စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Monday 28 July 2014

အစာအဆိပ်သင့်မှု(၅)ရက်အတွင်း ဒုတိယအကြိမ်ထပ်မံ ဖြစ်ပွား

 ရေတာရှည် ဇူလိုင် ၂၈

 ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ဇူလိုင်လ (၂၁) ရက်နေ့က ရေနီမြို့၊ ဇေယျသိမ်ကျေးရွာ အလယ်တန်း ကျောင်းခွဲ၌ အာဟာရ ထမင်းဟင်းစားခဲ့ပြီး ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ၊ ကျေးရွာ ဒေသခံ (၁၁၃) ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားပြီးနောက် (၅)ရက်အကြာ ဇူလိုင်လ (၂၅) ရက်နေ့ ညနေပိုင်းက ရေနီမြို့၊ ဂွေးသုံးပင် ရပ်ကွက်တွင် ဝတ်အသင်းလှည့်သူ များကို ကုသိုလ်ရှင်များ ကျွေးသည့် ပေါင်မုန့်အုန်းနို့ဆမ်း စားသူ (၂၁)ဦး အစာ အဆိပ်ဖြစ်ပြီး မြို့လှတိုက်နယ် ဆေးရုံသို့ (၈)ဦးတင်ပို့ခဲ့ရကြောင်း သိရှိရသည်။

 အဆိုပါ နေ့လည်ပိုင်းက ဂွေးသုံးပင် ရပ်ကွက်၊ ဝတ်အသင်းသည် ရေနီမြို့ပေါ် ရပ်ကွက်များအနှံ့ အလှူခံခဲ့ပြီး ကုသိုလ်ရှင်များက တို့ဟူး သုပ်နှင့် ရေခဲရေ ကျွေးမွေးခဲ့သည်။ ညနေပိုင်း ဂွေးသုံးပင် ရပ်ကွက် အရောက် ပေါင်မုန့်အုန်းနို့ဆမ်း ကျွေးခဲ့ပြီးနောက် ညနေ(၅) နာရီခွဲမှ စတင်ကာ အော့အန်မူးဝေမှုများနှင့် ဝမ်းလျှောခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရှိရ သည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform