စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday 31 July 2014

Ooredoo ရဲ့ ထူးခြားချက်များကို အရောင်းကိုယ်စားလှယ်တော်ကြီးများအားရှင်းလင်း

Ooredoo ရဲ့ ထူးခြားချက်များကို အရောင်းကိုယ်စားလှယ်တော်ကြီးများအားရှင်းလင်း --------------------------------- မန္တလေး ၊ ဇူလိုင်လ ၃၁ ရက် ။ Ooredoo ဆင်းကဒ်ကို ရောင်းချပုံနှင့် ဆင်းကဒ်ရဲ့ ထူးခြားချက်များကို အရောင်းကိုယ်စားလှယ်ကြီးများအား ရှင်းလင်းပွဲ အခမ်းအနားကို ဇူလိုင်လ ၃၁ရက်နေ့ နေ့လည် ( ၁၂ ) နာရီအချိန် နှင့် ( ၃ ) နာရီအချိန်တို့မှာ ဟိုတယ်မန္တလေးတွင် ပြုလုပ်ကျင်းပခဲ့ပါသည် ။ . " Ooredoo ဆင်းကဒ်ရဲ့ ကို သြဂုတ်လ ၁၅ ရက်နေ့မှာ တရားဝင်စတင်ရောင်းချမည်ဖြစ်သော်လည်း သြဂုတ်လ ၂ နေ့တွင်မူ မိဘပြည်သူတွေလက်ထဲအရောက်အပ်နှံသွားမည်ဖြစ်သည် ။ Ooredoo ရဲ့ promotion ကာလအနေနဲ့ သြဂုတ်လ ( ၂ ) ရက်နေ့ မှ သြဂုတ်လ ( ၁၅ ) ရက်နေ့အထိ Ooredoo ဖုန်းအချင်းချင်းခေါ်ဆိုခွင့် မိနစ် ၉၀၀ နှင့် မက်ဆေ့ အစောင် ၉၀၀ အလကား ခွင့်ပြုထားသလို ၊ အခြား MPT , MEC ဖုန်းများကို ဖုန်းခေါ်ဆိုခွင့် မိနစ် ၉၀ နှင့် မက်ဆေ့အစောင် ၉၀ အလကားအသုံးပြုခွင့်ပေးမည်ဖြစ်ပါသည် ။ အင်တာနက်အသုံးပြုမှုအနေနဲ့ တစ်နေ့ 20 Mb အလကားအသုံးပြုခွင့်ပေးထားမည်ဖြစ်ပါသည် ။ သြဂုတ်လ ( ၁၅ ) ရက်နေ့ နောက်ပိုင်းမှာတော့ အသုံးပြုခများကောက်ခံသွားမည်ဖြစ်ပြီး Ooredooဖုန်းအချင်းချင်းခေါ်ဆိုလျှင် တစ်မိနစ် - ၂၅ ကျပ် ၊ Ooredooဖုန်းမှ အခြား MPT , MEC , Telenor ဖုန်းမျာသို့ ခေါ်ဆိုလျှင် တစ်မိနစ် - ၃၅ ကျပ် ၊ မက်ဆေ့တစ်စောင်လျှင် - ၂၅ ကျပ် နှင့် အင်တာနက် အသုံးပြုခကို 1Mb လျှင် - ၂၅ ကျပ် ကောက်ခံသွားမည်ဖြစ်သည် ။ သို့သော် သြဂုတ်လ ၊ စက်တင်ဘာလ ၊ အောက်တိုဘာလ များအတွက် အသုံးပြုသူမိဘပြည်သူများ၏ ဖုန်းဘေလ်ထဲသို့ တစ်လလျှင် ၅၀၀ ကျပ် Ooredoo မှ အလကားဖြည့်တင်းပေးသွားမည်ဖြစ်ပါသည် ။ . သြဂုတ်လ ( ၁၅ ) ရက်နေ့နောက်ပိုင်းမှာ Ooredooမှ မိဘပြည်သူများကို နိုင်ငံခြားဖုန်းခေါ်ဆိုခွင့် ၊ အင်တာနက်သီးသန့် အသုံးပြုသူများအတွက် ပက်ကေ့တစ်ခုလုပ်ထားကြောင်း နှင့် ဖုန်းသီးသန့် အသုံးပြုသူများအတွက် ပက်ကေ့တစ်ခုလုပ်ထားကြောင်း သိရပါသည် ။ ထိုပက်ကေ့မှာ အင်တာနက် သီးသန့် အတွက်ယူထားလျှင် အင်တာနက် အသုံးပြုခမှာ 1Mb လျှင် ၂၅ ကျသင့်မှာ မဟုတ်တော့သလို ၊ ဖုန်းအတွက်သီးသန့် ပြုလုပ်ထားလျှင်လဲ တစ်မိနစ် ၂၅ ကျပ် ကျသင့်မှာ မဟုတ်ဘူးလို့ သိရှိရပါသည် ။ ထို့အပြင် ဖုန်းငွေဖြည့်ရာမှာလဲ Electronic Top Up မကြာခင် အသုံးပြုတော့မှာ ဖြစ်ပါတယ် ။ E Top Up ရဲ့ ကောင်းကျိုးတွေကတော့ ကိုယ်တိုင် ငွေဖြည့်စရာမလိုတော့ခြင်း ၊ ခဲမခြစ်ရခြင်း ၊ ငွေသွင်းမရခြင်းများ စသည့်အခက်အခဲများ ကြုံစရာမလိုတော့ပဲ ငွေဖြည့်သွင်းရာ ဆိုင်မှာ အနည်းဆုံး ၅၀၀ ကျပ် မှနေ အများဆုံး ၅သိန်းကျပ်အထိ မိမိဖုန်းနံပါတ်ပြောရုံဖြင့် ငွေဖြည့်သွင်းနိုင်မည်ဖြစ်သည် ။ . ယခုလက်ရှိ အချိန်မှာတော့ ငွေဖြည့်ကတ် ၁၀၀၀ ကျပ် ၊ ၃၀၀၀ ကျပ် ၊ ၅၀၀၀ ကျပ် ၊ ၁၀၀၀၀ ကျပ် နှင့် ၂၀၀၀၀ ကျပ် ငွေဖြည့်ကတ်များ ပြုလုပ်ထားကြောင်း သိရပါသည် ။ . Ooredoo ဆင်းကဒ်ဝယ်ယူရာတွင် Register လုပ်ဖို့ တိုက်တွန်း ထားကြောင်း သိရပါသည် ။ Register ပြုလုပ်ဖို့ မှတ်ပုံတင်မိတ္တူတစ်စောင် သာ လိုအပ်ပြီး Register မလုပ်ဖြစ်ပါက ထိုဆင်းကဒ်မှာ ၁၄ ရက်အတွင်း ပျက်ပြယ် သွားမည်ဖြစ်သည် ။ မှတ်ပုံတင်မိတ္တူတစ်စောင်ကို Ooredooကဒ် ၂၀ သာ အများဆုံး ၀ယ်ယူစေလိုကြောင်း ပြောကြားသွားပါတယ် ။ . Ooredooဆင်းကဒ်များကို ၃လအတွင်း ဖုန်းမခေါ် ၊ ဖုန်းလက်ခံမပြော ၊ မက်ဆေ့မပို့ ၊ အင်တာနက် အသုံးမပြုပါက နောက်ထပ် ၁လ သတိပေး စာပို့ သွားမည်ဖြစ်ပြီး ၄လ ပြည့်လို့ အသုံးမပြုပါက ထိုဆင်းကဒ်နံပါတ်အား ပယ်ဖျက် သွားမည်ဖြစ်ကြောင်း သိပါသည် ။ . Ooredoo နဲ့ ပတ်သက်ပြီး အခက်အခဲတစ်စုံတစ်ရာ နှင့် တစ်စုံတစ်ခု သိရှိလိုပါက Ooredoo Call Center 234 သို့ ဆက်သွယ် ခေါ်ယူ မေးမြန်းနိုင်ကြောင်း " အထက်မြန်မာပြည် အရောင်းမန်နေဂျာ ကိုမာတင် မှ ပြောကြားသွားပါတယ် ။ Khine Lynn Soe

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform