စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday 31 July 2014

သဲကုန်းမြို့နယ်မှာ ရေကြီးပြီး လူသေ

 ပဲခူးတိုင်း အနောက်ဖက်ခြမ်း သဲကုန်းမြို့နယ်မှာ ပြီးခဲ့တဲ့ အပတ်က ရေကြီး ရေလျှံမှုတွေ အတွင်း လူတဦး သေဆုံး ခဲ့ပါတယ်။

ရေကြီးနေစဉ် ချောင်းကို ဖြတ်ကူး တုန်းမှာ ချောင်းရေ စီးအားနဲ့ မျောပါသွားပြီး အသက်ဆုံး ခဲ့တာလို့ သဲကုန်း NLD ပါတီ ဥက္ကဌ ဦးအောင်သန်းက ဘီဘီစီကို ပြောပြပါတယ်။

လယ်တွေလည်း ရေမြုပ်ကုန်ပြီး တံတားတစင်းလည်း ကျိုးခဲ့ပါတယ်။

ရေကြီးမှုကြောင့် လယ် ၂၀၊ ၂၅ ဧကလောက် ရေမြုပ်သွားခဲ့တယ်လို့ သိရပါတယ်။

အခုနှစ်က မိုးနောက်ကျတဲ့အတွက် လယ်တွေကို ထွန်ရုံသာ ထွန်ထားခဲ့တာ ဖြစ်ပြီး အခုလို ရေမြုပ်ကုန်တဲ့အတွက် ဒီနှစ် အတွက် လယ်ယာ စိုက်နိုင်တော့မယ့် ပုံမရှိဘူးလို့ ပြောပါတယ်။

တံတား ကျိုးသွားတဲ့အတွက် သဲကုန်း၊ ပေါင်းတလည်၊ ပြည် လမ်းကြောင်းမှာ နှစ်ရက် သုံးရက်လောက် လမ်းပန်း အဆက်အသွယ် ယာယီ ပြတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/08/140731_thegone_flood_death.shtml

 မြန်မာနိုင်ငံတဝှမ်း ရေကြီး ရေလျှံမှုတွေ ဖြစ်ပွားနေ

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform