ကြက်ဥလေးတွေအကြောင်း...........
~ ကြက်ဥ အကြောင်းသိကောင်းစရာလေးများ~
ကြက်ဥရဲ့ အရောင်…
ကြက်ဥရဲ့ အခွံဟာ အဖြူရောင်၊ အညိုရောင် စသည်ဖြင့် အမျိုးမျိုးရှိတတ်ပါတယ်။ အခွံရဲ့ အရောင်မတူညီမှုက ဥရဲ့ အနံ့ ၊
အရသာ၊ အာဟာရ ပါဝင်မှုတွေနဲ့ (လုံးဝ) မသက်ဆိုင်ပါဘူး။ ကြက်ဥရဲ့ အမျိုးအစားနဲ
့သာဆိုင်ပါတယ်။ ဥအရောင်ဟာ ကြက်တွေ စားရတဲ့ အစာပေါ်မှာမူတည်ပါတယ်။
ဂျုံကိုအခြေခံတဲ့ အစာတွေစားရသော ကြက်တွေ ရဲ့ ဥ ဟာ အ၀ါရောင်ဖျော့ပြီး၊
ပြောင်းဆန်ကို အခြေ ခံသော အစားအစာတွေစားရတဲ့ ကြက်တွေရဲ့ ဥဟာ
အ၀ါရောင်ရင့်ပါတယ်။ ဥရဲ့ အနှစ်အရောင်ကလည်း အ၀ါနုနုကနေ၊ လိမ္မော်
ရောင်အထိရှိတတ်ပါတယ်။ ဥရဲ့ အနှစ်အရောင်မတူပေမယ့် အနံ့ ၊ အရသာ နှင့်
အာဟာရတွေကြွယ်ဝမှုများကတော့ ကွာခြားမှု မရှိကြပါဘူး။
ကြက်ဥတွေဝယ်တဲ့အခါ…
(ဒါကတော့ ကြက်ဥတမျိုးတည်းသာ မဟုတ်ပါဘူး ဘဲဥ၊ ငုံးဥ တွေနဲ့ လည်းသက်ဆိုင်
ပါတယ်) ဥတွေကို ၀ယ်ကတည်းက အကွဲ အအက်မပါတဲ့ ဥ နှင့် ဥအခွံပေါ်မှာ ရွှံ့ တွေ၊
ချေးတွေ ညစ်ပေမနေတဲ့ ဥမျိုးကိုသာဝယ် ရွေးဝယ်သင့်ပါတယ်။ ဥ အခွံ ဟာ မာနေတဲ့
အတွက် အထဲက အဖြူရည်ကြည်အကာတွေ နဲ့  အနှစ်တွေကို လုံခြုံအောင်
အကာအကွယ်ပေးနေတယ်လို့ ထင်ကောင်းထင် ပါလိမ့်မယ်။ တကယ်တော့ ဥအ ခွံပေါ်မှာ
သာမန်မျက်စေ့နဲ့ မမြင်နိုင်တဲ့ အပေါက်သေးသေးလေးတွေ ရှိနေပါတယ်။ အဲဒီအပေါက်
လေးတွေကနေပြီး အထဲကို ရေ-ရေငွေ့ -လေ-ဘက်တီးရီးယားပိုးတွေ
စိမ့်ဝင်ဝင်နိုင်ပါတယ်။ ဥ ကိုမစားသေးဘဲ ကြာကြာထား လေ အခွံထဲကအပေါက် ကလေးတွေ
ကျယ်လာလေဖြစ်ပါတယ်။ ဥတွေကို ရေခဲသေတ္တာထဲမှာထားရင်တော့ ဘက်တီးရီးယား တွေ
လွယ်လွယ်နဲ့ မပေါက်ပွားနိုင်တော့ပါဘူး။
ဥတွေကိုဝယ်လာပြီးမစားသေးဘဲ ဒီအတိုင်းထားရင် ရက်ကြာလာတာနဲ့ အမျှ
ပျက်စီးသွားပါလိမ့်မယ်။ အကာအရည်ကြည်တွေ လျော့ပါးလာပြီး အနှစ်ရဲ့  ပတ်
ပတ်လည်က အမြှေးကလေးကလည်း၊ ပျက်စီးလွယ်လာပါပြီ(ဒါ ကို ဈေးသည်တွေ အခေါ်အဝေါ်
