စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday, 9 January 2014

ဝစေသောအစားအစာများနှင့် မ၀စေသောအစားအစာများ

ဝစေသောအစားအစာများနှင့် မ၀စေသောအစားအစာများ
Thursday, August 8, 2013

(၁) အာလူးချောင်းကြော်နဲ့ ပေါက်ပေါက်ဆုပ်

ပေါက်ပေါက်ဟာ ကြွပ်ရွပြီး အရသာ ရှိရုံတင်မက အဆီဓာတ်နည်းပြီး အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာပါ။ ဒါ့အပြင် ကြိုက်သလောက် စားလို့ရတဲ့အတွက် စားရတာ တင်းတိမ်တာပေါ့။

ထောပတ်ပေါက်ပေါက်စားမယ်ဆိုရင်တော့ အဆီထုတ်ထားတဲ့ ထောပတ်နဲ့ လှော်ထားတဲ့ ပေါက်ပေါက် ကို ရွေးချယ်စားပါ။

အာလူးကြော်မှာ အဆီပါဝင်မှု အရမ်းများပါတယ်။ နည်းနည်းလေး စားရုံနဲ့လည်း အားမရတဲ့အတွက် တစ်ခါစားရင် အနည်းဆုံး တစ်ဆယ်သားကျော်ကျော်လောက် တော့ ၀င်သွားပါတယ်။

အာလူးကြော်ကြိုက်တယ်ဆိုရင်ဆီနဲ့ ကြော် ထားတာကို မရွေးဘဲ Oven ထဲမှာ ဖုတ်ထားတဲ့ အမျိုး အစားကို ရွေးချယ်စားပါ။ ပြီးရင် အများကြီး မစားမိအောင် ထိန်းပါ။


(၂) သဘာဝ သစ်သီးဖျော်ရည်ကို ရွေးပါ။

အသီးစစ်စစ်နဲ့ဖျော်တဲ့ တစ်ရာ ရာခိုင်နှုန်း သဘာဝ သစ်သီးရည်မှာ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေနဲ့ ရောဂါကို ကာကွယ်တိုက်ခိုက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (anti-Oxidients)တွေ အမြောက်အမြား ပါဝင်ပါတယ်။ သစ်သီး လတ်လတ်ဆတ်ဆတ်ကို အလုံးလိုက်စားတာက ပထမ အကောင်းဆုံးဖြစ်ပြီး သစ်သီးတွေကို ဖျော်ရည်ကြိတ်သောက် တာက ဒုတိယအကောင်းဆုံးပါ။

လိမ္မော်၊ နာနတ်ဆီ စသည်ဖြင့် ရေနဲ့ထပ်မံ ဖျော်စပ်ရတဲ့ ဖျော်ရည်ဆီတွေမှာ သကြားနဲ့ ကယ်လိုရီတွေ များပြားစွာ ပါဝင်နေပါတယ်။

(၃) အရသာကောင်းကောင်းနဲ့ အဆီနည်းနည်း ဖြစ်အောင် စားပါ။

ဒိန်ချဉ်၊ အသီး၊ ရေခဲနှင့် သကြားကို စက်နဲ့ ရောမွှေထားတဲ့ ရှာလပတ်ရည်တွေမှာ အဆီနဲ့ ကယ်လိုရီ နည်းတဲ့အတွက် ရွေးချယ်သင့်တဲ့ အစားအစာတွေပါ။ အရသာကလည်း ရေခဲမုန့်လိုပဲ ကောင်းမွန်ပြီး ပြည့်ဝတဲ့ အတွက် ချိုချိုချဉ်ချဉ် အေးအေးလေး စားချင်လာရင် ရေခဲ မုန့်အစားထိုး စားနိုင်ပြီး လူတိုင်းနဲ့ သင့်တော်ပါတယ်။

ရွှေဘုတ်

Yangon Health Guide

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform