
===================
အခုတလော တီဗီ ဗီဒီယိုဇာတ်လမ်းတွဲတွေ ကြည့်နေချိန်တွေကို စာအုပ်အဟောင်းတွေ ပြန်ရှာဖတ်နေဖြစ်ပါတယ်။ရွာေ
အောက်ပါ စာစုများက စကားထာ စာအုပ်ကနေ ထုတ်နုတ်ထားတာပါ ။ဗဟုသုတအဖြစ် ကူးမှတ်ထားလိုက်ပါတယ်။
စကားထာ ဆိုသောဝေါဟာရ၏ အနက်ကို အချို့ ပညာရှိများက “စကား+အတ္ထ=စကတ္ထ” တို့မှတဆင့် “စကားထာ”ဟူ၍ ဖြစ်လာကြောင်းပြောပါသည်။ အဓိပ္ပာယ်မှာ “စကား၏ အနက်”ဟုဆိုလိုပါသည်။
အချို့ပညာရှိများကလည်း “စကား+ထပန” ဟူသည့်ပုဒ်နှစ်ခုကို မြန်မာ့အသံဖြင့် ပေါင်း၍ဖတ်လျှင် “စကားထာပနာ”ဟု ရသည်ဖြစ်ရာ အတိုကောက်အားဖြင့် စကားထာ ဟုတွင်လာကြောင်း ပြောပါသည်။ ပါဠိဘာသာ “ထပန”ပုဒ်သည် သွင်းနှံထားရှိသည် (ဝါ) မြှပ်၍ထားသည် ဟူသောအနက် ကိုရပါသည်။ “ထပန” ကို မြန်မာတို့က မြန်မာသံဖြင့်ဖတ်လျှင် “ထာပနာ (ဝါ) ဌာပနာ” ဟုဖတ်ကြပါသည် ။
တချို့ ပညာရှိကြီးများကလည်း “စကားထာဟူသည်မှာ စကား၏အထာကို ဆိုလိုကြောင်း၊ မြန်မာစကားတွင် သူ့အထာဟုပြောလေ့ပြောထရှိကြရ
ဤစာရေးသူအနေနှင့်မူ မည်သည့်အယူအဆက မှန်သည် ဟု ဆုံးဖြတ်ရန်မဝံ့ပါ။ တစ်ခုသတိပြုမိသည်မှာကား ပါဠိဘာသာသက္ကဋဘာသာတို့တွင် အနက်အဓိပ္ပာယ်ကို မြှပ်ဝှက်၍ ရေးသော ပဟေဠိစကားများရှိကြပါသည်။ ထိုပဟေဠိစကားမျိုးမှမြန်မာမ
စကားထာအမျိုးအစားနှင့်ပတ်သက
-ကာရန်အားဖြင့် ဝှက်သော စကားထာ
-ဥပမာအားဖြင့် ဝှက်သောစကားထာ
-အနက်အားဖြင့် ဝှက်သောစကားထာ
-စကားလိမ်အားဖြင့် ဝှက်သောစကားထာ
-သင်္ချာအားဖြင့် ဝှက်သောစကားထာ ဟူ၍ခွဲခြားဖော်ပြထားသည်ကိုေ
အမျိုးအစားခွဲခြားပုံ မရှင်းလင်းဘဲ ထွေးရောယှက်တင် ဖြစ်၍နေပေသည်။ သို့ဖြစ်၍ ဤစာအုပ်တွင်မူ မြန်မာစကားထာများကို အမျိုးအစားအားဖြင့် (၆)မျိုးခွဲခြားဖော်ပြထားပါ
၁-စကားထာ(ရိုးရိုး)
၂-ကားလိမ်
၃-စကားဝှက်
၎-သင်္ချာစကားထာ
၅-ပုစ္ဆာစကားထာ
၆-ပုံပြင်စကားထာ ဟူ၍ဖြစ်ပါသည်။
==================
မှတ်ချင်တာတွေ ရေးမှတ်နေတာ ကော်ပီရိုက်နဲ့သာ တရားစွဲကြရင် ကျွန်မတော့.....အင်းးး :)မဖတ်ဖူးသေးတဲ့သူတွေအတွက် အလွယ်တကူမျှဝေလိုက်တာပါပဲ ။ တခြားဘာရယ်ရွယ်ချက်မှ မရှိပါဘူး။
နောက်ရက်များကျ မှ ပဲ စကားထာတစ်ချို့  ကို တင်ပါဦးမယ်။ဉာဏ်ကစားလို့ရတ
(မည်သူမဆိုမျှဝေယူနိုင်သညShwe Eaim Siရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည်)
0 comments:
Post a Comment