စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Tuesday 21 January 2014

ချစ်နိုင်(စိတ်ပညာ)(စာရေးဆရာ)

ချစ်နိုင်(စိတ်ပညာ)(စာရေးဆရာ)

ချစ်နိုင် (စိတ်ပညာ)
မွေးသက္ကရာဇ် ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ
အမည်ရင်း ချစ်နိုင်
မိဘအမည် ဦးမာတင် + ဒေါ်အေးသ
နိုင်ငံ မြန်မာ
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
မွေးဖွားရာဒေသ ချောက်မြို့နယ်၊ ကြီးနီရွာ
သေဆုံးရာဒေသ {{{သေဆုံးရာဒေသ}}}
ပညာအရည်အချင်း စိတ်ပညာ အထူးပြု ဝိဇ္ဇာဘွဲ့
စာပေအမျိုးအစား တက်ကျမ်း
ထင်ရှားသည့်စာ ချစ်လို့ပြောတာမှတ်ပါ
ရရှိသည့်ဆု လူငယ်ဆိုင်ရာ အမျိုးသား စာပေဆု
အလုပ်အကိုင် စာရေးဆရာ
ကလောင် အမည်ခွဲများ
ထင်ပေါ်ကျော်ကြားမှု စာရေးဆရာ
လက်မှတ်
ကွန်ယက်

ကိုယ်ရေးဖြစ်စဉ်


စာရေး ဆရာ ချစ်နိုင် (စိတ်ပညာ) ကို မကွေးတိုင်း ချောက်မြို့နယ် ကြီးနီ ကျေးရွာတွင် အဖ ဦးမာတင်၊ အမိ ဒေါ်အေးသ တို့က ၁၉၄၈ ခုနှစ် ဒီဇင်ဘာလတွင် မွေးဖွား ခဲ့သည်။
ဆရာသည် ကြေးနီရွာ အလယ်တန်းကျောင်း၊ ချောက်မြို့ အမှတ် (၁) အထက်တန်း ကျောင်းနှင့် မန္ဈလေး ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ် တို့တွင် ပညာ သင်ယူ ခဲ့ပြီး ၁၉၇ဝ ပြည့်နှစ်တွင် စိတ်ပညာ အထူးပြု ဝိဇ္ဇာဘွဲ့ ရရှိ ခဲ့သည်။
၁၉၇၁ ခုနှစ်တွင် တပ်မတော်သို့ ဝင်ရောက် အမှု ထမ်းသည်။ လားရှိုး၊ မင်္ဂလာဒုံ၊ နောင်ချို၊ ဗထူး တပ်မြို့နှင့် ကလော မြို့များတွင် တာဝန် ထမ်းဆောင် ခဲ့သည်။ ရှမ်းပြည်နယ် အတွင်း (၁၇) နှစ်ကျော် တာဝန် ထမ်းဆောင် ခဲ့သည်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်ရှိ တပ်မတော် ဦးစီး တက္ကသိုလ်သို့ တနှစ်ကြာ တက်ရောက် ခဲ့ပြီး ယိုးဒယားနှင့် အင်ဒိုနီးရှား နိုင်ငံ များသို့ နှစ်ပတ်စီ လေ့လာရေး သွားရောက် ခဲ့သည်။ ထို့အတူ တရုတ်ပြည် သို့လည်း နှစ်ပတ်ကြာ လေ့လာရေး သွားရောက် ခဲ့သည်။
ဆရာချစ်နိုင် (စိတ်ပညာ) သည် ၁၉၉၅ ခုနှစ် သြဂုတ်လမှ ၁၉၉၇ ခုနှစ် နိုဝင်ဘာလ အထိ မြဝတီ စာပေ တိုက်တွင် အမှုဆောင် အရာရှိချုပ်၊ စာတည်းမှူးချုပ် တာဝန်များကို ထမ်းဆောင် ခဲ့သည်။ ဆရာသည် ၁၉၈၄ ခုနှစ်မှ စ၍ စိတ်ပညာ ဆိုင်ရာ လူမှုရေးနှင့် လူငယ် အကြံပေး ဆောင်းပါးများကို စာနယ်ဇင်း များတွင် ရေးသားခဲ့ရာ ယနေ့ထိ ဖြစ်သည်။
၁၉၉၆ ခုနှစ် လူငယ်ဆိုင်ရာ အမျိုးသား စာပေဆုကို ချစ်လို့ ပြောတာ မှတ်ပါ စာအုပ် အတွက် ချီးမြှင့်ခြင်း ခံရသည်။ ဆရာ ရေးသား ပြုစု ခဲ့သော စာအုပ် အများအနက် ချစ်လို့ ပြောတာမှတ် အတွဲ (၁ - ၂)၊ သားအတွက် ဓားတလက်၊ လောကကို အလှမြင်ပါ၊ ပညာသည် တန်ခိုးကို ဖန်ဆင်း၏၊ လက်တကမ်းရှိ တက်လမ်း၊ အောင်မြင်မှုနှင့် စိတ်ခွန်အား၊ စက္ဗန့်တိုင်းကို စိန်စီထားတယ်၊ စေတနာသည် ကံ ဖြစ်၏၊ အောင်မြင်ခြင်း ရွှေစည်းမျဉ်း၊ ခေါင်းဆောင်မှု အရည်အသွေး စာအုပ်များမှာ ထင်ရှား၍ လူကြိုက် များသည်။
ဆရာသည် ၁၉၉၉ ခုနှစ်တွင် မြန်မာနိုင်ငံ စာရေးဆရာ ကိုယ်စားလှယ် အဖွဲ့ကို ခေါင်းဆောင်၍ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံသို့ ချစ်ကြည်ရေး ခရီး သွားရောက် ခဲ့သည်။ စာပေ တာဝန် အနေဖြင့် မြန်မာ နိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီ တာဝန်ကို ဆောင်ရွက်လျက် ရှိပြီး ဌာန ဆိုင်ရာ တာဝန် အနေဖြင့် ပြန်ကြားရေး ဝန်ကြီး ဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ရေး ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်ကို ထမ်းဆောင်လျက် ရှိသည်။

ရေးသား ထုတ်ဝေခဲ့သောစာအုပ်များ

  1. ၁၉၉၆-ချစ်လို့ပြောတာမှတ်ပါ
  2. ၁၉၉၆-လက်တကမ်းရှိ တက်လမ်း
  3. ၁၉၉၆-အောင်မြင်မှုနှင့် စိတ်ခွန်အား
  4. ၁၉၉၇-ပညာသည် တန်ခိုးကို ဖန်ဆင်း၏
  5. ၁၉၉၇-မိမိကိုယ်ကို တည်ဆောက်ခြင်း
  6. ၁၉၉၇-လောကကို အလှမြင်ပါ
  7. ၁၉၉၇-လျှပ်တပြက် အတွေးများ
  8. ၁၉၉၈-ကံအဟုန်သတ္တိ
  9. ၁၉၉၈-ဘာဖြစ်ချင်သလဲ ဖြစ်ရမယ်
  10. ၁၉၉၈-မသိစိတ်၏ အစွမ်း သတ္တိ (ကလောင်စုံ)
  11. ၁၉၉၈-လူ့သဘာဝ တရား (၁၄) ပါး (ကလောင်စုံ)
  12. ၁၉၉၈-သားအတွက် ဓားတလက်
  13. ၁၉၉၉-ပြိုင်သမျှ အနိုင်ရမှ
  14. ၁၉၉၉-ရသအနု ခံစားမှု
  15. ၁၉၉၉-သွေးကြောထဲမှ ခွန်အားများ
  16. ၁၉၉၉-အမေ့အတွက် လက်ဆောင်
  17. ၂ဝဝဝ-ကျွန်တော်တို့အမေ (ကလောင်စုံ)
  18. ၂ဝဝဝ-ခေါင်းဆောင်မှု အရည်အသွေးနှင့် စိတ်ပညာ ဆောင်းပါးများ
  19. ၂ဝဝဝ-ချစ်လို့ပြောတာမှတ်ပါ (၂)
  20. ၂ဝဝဝ-စေတနာသည် ကံဖြစ်၏
  21. ၂ဝဝဝ-စက္ဗန့်တိုင်းကို စိန်စီ ထားတယ်
  22. ၂ဝဝဝ-ထူထောင်ကြပါ တူမောင်တို့ရာ
  23. ၂ဝဝဝ-၂၁ ရာစု စစ်မျက်နှာ
  24. ၂ဝဝဝ-အောင်မြင်ခြင်း ရွှေစည်းမျဉ်း
  25. ၂ဝဝဝ-အောင်မြင်လိုသလား
  26. ၂ဝဝ၁-ကိုယ်ချင်းစာတရား (ကလောင်စုံ)
  27. ၂ဝဝ၁-ချစ်စွာသော တူမောင်
  28. ၂ဝဝ၁-ချစ်ရပါသည်
  29. ၂ဝဝ၁-ချမ်းသာ ပျော်ရွှင်ရေး အတွင် မဟာဗျူဟာ ခုနစ်ချက်
  30. ၂ဝဝ၁-ဖွံ့ဖြိုးသာယာ ပြည်မြန်မာ တည်ဆောက်ရေး ဆောင်းပါးများ (ကလောင်စုံ)
  31. ၂ဝဝ၁-သိပ္ပံမောင်ဝ ရာပြည့် စာတမ်းများ
  32. ၂ဝဝ၁-အနာဂတ်ကို ပိုင်စိုးသူ
  33. ၂ဝဝ၂-ထိပ်ဆုံးဆီသို့
  34. ၂ဝဝ၂-သန့်ရှင်းသော စိတ်
  35. ၂ဝဝ၂-အနှစ်သုံးဆယ်

ရည်ညွှန်းကိုးကား

  • နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့၊ ပညာရွှေတောင် စာအုပ်တိုက်၊ ၂ဝဝ၃ ခုနှစ်၊ ဧပြီလ၊ ပထမ အကြိမ်။ 
 ရွှေအိမ်စည်စာကြည့်တိုက် http://drshweeaimsi.blogspot.com/

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform