စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday 26 July 2014

ဖခင်ဖြစ်သူဓာတ်လိုက်နေသည်ကို ၀င်ရောက်ကယ်တင်ခဲ့ရာမှ သမီးဖြစ်သူ ဓာတ်လိုက်သေဆုံး

 ကလေး၊ ဇူလိုင် ၂၇

 စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ချမ်းမြေ့အောင်စည်ရပ်ကွက်တွင် ဇူလိုင် ၂၅ ရက်နေ့ ညနေ ၆ နာရီခွဲအ ချိန်က ဖခင်ဖြစ်သူဓာတ်လိုက်နေသည်ကို ၀င်ရောက်ကယ်တင်ခဲ့ရာမှ သမီးဖြစ်သူ ဓာတ်လိုက်သေဆုံးခဲ့ သည့် ဖြစ်စဉ်တစ်ရပ်ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ဓာတ်လိုက်၍သေဆုံးခဲ့ရသည့် အမျိုးသမီးအား မှုခင်းဆေးပညာများအရ ဆက်လက်၍ စစ်ဆေးဆောင်ရွက် နိုင်ရန်အတွက် ကလေးမြို့ ပြည်သူ့ဆေးရုံကြီး မှုခင်းဆေးစာဌာနမှ ကလေးမြို့မရဲစခန်းသို့ ဆက်သွယ်အ ကြောင်းကြားခဲ့သည်။

ထို့ကြောင့် ကလေးမြို့မရဲစခန်းမှ ရဲအုပ် မျိုးမြင့်သန်းနှင့်အဖွဲ့သည် ကလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့သွား ရောက်ခဲ့ကြသည်။ ထိုသူတို့၏ စစ်ဆေးပေါ်ပေါက်ချက်များအရ သေဆုံးသူမှာ မ၀င်းမာ အသက်(၂၅)နှစ် ဆိုသူဖြစ်သည်။ ထိုနေ့ညနေပိုင်းက မိုးရွာသွန်းပြီးနောက် နေအိမ်ရှေ့ခြံစည်းရိုးရှိ သစ်ပင်များကို ဖခင်ဖြစ်သူ မှ ခုတ်ထွင်းရှင်းလင်းနေစဉ် ၎င်းတို့၏ နေအိမ်ရှေ့ရှိ လျှပ်စစ်ဓာတ်ကြိုးမှ ဖင်ဖြစ်သူအား ဓာတ်လိုက်ခဲ့သည်။ ထိုအချိန်တွင် သေဆုံးသူ မ၀င်းမာက ဖခင်ဇြစ်သူဓာတ်လိုက်နေခြင်းအား ၀င်ရောက်ကယ်တင်ရန် အရှည် အလျား(၃)ခန့်ရှိ တုတ်တချာင်းကို ကိုင်ဆောင်၍ နေအိမ်အတွင်းမှ ပြေးထွက်လာခဲ့ပြီး အဆိုပါ လျှပ်စစ် ဓာတ် ကြိုးအား တုတ်ဖြင့်ရိုက်နှက်ဖယ်ရှားခဲ့သည်။ ထိုသို့ ဖယ်ရှားစဉ် ၎င်းလျှပ်စစ်ဓာတ်ကြိုးသည် မ၀င်းမာ ၏ ကိုယ်ခန္ဒာပေါ်သို့ပြုတ်ကျသဖြင့် မ၀င်းမာသေဆုံးခဲ့ရခြင်းဖြစ်သည်။

အဆိုပါ လူသေဆုံးခဲ့မှုအား မှုခင်းဆေးပညာများအရ ဆက်လက်၍ စစ်ဆေးဆောင်ရွက်နိုင်ရန် ကလေးမြို့မ ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၂၂ / ၂၀၁၄ အရ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်း၊ ကိုတိုးကြီး
https://www.facebook.com/KoToeChinDween?fref=nf


0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform