စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်

စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 21 September 2014

ဆေးနှင့် တွဲဖက် မစားသုံးသင့်သော အစာများ

ဆေးနှင့် တွဲဖက် မစားသုံးသင့်သော အစာများ
==============================
စားလိုက်တဲ့ အစားအသောက်က ကိုယ်သောက်တဲ့ ဆေးပေါ်ကို နည်း ၃ မျိုးနှင့် သက်ရောက်နိုင်ပါတယ်။

1. အချို့အစားအသောက်က အစာလမ်းကြောင်းက ဆေးစုပ်ယူမှုကို ဟန့်တားပါတယ်။ ဒါကြောင့် ဆေးအာနိသင် လျော့တာ ဖြစ်နိုင်ပါတယ်။

2. အချို့အစားအသောက်က ဆေးကို ကိုယ်ခန္ဓာက ချေဖျက်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် ပုံမှန်အတိုင်း ဆေးသောက်ပေမဲ့ ဆေးအာနိသင် ပိုများတာမျိုး ဖြစ်နိုင်ပါတယ်။

3. အချို့အစားအသောက်ကတော့ တခြားဆေးတစ်ခုခုရဲ့ အာနိသင်နဲ့ သွားတူနေတတ်ပါတယ်။

ဥပမာများ

1. Grape-fruit juice increase amount of drugs your body absorbed

Grape fruit juice က ဆေးတွေကို ကိုယ်ခန္ဓာက ချေဖျက်တာကို နှောင့်ယှက်ပါတယ်။ Cholesterol ကျဖို့ သောက်တဲ့ဆေး၊ နှလုံးရောဂါအတွက်ဆေး၊ immune system နဲ့ဆိုင်တဲ့ဆေးတွေကို ခန္ဓာကိုယ်က ပုံမှန်ချေဖျက်တာကို နှောင့်ယှက်ပါတယ်။ ဒါကြောင့် juice သောက်တဲ့ ပမာဏကို မူတည်ပြီး ပုံမှန် ဆေးသောက်ပေမဲ့ ဆေးအာနိသင် နဂိုရှိသင့်တဲ့ ပမာဏထက် 2-3 ဆ ထိတောင် သွေးထဲမှာ ပိုများနေတတ်ပါတယ်။ ဆေးပမာဏများလေလေ ဆေးရဲ့ ကောင်းတဲ့အာနိသင်ထက် ဆိုးကျိုးအာနိသင်က ပိုများဖို့ များနေပါတယ်။ ဒါကြောင့် Grape fruit juice နဲ့ ဆေး တွဲမသောက်သင့်ပါ။

2. Acidic Juices should not be taken together with certain Antibiotics

Orange juice, Tomato juice စတဲ့ Citrus juices အမျိုးအစားတွေကတော့ antibiotics လို့ခေါ်တဲ့ ပိုးသတ်ဆေး၊ ပဋိဇီဝဆေးတွေကို ကိုယ်ခန္ဓာက စုပ်ယူတဲ့နေရာမှာ နှောင့်ယှက်ပါတယ်။ ဒါကြောင့် Orange Juice နဲ့ ပိုးသတ်ဆေးများနဲ့ တွဲမသောက်သင့်ပါ။

3. Vitamin K rich foods contribute to blood clotting. Vit K rich foods should be limited when taking blood thinners

အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက် (ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ကညွန့်၊...) စတာတွေမှာ Vitamin K ဓာတ်အများကြီးပါပါတယ်။ Vitamin K ဟာ Blood clotting လုပ်ငန်းစဉ်အတွက် လိုအပ်ပါတယ်။ Vit K များတာက သွေးကြဲဆေးသောက်နေတဲ့ သူများအတွက် အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

4. Dairy products block iron absorption

နို့နှင့် နို့ထွက်ပစ္စည်းတွေကတော့ သံဓာတ် စုပ်ယူမှုကို နှောင့်ယှက်ပါတယ်။ သံဓာတ်အားဆေး သောက်နေရသူတွေ၊ သံဓာတ်ချို့တဲ့ သွေးအားနည်းသူတွေ အတွက် နို့နဲ့နို့ထွက် ပစ္စည်းများ သောက်ရာမှာ သတိထားသင့်ပါတယ်။

5. Fibers

Fibers တွေကတော့ stomach emptying အချိန်ကို ပြောင်းလဲစေပြီး ဆေးတွေ စုပ်ယူမှုကို ပြောင်းလဲစေပါတယ်။ ဒါပေမဲ့ ဆေးတိုင်းနဲ့ Fibers တွဲမစားနဲ့လို့ ပြောတာမဟုတ်ပါဘူး။ နှလုံးဆေး Digitalis, Penicillin စတဲ့ဆေးအချို့နဲ့တော့ တွဲဖက် မစားသုံးသင့်ပါဘူး။

6. Caffeine

Coffee, Cola စတဲ့ ကာဖင်းပါတဲ့ အစားအသောက်တွေက ပန်းနာရင်ကျပ်ဆေးတွေရဲ့ အာနိသင်နဲ့ သွားတူပါတယ်။ ဒါကြောင့် asthma ဆေးတွေ ဖြစ်တဲ့ theophylline စတာတွေ သောက်နေရင် caffeine မသောက်သင့်ပါဘူး။ နောက် ကာဖင်းဓာတ်က လူကို နိုးကြားစေတဲ့အတွက် သူ့နဲ့ဆန့်ကျင်ဘက်နေရာမှာသုံးတဲ့ ဆေးနဲ့ တွဲမသုံးသင့်ပါဘူး။

7. Alcohol & wine

Wine နဲ့ cheese တွဲသောက်ခြင်းက စိတ်ဓာတ်ကျရာမှာ သုံးတဲ့ Anti-depressant ဆေးရဲ့ မကောင်းတဲ့ အာနိသင်ကို ပိုဆိုးပြီး အသက်အန္တာရယ် ရှိနိုင်ပါတယ်။ MAO Inhibitor လို့ခေါ်ပါတယ်။ နောက် အရက် က အသည်းကို ထိခိုက်ပါတယ်။ ဆေးအများစုက အသည်းမှာ ချေဖျက်၊ ပြုပြင်ရတာ ဖြစ်တဲ့အတွက် အရက်သောက်တာနဲ့ ဆေးအာနိသင်ကို ပြောင်းလဲစေတာ ပတ်သတ်မှု ရှိပါတယ်။

8. Water

ရေကတော့ ဘာအာနိသင်မှ မပြောင်းစေတဲ့ အရာဖြစ်ပါတယ်။ ဘယ်အစာနဲ့ ဘယ်ဆေးတွဲမသောက်သင့်ဘူး သံသယရှိလို့က ရေနဲ့သာ တွဲသောက်ပါ။ ရေနဲ့ ဆေးကို သောက်တာ အကောင်းဆုံးပါ။ လိမ္မော်ရေ၊ စပျစ်ဖျော်ရည်၊ ကော်ဖီ၊ လဖက်ရည်တို့နဲ့ တွဲသောက်တာထက် အများကြီး ပိုကောင်းပါတယ်။ များသောအားဖြင့် ဆေးအာနိသင်ကိုလဲ မနှောင့်ယှက်ပါဘူး။

Ref; Health
 — with Shwe Arlu and 2 others.

Photo: ဆေးနှင့် တွဲဖက် မစားသုံးသင့်သော အစာများ

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform