စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Saturday 26 July 2014

ဝန်ထမ်းတွေကို ဒူးထောက်ကြိုဆိုခိုင်းတဲ့ Vintage ဟိုတယ် ပြင်းထန်စွာသတိပေးခံရ

 ရန်ကုန်မြို့ ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှာရှိတဲ့ Vintage ရေပေါ်ဟိုတယ်က လာရောက်တည်းခိုသူတွေကို ဟိုတယ်ဝန်ထမ်းတွေကနေ ဒူးထောက်အရိုအသေပေးပြီး ကြိုဆိုနေတဲ့ ဓါတ်ပုံအသုံးပြု ကြော်ငြာခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီလိုမြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီခြင်းမရှိတဲ့ ဝန်ဆောင်မှုကို ရပ်ဆိုင်းဖို့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက ဟိုတယ်ပိုင်ရှင်နဲ့ စီမံအုပ်ချုပ်သူကို မနေ့က ပြင်းထန်စွာသတိပေးလိုက်တယ်လို့ သိရပါတယ်။

သက်ဆိုင်ရာက စစ်ဆေးရာမှာ မြန်မာနိုင်ငံသားပိုင် လှလှပပ လီမိတက်က ရင်းနှီးမြုပ်နှံတဲ့အဲဒီ Vintage ဟိုတယ်မှာ တခြားဟိုတယ်တွေထက်ထူးကဲရေးအတွက် သက်ဦးဆံပိုင်ခေတ်က ဘုရင်နှင့် မိဖုရားကို ကျေးကျွန်တွေဒူးထောက် အရိုအသေပေးခဲ့ကြတဲ့အတိုင်း လာရောက်တဲ့ ဧည့်သည်တွေကို ဝန်ဆောင်မှုပေးရန် ရည်ရွယ်ပြီး ဝန်ထမ်းတွေကို သင်တန်းတစ်ခုပြုလုပ်ကာ လေ့ကျင့်ပေးခဲ့ကြောင်း ဟိုတယ်တာဝန်ရှိသူတွေက ပြောဆိုခဲ့တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၂၅ ရက် မနေ့ကနေ့စွဲနဲ့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

အဲဒီစစ်ဆေးတွေ့ရှိချက်အရ ဟိုတယ်ပိုင်ရှင် လှလှပပလီမိတက်ရဲ့ ဒါရိုက်တာအဖွဲ့ဝင် ဦးမြင့်လွင်နှင့် ဦးပြည့်ဖြိုးဦးတို့ကို ဒု ဝန်ကြီး ဒေါက်တာစိုင်းကျော်အုန်းနဲ့ ညွန်ကြားရေးမှူးချုပ်တွေက နေပြည်တော်ကို မနေ့က ခေါ်ယူပြီး ဒီလို ဘုရင်နှင့်မိဖုရားကို ဒူးထောက် အရိုအသေပေးရတဲ့ ဝန်ဆောင်မှုဟာ ဟိုတယ်လုပ်ငန်းတွေက ဧည့်သည်တွေကို ပေးဆောင်ရမယ့် ဝန်ဆောင်မှုမျိုးမဟုတ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာနဲ့ ကိုက်ညီခြင်းမရှိကြောင်းနဲ့ ဟိုတယ်ဝန်ထမ်းတွေအနေဖြင့်လည်း ဒီလို ဝန်ဆောင်မှုဟာ ပုံမှန်မဟုတ်တဲ့အတွက် ခက်ခဲစွာထမ်းဆောင်ကြရကြောင်း ဒါ့ကြောင့် အခုလိုဝန်ဆောင်မှုပေးခြင်းကို ရပ်ဆိုင်းဖို့နဲ့ အလားတူဝန်ဆောင်မှုမျိုး ထပ်မံဆောင်ရွက်ကြောင်း စစ်ဆေးတွေ့ရှိရင် အရေးယူမှာဖြစ်ကြောင်း သတိပေးခဲ့တယ်လို့ သိရပါတယ်။

ဟိုတယ်ပိုင်ရှင်ဖက်ကလည်း သူတို့ဝန်ထမ်းတွေအနေနဲ့ ဒူးမထောက်ရပဲ ဒူးကိုကွေးညွတ်ယုံမျှသာပြုမူရပါတယ်လို့ ဒု ဝန်ကြီးနဲ့အဖွဲ့ကို ပြန်လည်ချေပ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

အဲဒီလို ဧည့်သည်တွေကို ဝန်ထမ်းတွေ ဒူးထောက်ကြိုဆိုရတဲ့ ဓါတ်ပုံကို Vintage ဟိုတယ်က အခုပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ပေမယ့် ဟိုတယ်ဝက်ဆိုဒ်စာမျက်နှာမှာ လက်ရှိဖေါ်ပြထားတဲ့ ဓါတ်ပုံတွေထဲမှာ အနောက်တိုင်းကလို့ယူဆရတဲ့ ဧည့်သည်တစ်ဦးက ဆိုဖါမှာခြေကျင်းချိတ်ထိုင်နေပြီး ဟိုတယ်ဝန်ထမ်းတစ်ဦးက သူ့ခြေထောက်အနီးအောက်ခြေ ကြမ်းပြင်မှာထိုင်ကာ မှတ်စုစာရွက်နဲ့ လိုက်လံမှတ်သားနေရတဲ့ ဓါတ်ပုံတစ်ပုံကို မြင်တွေ့ရပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform