လိပ်ခေါင်းရောဂါ @Haemorrhoids
July 3, 2013 at 12:53am
Sunday, December 20, 2009လိပ်ခေါင်းရောဂါ @Haemorrhoids
လိပ်ခေါင်းသည် အလွန်အဖြစ်များသော ရောဂါတစ်ခုဖြစ်ပြီး လူနာများ အနေနှင့် သင့်တော်သော ကုသမှုကို ခံယူသင့်ပါသည်။ လိပ်ခေါင်းရောဂါဖြစ်လျှင် သွေးထွက်ခြင်း၊ အလွန်နာကျင်ခြင်း၊ ၀မ်းသွားရာတွင် အခက်အခဲဖြစ်ခြင်း၊ စအိုဝ ယောင်ယမ်းခြင်းတို့ကြောင့် သင်၏ နေ့စဉ်လူမှုရေးနှင့် စီးပွားရေးကို ထိခိုက်စေပါသည်။ ဆရာဝန်၏ လမ်းညွှန်မှုအတိုင်း သင့်လျှော်သောစားဆေးကို သောက်သုံးခြင်းဖြင့် လိပ်ခေါင်းရောဂါ လျှင်မြန်စွာ သက်သာစေပါသည်။အောက်ပါမေးခွန်းများကို ဖြေကြား၍ မေးခွန်းတစ်ခုစီ၏ အမှတ်များကို ပေါင်းကြည့်ပါ။
သင်၏အသက်ဝ။ ၁၄ နှစ်အောက်၁။ ၁၄-၂၉ နှစ်၂။ ၃၀-၄၅ နှစ်၃။ ၄၅ နှစ်အထက်
သင်၏ မိသားစုဝင်များတွင် လိပ်ခေါင်းရောဂါ ရှိမရှိဝ။ မရှိပါ၁။ တစ်ဦးတွင်ရှိ၂။ နှစ်ဦးတွင်ရှိ၃။ နှစ်ဦးတွင်ရှိ၍ တစ်ဦးခွဲစိတ်ကုသမှုခံယူဖူး
သင်သည် မကြာခဏ ၀မ်းပျက်ခြင်း (သို့) ၀မ်းချုပ်ခြင်း ကြုံဖူးသလားဝ။ မကြုံဖူး၁။ တစ်ခါတစ်ရံ၂။မကြာခဏ၃။ ခဏခဏ
(အမျိုးသမီးများအတွက်) သင်ဘယ်နှစ်ကြိမ် ကိုယ်ဝန်ဆောင်ဖူးသလဲဝ။ မဆောင်ဖူး၁။ တစ်ကြိမ်၂။ နှစ်ကြိမ်၃။ နှစ်ကြိမ်နှင့်အထက်
သင်၏ နေ့စဉ်ဘ၀တွင် မည်မျှ ကြာကြာထိုင်ရသလဲဝ။ တစ်နေ့ ၂နာရီထက်နည်း၍ ထိုင်ရသည်။၁။ ၂နာရီမှ ၄ နာရီ ထိုင်ရသည်။၂။ ၄ နာရီမှ ၈ နာရီ ထိုင်ရသည်။၃။ ၈ နာရီထက်ပို၍ ထိုင်ရသည်။
သင်၏ နေ့စဉ်စားသောက်မှုပုံစံတွင် ဘာတွေပါသလဲဝ။ နေ့စဉ်လတ်ဆတ်သော အသီးအရွက် မပူစပ်သော အဆီနည်းသောအစာ ရေဖန်ခွက်အများအပြား၁။ မကြာခဏ အသီးအရွက်များ၊ ပူသော အဆီများသောအစာ၊ အစာစားတိုင်း ရေတစ်ဖန်ခွက်၂။ နည်းပါးသော အသီးအရွက်များ၊ ပူသော အဆီများသော အစာ၊ အစာစားတိုင်း ရေ(သို့) အရက်သောက်ခြင်း၃။ အသီးအရွက်များ မစားသလောက် အမြဲပူစပ်သော၊ အဆီများသော အစာ၊ ကော်ဖီနှင့် လ္ဘက်ရည်၊ အရက်ပုံမှန်သောက်ခြင်း
သင်သည် ပုံမှန် ၀မ်းနှုတ်ဆေးစားသလားဝ။ မစားပါ၁။ တစ်ခါတစ်ရံ၂။ မကြာခဏ၃။ ပုံမှန်သောက်သုံးရသည်။
စအိုတ၀ိုက် နာကျင်ခြင်း၊ ယားယံခြင်း၊ သွေးထွက်ခြင်း တို့ကို သင်ခံစားဖူးသလားဝ။ မခံစားဘူးပါ၁။ တစ်ကြိမ်ဖြစ်ဖူး၂။ တစ်ခါတစ်ရံဖြစ်ဖူး၃။ အမြဲတမ်းဖြစ်တတ်
သင်ဝမ်းသွားသည့်အခါများတွင် စအိုဝတွင် အလုံးအဖုတစ်ခု စမ်းသပ်မိဖူးသလားဝ။ မခံစားဖူးပါ၁။ တစ်ကြိမ်ဖြစ်ဖူး၂။ တစ်ခါတစ်ရံဖြစ်ဖူး၃။ အမြဲတမ်းဖြစ်တတ်
သင်၏ အဖြေများကို ကိုယ်တိုင် စစ်ဆေးပါ။ဝ မှ ၁၀ မှတ် – သင့်တွင် လိပ်ခေါင်းရောဂါမရှိပါ။ သို့သော် နောက်တစ်ကြိမ် စမ်းသပ်ရန် အကြံပြုပါသည်။၁၀ မှတ်မှ ၂၀ မှတ် – သင့်တွင် လိပ်ခေါင်းရောဂါ ရှိနိုင်သည်။ ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးပါ။၂၀ မှတ်မှ ၂၇ မှတ် – သင့်တွင် လိပ်ခေါင်းရောဂါ အမှန်တကယ် ရှိနေသည်။ ဆရာဝန်နှင့် အမြန်ဆုံး တွေ့ဆုံ၍ ကုသမှုခံယူပါ။
လိပ်ခေါင်းရောဂါမဖြစ်အောင် (သို့မဟုတ်) ရောဂါပို၍ မဆိုးလားအောင် အောက်ပါအချက်များကို လိုက်နာခြင်းအားဖြင့် ကာကွယ်နိုင်ပါသည်။
၁။ ရေများများသောက်ပါ။ (တစ်နေ့လျှင်အနည်းဆုံး ရေ ၂ ပုလင်းခန့်)၂။ အပူအစပ်ကို လျှော့စားပါ။ အရက်ရှောင်ပါ။ လက်ဖက်ရည် ကော်ဖီ လျှော့သောက်ပါ။၃။ အာဟာရမျှတသော အစားအစာပါဝင်အောင် စားပါ။ ( ဥပမာ – ဂျုံ၊ ပေါင်မုန့်၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်)၄။ အ၀တ်အစားကြပ်ကြပ်ကို မ၀တ်ပါနှင့်။၅။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ (ဥပမာ – လမ်းလျှောက်ခြင်း၊ ရေကူးခြင်း) မြင်းစီးခြင်း၊ စက်ဘီးစီးခြင်း အစရှိသည့် လေ့ကျင့်ခန်းများကို ရှောင်ပါ။၆။ အလေးအပင် ပစ္စည်းမခြင်းကို ရှောင်ကြဉ်ပါ။၇။ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ပါ။ သန့်ရှင်းသောပုဝါ၊ အ၀တ်အစား၊ လက်ကိုင်ပုဝါကိုသုံးပါ။၈။ အပူချိန်မြင့်သော နေရာများတွင် အချိန်များတွင် အချိန်ကြာရှည်စွာ မနေပါနှင့်။၉။ အိမ်သာကြာကြာတက်တတ်သော အကျင့်ကို မလုပ်ပါနှင့်။ ( အိမ်သာသွားရာတွင် လွယ်ကူစေရန် မနက်အိပ်ရာထလျှင် ရေကို ဖန်ခွက်ကြီးကြီးတစ်လုံးနှင့် သောက်ပေးပါ။၁၀။ ရောဂါလက္ခဏာများ ဆက်လက် ရှိ နေသေးလျှင် ( ဥပမာ – အိမ်သာသုံး စက္ကူတွင် သွေးစတွေ့ခြင်း၊ ၀မ်းသွားရာတွင် အဆင်မပြေမှုများရှိခြင်း) ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
Posted by ဇီဝက (ဆေး-၂)

0 comments:
Post a Comment