အရ အဆံချောင်တယ်လို့ ပြောလေ့ရှိပါတယ်) ဥပမမာအားဖြင့်
ပုံမှန်အခန်းအပူချိန်ထဲမှာ တရက်သာခံမယ့်ဥဟာ ရေခဲသေတ္တာထဲမှာ ၇-ရက်လောက်
ခံပါတယ်။ ဒါကြောင့် ဥတွေကိုဝယ်တဲ့အခါ City Mart တို့ လို ရေခဲသေတ္တာထဲ
ထဲ့ရောင်းတဲ့ဆိုင်မျိုးတွေကဘဲ ၀ယ်သင့်ပါတယ်။ အိမ်ရောက်တဲ့အခါမှာလည်း
ဥတွေကိုဝယ်လာတဲ့ ဗူး(ကြက်ဥခွက်ဗူး)နှင့်အတူ ရေခဲသေတ္တာထဲမှာ သိမ်းပေးပါ။
(အဲဒီလို ကြက်ဥထဲ့ဗူးတွေထဲ သိမ်းထားတော့ ကြက်ဥထဲကို အနံ့ ဆိုး မ၀င်စေတော့
ပါဘူး) ရေခဲသေတ္တာရဲ့ တံခါးမှာ မထားဘဲ အတွင်းပိုင်းမှာဘဲ ထားသင့်ပါတယ်။
ဥတွေကို ချက်၊ ပြုတ်၊ ကြော်ပြီးတော့ပူပူနွေးနွေးစားခြင်းက အန္တရာယ်ကင်းဝေးစေ
နိုင်ပါ တယ်။ (ဥတွေကို အနံ့ ဆိုးတဲ့ ကြက်သွန်လို အစားအစာတွေနဲ
့တွဲမထားသင့်ပါဘူး)
ကြက်ဥမှ ရနိုင်တဲ့ ရောဂါ…
(ဒါကတော့ ကြက်ဥတွေသာမကပါဘူး ဘဲဥ၊ ငုံးဥ တွေနဲ့ လည်း သက်ဆိုင်ပါတယ်) ဥတွေမှာ
Salmonella ဘက်တီးရီးယားတွေ ပါလာနိုင်ပါတယ်။ Salmonella ဆိုတာ အစာကတဆင့်
ကူးစက်ရောဂါဖြစ်စေတတ်တဲ့ ဘက်တီးရီးယားတစ်မျိုးဖြစ်ပါတယ်။ က လေးတွေ၊
သက်ကြီးရွယ်အိုတွေ နှင့် ကိုယ်ခံအားနည်းသူတွေ မှာ ရောဂါပိုဖြစ် လွယ်ပါတယ်။
Salmonella ဘက်တီးရီးယားကူး စက်ပိုးဝင်တဲ့ လက္ခဏာများမှာ ဥတွေစားပြီးနောက်
မကြာမီအချိန်အတွင်းမှာပင် ယားယံခြင်း၊ အင်ပျဉ်အဖုအပိမ့် များထွက်ခြင်း၊
ဝမ်းပျက်ခြင်း၊ ဗိုက်နာခြင်းတို့ ဖြစ်ကြပါတယ်။
ကြက်ဥ (အခွံ) ရဲ့ ထူးခြားချက်….
ကြက်ဥခွံတွေမှာ တခါတရံ သွေးကွက်ကလေးတွေ တွေ့ မြင်ဖူးကြပါလိမ့်မယ်။ ဒါဟာ
ကျမ္မာရေးအတွက် ဘေးဥပါသ်(လုံးဝ)မဖြစ် စေလို့ ကြောက်ဖို့ မလိုအပ်ပါဘူး။
အကောင်ပေါက်မည့် လက္ခဏာမျိုးလည်းမဟုတ်ပါဘူး။ ကြက်ဥဖြစ်ပေါ်နေ စဉ် သွေးကြောငယ်
လေးတခု ပေါက်သွားခြင်းကြောင့်သာ သွေးစက်လေးပေါ်နေတာဖြစ်ပါတယ်။
ကြက်ဥပြုတ် (အနှစ်) ရဲ့ ထူးခြားချက်….
ကြက်ဥပြုတ်ရဲ့ အနှစ်မှာ မီးခိုးရောင် (ရံဖန်ရံခါ အစိမ်းရောင်)သမ်းနေတာ ကို
တွေ့  ဖူးကြ မှာပါ။ ဒါကတော့ ဥမှာပါတဲ့ သံဓာတ် နှင့် ဆာလဖါ(ကန့် )တို
့ဓာတ်ပြုကြ တာကြောင့် အဲဒီလိုအရောင်မျိုး ဖြစ်ပေါ်လာပါတယ်။ ကြက်ဥပြုတ်စဉ်
အသုံးပြု တဲ့ရေထဲမှာ သံ ဓာတ်များနေရင်လည်း ခုလိုအရောင်ဖြစ်တတ်ပါတယ်။ သို
့သော် ကြက်ဥအနှစ်ရဲ့  အနံ့ ၊ အရသာ မပြောင်းလဲသလို ကျမ္မာရေး အတွက် အာဟာရတန်
ဖိုးတွေလဲ မထိခိုက်စေတာမို့  ယုံကြည်စိတ်ချစွာ စားသုံးနိုင်ပါတယ်။
ကြက်ဥ ရဲ့  အာဟာရတန်ဘိုး
ဥပမာ ၅၀ ဂရမ်အလေးချိန်ရှိတဲ့ ကြက်ဥတလုံးမှာ ပရိုတင်း
၆-ဂရမ်ကျော်ပါဝင်နေပြီး၊ အဲဒီ ပရိုတင်းပမာဏ ထက်ဝက်ကျော်က
အကာထဲမှာပါရှိနေပြီး၊ ကျန်ထက်ဝက်ခန့် က အနှစ်ထဲမှာရှိပါတယ်။ ခွန်အားဓာတ်
၇၀- ကယ်လိုရီပါဝင်နေပြီး ထိုကယ်လိုရီရဲ့  ၄-ပုံ ၃-ပုံက
အနှစ်ထဲမှာပါရှိနေပါတယ်။ အဆီ၊ မီးစုန်း(phosphorous)၊ သံဓာတ်၊ B1၊ B6၊ B12၊
ဖောလစ်အက်ဆစ်၊ ပင်တိုသင်းနစ် အက်ဆစ်၊ ခိုလင်း စတဲ့ ဗီတာမင်ဘီအုပ်စု တို
့အပြင်၊ ဗီတာမင်အေ၊ ဗီတာမင်ဒီ စတဲ့ အာဟာရဓာတ်များလဲ ကြက်ဥအနှစ်ထဲမှာ
ပါရှိနေပါတယ်။ ဒါကြောင့် ကြက်ဥစားတဲ့အခါ အကာရော အနှစ်တွေကိုပါ
အားလုံးစားပေးရပါမယ်။
ကြက်ဥရဲ့ အာဟာရတန်ဖိုးတွေက ကလေးများကြီးထွားဖွံ့ ဖြိုးမှုအတွက် အထူးလိုအပ်
သလို၊ သက်ကြီးရွယ်အိုများ ခန္ဓာကိုယ်တစ် ရှုးတွေ ပြန်လည်ပြုပြင် တည်ဆောက်ရေး
အတွက် အရေးပါတာကြောင့် အရွယ် ၃-ပါးမရွေး ကြက်ဥစားသုံးသင့်ပါကြောင်း နှင့်
မိသားစုကျမ္မာရေးအတွက် မချက်ပြုတ်ခင်ကြက်ဥတွေကိုကျမ္မာရေးနဲ့ ညီညွတ်အောင်
စံနစ်တကျသိမ်းဆည်းထားသင့်ပါကြောင်း။
15-01-2014 နေ့ ထုတ် ပြည်ထောင်စုနေ့ စဉ်သတင်းစာ (စာမျက်နှာ ၁၈) မှာပါ
တဲ့ဆောင်းပါးလေး ပါ။ FB မိတ်ဆွေများ ကျမ္မာသုတရစေဖို့ အတွက် စေတနာ
များစွာဖြင့်.မျှဝေလိုက် ရပါ တယ်ရှင်။
((ဆောင်းပါးရှင်....ပေါက်ပေါက်)




0 comments:
Post a Comment