွန်လို့ မဟုတ်ပါဘူး။ ခန္ဓာဗေဒပညာရပ်ကို စိတ်ဝင်စားပြီး မနားမနေ ကြိုးစားလို့ ဖြစ်လာတာပါ။ ဘယ်သူမဆို ပညာရပ်တခုခုကို တကယ်စိတ်ဝင်စားပြီး တကယ်ကြိုးစားရင် တနေ့မှာ ထွန်းပေါက်လာနိုင်ပါတယ်-ဟူ၍ ဘိုရှေက ဖွင့်ဟ ပြောဆိုပေသည်။အကိုး။ ။ People, January 1983.

(အောင်ထက်)

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform