စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Wednesday 30 July 2014

မြန်မာမှာ ကျားထိန်းသိမ်းရေး လုပ်ငန်း အခက်အခဲဖြစ်နေလို့ဆို

 မြန်မာနိုင်ငံနဲ့ ​တချို့အာဆီယံ ​အသင်းဝင် ​နိုင်ငံတွေမှာ ​ကျားအကောင်ရေနဲ့ ​ပတ်သက်ပြီး ​သတင်း အချက် အလက်တွေ ​မရှိတဲ့အတွက် ​ကျားထိန်းသိမ်းရေး လုပ်ငန်းမှာ ​အခက်အခဲ ​ဖြစ်နေရတယ်လို့ ​ကမ္ဘာ့တောရိုင်း သဘာဝ ​စောင့်ရှောက်ရေး အဖွဲ့ ​WWF ​က ​ပြောပါတယ်။

၂၀၁၀ ​ပြည့်နှစ်တုန်းက ​ပြုလုပ်ခဲ့တဲ့ ​ညီလာခံအတွင်း ​ကမ္ဘာပေါ်မှာ ​ကျားအကောင်ရေ ​၃၂၀၀ ​လောက်သာ ​ကျန်ရှိတော့မယ်လို့ ​ခန့်မှန်းခဲ့ကြပါတယ်။

ကျားတွေ ​မျိုးတုန်းပျောက်ကွယ်နိုင်တဲ့ ​အနေအထားကြောင့် ​၂၀၂၂ ​ခုနှစ်မှာ ​ကျားအကောင်ရေ ​နှစ်ဆဖြစ်တဲ့ ​၆၀၀၀ ​ကျော်ရှိလာအောင် ​လုပ်ဆောင်ကြမယ်လို့ ​ဆုံးဖြတ်ခဲ့ကြပါတယ်။

၂၀၁၀ ​ညီလာခံ ​နောက်ပိုင်းမှာ ​ကျားအကောင်ပေါင်း ​ဘယ်လောက်ရှိသလဲဆိုတာကို ​တရုတ်၊ ​ဘင်္ဂလားဒေ့ရှ်၊ ​နီပေါ၊ ​အိန္ဒိယနဲ့ ​ရုရှားနိုင်ငံတို့က ​ပုံမှန် ​လုပ်ဆောင်လာတဲ့အတွက် ​ထိန်းသိမ်းရေးမှာ ​အထောက်အကူဖြစ်စေတယ်လို့ ​WWF ​အဖွဲ့က ​ပြောပါတယ်။

ဒါပေမဲ့ ​မြန်မာ၊ ​မလေးရှား၊ ​အင်ဒိုနီးရှား၊ ​ထိုင်း၊ ​လာအို၊ ​ဗီယက်နမ်နဲ့ ​ကမ္ဘောဒီးယားနိုင်ငံမှာ ​အချက်အလက် ​ပြုစုထားတဲ့ ​မှတ်တမ်းတွေ ​မရှိတဲ့အတွက် ​ကျားအကောင်ရေ ​ထိန်းသိမ်းရေးအတွက် ​အခက်အခဲ ​ဖြစ်စေတယ်လို့ ​ဆိုပါတယ်။

ဒါကြောင့် ​အဲဒီနိုင်ငံတွေမှာ ​တစ်နှစ်အတွင်း ​စနစ်ကျတဲ့ ​အချက်အလက် ​မှတ်တမ်းတွေကို ​ပြုစုဖို့လည်း ​Tiger ​Day ​ကျားများနေ့မှာ ​တိုက်တွန်းလိုက်ပါတယ်။

အပျော်သဘောနဲ့ ​အမဲလိုက်တဲ့သူတွေ၊ ​ငွေကြေးအတွက် ​အမဲလိုက်သူတွေနဲ့ ​မြို့ပြချဲ့ထွင်မှု ​တွေကြောင့် ​ကျားရိုင်း ​အကောင်ရေတွေ ​တဖြေးဖြေး ​လျော့နည်း ​လာတာ ​ဖြစ်ကြောင်း ​လည်း ​ယူဆနေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-07-30/1349918

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform