စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Thursday 31 July 2014

တရုတ်နယ်စပ်တွင် အစိုးရစစ်တပ်အရာရှိနှစ်ဦး သတ်ဖြတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း ၊ နမ့်ခမ်းမြို့ တရုတ်- မြန်မာနယ်စပ်၊ ရွှေလီမြစ် တစ်ဘက်ကမ်းရှိ မန့်ဟောင်း ကူးတို့ ဆိပ် လမ်းခွဲ နောင်မတာ ကျေးရွာအနီး၌ ဂျူလိုင်လ ၂၉ ရက်က အစိုးရ စစ်တပ်အရာရှိ နှစ်ဦး သတ်ဖြတ် ခံရ ကြောင်း သတင်း ရရှိသည်။

သတ်ဖြတ်ခံရသူမှာ နမ့်ခမ်းမြို့နယ် နောင်မတာကျေးရွာတွင် အခြေချ လှုပ်ရှားသော အစိုးရတပ်မှ တပ်ခွဲမှူး ဗိုလ်ကြီး ၀င်းသူရထွန်း နှင့် (အမည် မသိ) တပ်ကြပ်ကြီး တဦးတို့ဖြစ်ပါသည်။ ၄င်းနှစ်ဦးသည် နမ့်ခမ်းမြို့မှ ဈေးဝယ်ပြီး အပြန်တွင် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့်ဒေသခံ တဦးက ပြောဆိုသည်။

“တပ်ခွဲမှူးက ရင်ဘတ်မှာသေနတ်ဒဏ်ရာတစ်ချက်နဲ့ ဦးခေါင်းမှာ ဓါးခုတ်ရာ ဒဏ်ရာတစ်ချက်၊ သုံးရစ်အရာရှိကတော့ ၀မ်းဗိုက် ပိုင်းကနေ ကျော ဘက်ပေါက် တဲ့ သေနတ်ဒဏ်ရာတစ်ချက်ထိသွားတယ်။ တပ်ခွဲမှူးသေတဲ့နေရာနဲ့ မလှမ်း မကမ်းမှာဘဲ သူ့အလောင်းက။ တပ်ခွဲမှူးအလောင်းက လမ်းရဲ့တဖက်ခြမ်း တရုတ်နယ်နိမိတ်ထဲမှာ ။ နောက်တယောက်ကတော့ ရွာအ၀င်လမ်း လယ် ကွင်းထဲမှာ။ နေရာက မဝေးဘူး။ နယ်စပ်ဆိုတော့ လေ။ ” ၄င်းကပြောသည်။

အလောင်းများကို ယမန်နေ့ မွန်းတည့်ချိန်ကတွေ့ရပြီး နောင်မတာကျေးရွာသည် တရုတ်နယ်နိမိတ်နှင့် ထိစပ်လျှက်ရှိ နေ သောကြောင့် နှစ်နိုင်ငံရှိတာဝန်ရှိသူများ လာရောက်ရှိစစ်ဆေးလျှက်ရှိနေပါသည်။ အဆိုပါအလောင်းများကို နမ့်ခမ်း ပြည် သူ့ဆေးရုံသို့ ည ၇း၀၀ က ပို့ဆောင်ပြီး ခွဲစိတ်စစ်ဆေးကြကြောင်း နမ့်ခမ်းမြို့ အုပ်ချုပ်ရေးမှူးနှင့်နီးစပ်သည့် အသိုင်းအ၀ိုင်း ကဆိုသည်။

ယခု အစိုးရစစ်တပ်အရာရှိ နှစ်ဦးသတ်ဖြတ်ခံရသော နောင်မတာကျေးရွာသည် ယခင်က သျှမ်းပြည်တပ်မတော်၏ ၇၀၁ စစ်ဒေသ တပ်စခန်းအခြေစိုက်ရာေ ဒသဖြစ်ပြီး ၂၀၁၃ ခုနှစ် မေလ က အစိုးရစစ်တပ်မှ ထိုးစစ်ဆင် တိုက်ခိုက် သိမ်း ပိုက်လိုက်သည်။ လက်ရှိတွင် မြန်မာ့တပ်မတော် တပ်မ ၈၈ လက်အောက် ခံ တပ်ရင်းများနှင့် ပြည်သူ့စစ်တပ်ဖွဲ့တို့သာ အခြေစိုက်လှုပ်ရှားကြောင်းသိရ ပါသည်။

သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ နယ်စပ်ဖြတ်ကျော်သူများထံမှ အခွန်ကောက်ယူပြီး အဝေမတည့်မှုကြောင့် ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း နီးစပ် သည့်ပြည်သူ့စစ်အသိုင်းအ၀ိုင်းကပြောသည်။

သျှမ်းသံတော်ဆင့်/ စိုင်းကျော်
https://www.facebook.com/Panglong.burmese?fref=nf

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform