စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 27 July 2014

သန့်စင်ခန်းအတွင်း လည်ပင်းလှီးဖြတ်ဒဏ်ရာများနှင့် မသင်္ကာဖွယ်ရာ လူတစ်ဦးသေဆုံး

ထီးချိုင့်၊ ဇူလိုင် ၂၇

 စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ ကြက်တကောင်းကျေးရွာနေ ဒေါ်အေးဆိုင်၏ ခြံဝင်းအတွင်းရှိ သန့်စင်ခန်းအတွင်း၌ လည်ပင်းလှီးဖြတ်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးသေဆုံးနေသည့် အတွက် ကြက်တကောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှဖြိုး ဆိုသူမှ ထီးချိုင့်မြို့မရဲစခန်းမှူး ဒုရဲမှူး ရဲထွဋ် အောင်ထံသို့ ဇူလိုင် ၂၅ ရက်နေ့ မနက် ၁၀ နာရီအချိန်က ဖုန်းဖြင့်ဆက်သွယ်အကြောင်းခဲ့သည်ဟု သိရ သည်။

ထို့ကြောင့် ထီးချိုင့်မြို့မရဲစခန်းမှူး ဒုရဲမှူး ရဲထွဋ်အောင်၊ ကမ်းနီရဲကင်းစခန်းမှူး ရဲအုပ် ကျော်မျိုးမင်းနှင့်အဖွဲ့ သည် သန့်စင်ခန်းအတွင်း လည်ပင်းလှီးဖြတ်ဒဏ်ရာများနှင့် မသင်္ကာဖွယ်ရာ လူတစ်ဦးသေဆုံးနေသည့်အ ရပ်သို့သွားရောက်၍ စစ်ဆေးခဲ့ကြသည်။ ထိုသူတို့၏ စစ်ဆေးပေါ်ပေါက်ချက်များအရ သန့်စင်ခန်းအတွင်း၌ လည်ပင်းလှီးဖြတ်ဒဏ်ရာများဖြင့်သေဆုံးနေသူမှာ ကိုဝင်းသန်းအေး အသက်(၄၃)နှစ်ဆိုသူဖြစ်ကြောင်းသိရ သည်။

ထိုနေ့မနက်ပိုင်းက သေဆုံးသူ၏ အစ်မတော်စပ်သူ မခင်မာအေးဆိုသူသည် နေအိမ်ခေါင်းရင်းရှိ ရေဘုံ ဘိုင်၌ ရေလှုပ်နေစဉ် သေဆုံးသူ ကိုဝင်းသန်းအေးမှာ အိမ်သာတက်ရန်သွားရောက်ခဲ့သည်ကို သူမကမြင် တွေ့လိုက်ရသည်ဟု အမှုစစ်ရဲအရာရှိထံပြောပြခဲ့သည်။ ထို့နောက် အချိန်နာရီဝက်ခန့်အကြာတွင် တူမတော် စပ်သူ မခင်လပြည့်ဝင်းက အိမ်သာတက်ရန် အိမ်သာတံခါးအားဆွဲဖွင့်စဉ် အိမ်သာအတွင်း၌ ကိုဝင်းသန်း အေး ဆိုသူသည် ဒူးထောက်လျက် အိမ်သာနံရံအားမှီကာ လည်ပင်းလှီးဖြတ်ဒဏ်ရာများဖြင့်သေဆုံးနေ သည်ကို စတင်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း အမှုစစ်ရဲအရာရှိမှ မှတ်တမ်းများရယူထားခဲ့သည်။

သေဆုံးသူ၏ မိသားစုဝင်များ၏ ထုတ်ဖော်ပြောကြားချက်များအရ သေဆုံးသူသည် လွန်ခဲ့သောသုံးနှစ်ခန့် က ပိုသတ်ဆေးရည်များသောက်သုံးကာ မိမိကိုယ်ကို အဆုံးစီရန်ကြံစည်ခဲ့ဘူသေးသည်။ ထို့ကြောင့် အမှု စစ်ရဲအရာရှိက သေဆုံးသူအား မှုခင်းဆေးပညာများအရ ဆက်လက်၍ စစ်ဆေးဆောင်ရွက်နိုင်ရန် ထီးချိုင့် မြို့မရဲစခန်း၏ သေမှုသေခင်းအမှတ်စဉ် ၁၁/၂၀၁၄ အရအမှုရေးဖွင့်ထားရှိကြောင်း သိရှိရသည်။

သတင်း၊ ကိုတိုးကြီး
https://www.facebook.com/KoToeChinDween?fref=nf

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform