စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday 30 July 2014

စစ်တွေတက္ကသိုလ်ကြို၊ ပို့ကား သစ်ပင်ကိုဝင်တိုက်ပြီး လမ်းဘေးထိုးကျ

 စစ်တွေ ဇူလိုင် ၂၉

 ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ တက္ကသိုလ် ကျောင်းသား ကျောင်းသူ များအား ကြို၊ ပို့ပေးနေသော ကား တစ်စီး ဇူလိုင် ၂၉ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂ဝ ခန့်တွင် သစ်ပင်ကိုဝင်တိုက်ပြီးလမ်းဘေးသို့ ထိုးကျသွား ခဲ့သည်။

ဖြစ်စဉ်မှာ စစ်တွေမြို့ အဝေး ပြေးကားဂိတ်ရှိ အောင်ပြည့်စုံ ကား ဂိတ်မှ ယာဉ်အမှတ် ၈ဈ/.... ပန်ဒါ Fuso အမျိုးအစား ခရီးသည် တင်လေအိတ်ကားသည် ယာဉ်မောင်း ဦးအောင်ကျော်မိုး (၂၇ နှစ်) မောင်း နှင်ပြီး စစ်တွေတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများအား ကြိုရန် သွားရာ မေယုလမ်းနှင့်တက္ကသိုလ် ရိပ်သာလမ်း (ဘုမေရွာဆင်းလမ်း)ဆုံရှိ မီးစက်ဝိုင်းသို့ မရောက်မီ အရှိန် ပြင်းသဖြင့် လမ်းဘေးသစ်ပင်ကို ဝင်တိုက်ပြီး လမ်းဘေးသို့ထိုးကျသွား ခဲ့သည်။

အဆိုပါ ဖြစ်စဉ်တွင် ယာဉ်မောင်း ဦးအောင်ကျော်မိုးနှင့် ယာဉ် နောက်လိုက် ဆန်းမင်းထွန်း(၂၇နှစ်) သံတွဲမြို့နှင့် အခြားလေးဦး (ကျောင်း သား ကျောင်းသူတစ်ဦးမျှမပါ) လိုက် ပါလာပြီး ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)အနည်းငယ်ရရှိသွားကြသည်။

အခင်းဖြစ် ပွားရာသို့ စစ်တွေမြို့ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ရဲအုပ်ကျော် ဇေလင်း၊ ဒုတပ်ကြပ် စိုးလင်း၊ ဒုတပ် ကြပ်ထိန်းလင်းတို့ ရောက်ရှိလာပြီး ဖြစ်စဉ်များအား စစ်ဆေးကာ ယာဉ် ကို မဆင်မခြင်မောင်းနှင်သူ ယာဉ် မောင်း ဦးအောင်ကျော်မိုးကို အရေး ယူရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

စစ်တွေတက္ကသိုလ်ကျောင်းသား ကျောင်းသူများအား ယခင်က သုံးဘီး ဆိုင်ကယ်များဖြင့်အသွား ကျပ် ၂ဝဝ၊ အပြန် ၂ဝဝ ကျပ်ဖြင့် ပြေးဆွဲပေး နေပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ဇူလိုင် ၂၈ ရက် နံနက် ပိုင်းမှစ၍ ခရီးသည်တင်မှန်လုံကား များဖြင့် အခမဲ့ပြေးဆွဲပေးသည်။ သို့သော် ကားစီးရေနည်းပါးမှုကြောင့် ကျောင်းသား ကျောင်းသူများ သွားလာရ ခက်ခဲလျက်ရှိကြောင်း သိရ သည်။

ကိုကြီးစော / Myanmaalinn

https://www.facebook.com/MYANMAALINNNEWS?fref=nf

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform