စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 27 July 2014

ကျောက်တူးလို့ ချောင်းရေလျှံရင် လယ်ပျက်ရ

ရှမ်းပြည် မြောက်ပိုင်း တရုတ်ပြည် နယ်စပ်က မူဆယ် နမ့်ခမ်း မြို့နယ် တွေမှာ နမ့်ဆီလီ ချောင်း ရေလျှံတဲ့ အတွက် ပြီးခဲ့တဲ့ ရက်ပိုင်းတွေ မှာ ချောင်းဘေး ရွာတွေ ရေကြီးခဲ့ပြီး၊ စိုက်ပျိုး ထားခဲ့တဲ့ လယ်မြေတွေ ပျက်စီးခဲ့ပါ တယ်။

မူဆယ်နဲ့ နမ့်ခမ်းကြား က ပန်ခမ်းမှာ လူအသေ အပျောက် ရှိခဲ့ပြီး၊ အခု ရေကျသွားတဲ့ အချိန်မှာ ပျက်စီး ဆုံးရှုံးမှုတွေ ကို ဒေသခံ လူမှု အထောက်အကူပြု အဖွဲ့တွေက စာရင်း ရယူနေဆဲ လို့ သိရပါတယ်။

အာဏာပိုင်တွေ ဘက်က ကူညီ မှု အစီအစဉ် တွေ လုပ်ဆောင် တာမျိုးတော့ မတွေ့ ရသေးဘူး လို့၊ ဒေသခံတစ်ဦး က ဘီဘီစီကို ပြောပါ တယ်။

ဒီ နမ့်ဆီးလီ ချောင်း ဟာ မိုးကြီးတဲ့ အခါတိုင်း၊ ရေလျှံလေ့ရှိတာ မှန်ပေမယ့်၊ နောက်ပိုင်း ချောင်းညာမှာ ဆီလီကွန် ရယူဖို့ သဲတူး ကျောက်တူး ကုမ္မဏီ မိုင်းတွင်း တွေရှိလာပြီး၊ စိုက်ပျိုးမြေတွေ ထဲ ချောင်းရေ ဝင်ပြီး ပြန်ကျ သွားတဲ့ အခါ၊ ကျောက် အမှုန်အမွှား တွေ တင်ကျန်ရစ်ပြီး မြေဆီ ပျက်စီးကာ၊ လုံးဝ စိုက်မရ ပျိုးမရတွေ ဖြစ် ကျန်ခဲ့ရတယ် လို့ သိရပါတယ်။

အခု နမ့်ခမ်းမြို့နယ် က လူမှု အဖွဲ့အစည်းတွေ အနေနဲ့ ဆုံးရှုံး လယ်မြေစာရင်းတွေ ရယူပြီး၊ သက်ဆိုင်ရာ ကို တင်ပြပေးမယ် လို့ ဒေသခံ ရွာသားတွေ ကို ပြောထားပါတယ်။

ဘီဘီစီ(မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/07/140727_namhkam_shan_flood.shtml

ရှမ်းပြည်က လူမျိုးစု ပွဲ

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform