စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday, 4 January 2014

ကြီးကျယ်မြင့်မားသောဘ၀(ထောင်တစ်သက်ကျခံခဲ့ရသူဂျိမ်း(စ)ဒန်ကင်)

ကြီးကျယ်မြင့်မားသောဘ၀(ထောင်တစ်သက်ကျခံခဲ့ရသူဂျိမ်း(စ)ဒန်ကင်)

January 17, 2013 at 10:49pm
 ရဲလင်းခ
ဂျိမ်း(စ)ဒန်ကင်သည် အသက်၁၈နှစ်သားအရွယ်၊ကြေးစားဂေါက်သီးလောကတွင် နာမည်ရစပြုနေသည့် လူငယ်တစ်ယောက် ဖြစ်ခဲ့သည်။ သူ၏ ရိုက်ချက်များမျာတိကျသေသပ်သလောက် သူ၏ ကိုယ်နေဟန်ထားကလည်း အလွန်လှပရာ မကြာမီ ကျော်ကြားလာမည့် ချန်ပီယံလောင်းလျာတစ်ဦးအဖြစ် ဂေါက်သီးဝါသနာအိုးများမြင်ယောင်မျှော်မှန်းထားခဲ့မိကြ၏။
      သို့သော် အသက်၁၉နှစ်ပြည့်မွေးနေ့တင်မူ ဒန်ကင်သည် အကျဉ်းထောင်သို့ပို့ခြင်းခံခဲ့ရ၏။ သူသည် အရက်မှောင်ခိုသမားတစ်စုနှင့် ပက်သက်မိရာက လူသတ်မူတစ်ခုတွင် ပါဝင်ကာအခြားလူနှစ်ဦးနှင့်အတူ ဖမ်းဆီးခြင်းခံရလေသည်။
       သည်မျှငယ်ရွယ်စဉ်မျာပင် အလားလာရှိသော ဘ၀တစ်ခု တိခနဲ ၇ပ်စဲခြင်းခံလိုက်ရသူတစ်ယောက်အနေနှင့် လုံးဝနာလန်မထူနိုင်လောက်
အောင်အထိ စိတ်ဓာတ် ကျဆင်းသွားနိုင်၏။ သို့မဟုတ်လျှင်လဲ ငါ့ဘ၀ မထူးတော့ပြီးဆိုကာ အကျဉ်းထောင်ထဲမှာပင် ပိုဆိုးပိုမိုက်ကြမ်းတမ်းသူ
တစ်ဦး ဖြစ်သွားနိုင်၏။
        ဒန်ကင်သည်ဒီလိုမဟုတ်ပေ။
        သူသည် ထောင်တစ်သက် စီရင်ချက်ကို ခံယူပြီးသည့်နောက်မှပင် ကြွင်းကျန်သော သူ့ဘ၀ကို ဖြစ်နိုင်သမျှ အကောင်းဆုံး ပြန်လည်တည်
ဆောက်ရမည်ဟူသော အတွေးအခေါ်ရှိခဲ့သူဖြစ်၏။
         အကျဉ်းထောင်ေ၇ာက်စ ရက်ပိုင်းအတွင်းမျာပင် သူသည် သွားပွတ်တံလက်ကိုင်ထိပ်ရှိ အပေါက်ကို အခန်းနံရံက ချိတ်မှာချိတ်နိုင်ရန်
အတွက် မီးအပူပေးကာ စမ်းသပ်ပြုပြင်ကြည့်ရာမှ စိတ်)င်းစားသွားကာ လက်စွပ်၊ လက်ကောက် စသည့် ပလက်စတစ် အလှအပ ပစ္စ္စ္စ္စ္စ္စ္စ္စည်းများ တီထွင်ပြုလုပ်သော အလုပ်ကိုသူအာရုံစိုက်မိခဲ့၏။သူသည် စိတ်ကူးဥာဏ်ကောင်းသူ၊ လက်စလက်န ရှိသူဖြစ်ရာ သူ့ပစည်းကလေးမှာ ထောင်းတွင်း ရေပန်းစားရုံမက အပြင်သို့ပါ ရောင်းချရခဲ့သည်။
         သူသည်အာဏာပိုင်များထံ ခွင့်ပြုချက်တောင်းခံကာ ပလက်စတစ်နည်းပညာဆိုင်ရာ စာအုပ်စာတမ်းများ မှာယူလေ့လာခြင်း၊ပလက်စ
တစ် လုပ်ငန်းရှင်များထံ ဆက်သွယ်မေးမြန်းခြင်းဖြင့် တာဖြည်းဖြည်း ပိုပို ကျွမ်းကျင်လာကာ ကိုယ်တိုင်နည်းသစ်များထွင်နိုင်ပြီး ပြင်ပ
လုပ်ငန်းရှင်များ မပြုလုပ်ဖူးသေးသည့် ပစည်းများ၊လက်ရာအသစ်အဆန်းမျိုးများပင်ထုတ်လုပ်နိုင်လာခဲ့သည်။
          ဒန်ကင်သည် ပလက်စတစ်ပညာကို ကိုယ်တိုင်ဆက်လက်လေ့လာနေဆဲမှာပင် သူအပြစ်ဒဏ်ကျခံရာ နယူးဂျာစီပြည်နယ် အကျဉ်း
ထောင်အတွင်းရှိ အခြားစိတ်ပါဝင်းစားသူအကျဉ်းသား၁၃၅သီးတို့အားလည်း အာဏာပိုင်တို့၏ ခွင့်ပြုစီစသ်မူဖြင့် နည်းပညာသင်တန်းများ
ပေးခဲံသည်။
         သို့ဖြင့် ဒန်ကင်နှင့်သူ၏ အကျဉ်းစံ မိတ်ဆွေများသည် ထောင်းတွင်းလုပ်ငန်းရှင်များ၊ လက်မူပညာရှင်များ ဖြစ်လာကြသည်။သူတို့၏
လက်ရာများကိုပြင်ပသို့ေ၇ာင်းချခွင့်ရကြသဖြင့် ၀င်ငွေလဲအတော်ပင် ကောင်းခဲ့ကြသည်။ ကြွေးဟောင်းတွေ ဆပ်သူဆပ်၊အပြင်တွင်ကျန်
ရစ်သည့်မိသားစုကို ထောင်းတွင်းမှ လှမ်းပြီး ထောက်ပံ့သူထောက်ပံ့နှင့် အဆင်ပြေနေကြသည်။ အတော်များများပင် ဘဏ်တွင်ငွေစာရင်း ဖွင့်ထားနိုင်ကြပြီး အချို့ဆိုလျှင် ၀င်ငွေခွန်ပေး ဆောင်ရသည့်အဆင့်သို့ပင်ရောက်ရှိခဲ့သည်။
        ကျွန်တော်ပြောချင်တာက ဘ၀ဆိုတာမခန့်မှန်းနိုင်ပါဘူး တက်ချင်ရင်တက်မယ် ကျချင်ရင်ကျမယ် တက်ချိန်ကျရင်လဲပိုကြိုးစားရမယ်
ကျသွားရင်လဲ ဘယ်တော့မှအားမယုတ်ဘဲ ပြန်ကြိုးစားရမယ် ။ ဒီယူစချက်တွေမှန်ကန်မယ်လို့ ကျွန်တော်ထင်ပါတယ်။

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform