စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Tuesday, 7 January 2014

ချီးမွမ်းထိုက်သော သားသမီး


ချီးမွမ်းထိုက်သော သားသမီး

တခါသော် မြတ်စွာဘုရားသခင်က ရဟန်းတို့အား မိဘတို့သည်
အကြောင်း ၅-မျိုးကြောင့် သားသမီးကို အလိုရှိကြောင်း
ဤသို့ မိန့်တော်မူသည်။

ရဟန်းတို့၊ မိဘတို့သည် အကြောင်း ၅-မျိုးကြောင့် သားသမီး အလိုရှိကုန်၏။
ယင်းအကြောင်း ၅-မျိုးမှာ-
၁။ ငါတို့ မွေးမြူထားသော သားသမီးသည် ငါတို့အား လုပ်ကျွေး မွေးမြူပေလိမ့်မည်။
၂။ ငါတို့၏ အမှုကိစ္စကို ပြုလုပ်ပေးလိမ့်မည်။
၃။ အမျိုးအဆက်သည် ရှည်မြင့်စွာ တည်ပေလိမ့်မည်။
၎။ အမွေခံ ဖြစ်ပေလိမ့်မည်။
၅။ ဘ၀တပါးသို့ ပြောင်းသွားသော ငါတို့အား အလှူ၏အဖို့ကို ပေးဝေကြပေလိမ့်မည်။
ဟူသော အချက်များ ဖြစ်သည်။

ရဟန်းတို့၊ ဤအကြောင်း ၅-မျိုးကို ကောင်းစွာရှုမြင်သည့် ပညာရှိ မိဘတို့သည် သားသမီးကို လိုချင် တောင့်တကြကုန်၏။
ထို့ကြောင့် ပြုဖူးသော ကျေးဇူးကိုသိ၍ သူ့ကျေးဇူးကို ထင်စွာ ပြုတတ်သော, ငြိမ်သက်သော စိတ်ရှိသော, သူတော်ကောင်းတို့သည် ရှေးကပြုဖူးသည်ကို အဖန်ဖန်အောက်မေ့လျက် မိဘတို့ကို လုပ်ကျွေးမွေးမြူကြကုန်၏။
ကျေးဇူးပြုဖူးသူ၏ ကိစ္စကို ပြုလုပ်သကဲ့သို့ ထို့အတူ မိဘတို့၏ အမှုကိစ္စတို့ကို ပြုလုပ်ကုန်၏။

ရဟန်းတို့၊ မိဘတို့ အဆုံးအမကို လိုက်နာလေ့ရှိ၍ မွေးမြူဖူးသော မိဘတို့အား လုပ်ကျွေး မွေးမြူလေ့ရှိသော အမျိုးအနွယ် မယုတ်စေ၍ သဒ္ဓါတရားရှိသည့် သီလနှင့်ပြည့်စုံသော သားသမီးသည် ချီးမွမ်းထိုက်သူ ဖြစ်ပေသတည်း။

( အင်္ဂုတ္တိုရ် ၄-သုမန၀ဂ်၊ ၉-ပုတ္တသုတ် )

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm

https://www.facebook.com/photo.php?fbid=430267427074514&set=a.351773574923900.

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform