စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 21 September 2014

၁၇၃။မေး။စေတနာသည်လူတိုင်းနဲ့ မတန်လို့ ပြောကြတယ်။တကယ်ဘဲလား?ရောင်ပြန်ဟပ်တတ်ပါသလား.

"စေတနာသည်လူတိုင်းနဲ့ မတန်"လို့ ကြားမိတိုင်းကျနော်က နားခါးမိတယ်...။
ဒါပေမယ့် ကျနော်ဖတ်ဖူးတဲ့ မက္ကစီကို စာရေးဆရာ Gregoria Lopezy ၏ A Letter to God ထဲကလင်းချိုအကြောင်းတွေးမိနေတာ့...လက်ခံချင်သလိုပါဘဲလေ...။
ကျနော်မှတ်မိသလောက်...လင်းချိုအကြောင်းပြောပြမယ်...လင်းချိုတို့ ရွာမှာလယ်ယာမြေအတွက်မိုးရေလိုတယ်...ဒါနဲ့ လင်းချိုလည်းဘုရားသခင်ကိုဆုတောင်းတယ်...ကံဆိုးချင်တော့ အဲ့ ဒိနေ့ ကမိုးရွာတယ်...မိုးကမုန်တိုင်းပါဖြစ်ပြီးရက်ဆက်ရွာတဲ့ အတွက်လယ်တွေ ပျက်တယ်.... မုန်တိုင်းစဲတဲ့ အခါ...အငတ်ဘေးရောက်မှာမလို့ ...လင်းချိုက သူယုံကြည်ရာဘုရားသခင်ဆီစာရေးတယ်...။မိုးတိတ်ဖို့ ပေါ့......နောက်ငွေလည်းလိုတယ်..........
ည တစ်ညလုံး လင်းချိုသည် မျှော်လင့်ချက်တစ်ခုကိုသာ တွေးမိ၏။
ယင်းမှာ ဘုရားသခင်၏ မှိုင်းမမှုဖြစ်သည်။ ဘုရားသခင်သည် လူသတ္တဝါ
အပေါင်းတို့ ၏ စိတ်ထဲတွင်ရှိသည့် ဆန္ဒကို သိမြင်တော်မူသည် မဟုတ်ပါလော။
လင်းချိုသည် ယာတောတွင် နွားလို ရုန်းဖို့ လောက်သာ သိသူဖြစ်၏။
မည်သို့ စာရေးရမည်ကို မသိ။
နောက်တစ်နေ့ မနက်လင်းသည်နှင့် လင်းချိုသည် စာတစ်စောင်ကို ကြိုးစား၍ရေးနေသည်။
သူ့ ကိုဘုရားသခင်က မှိုင်းမတော်မူမည်ဟုလည်း သူ ယုံကြည်၏။
ထိုစာမှာ အခြားစာမဟုတ်။
ဘုရားသခင်ထံ ပေးစာဖြစ်ပါသည်။
" လျှောက်ထားအပ်သည် ဘုရား၊ ယခုနှစ်တွင် မိသားစု ငတ်ကြရမည်သာ ဖြစ်ပါသည်။
လယ်ယာတောမှာ မိုးသီးကြောင့် ပျက်သွားသဖြင့် နောက်ထပ်ပြန်စိုက်ရန်နှင့်
ကောက်သစ်မပေါ်မီ စားသောက်ရန်အတွက် ငွေတစ်ရာလောက် လိုပါသည်။
သူသည် စာကို စာအိပ်ထဲတွင် ထည့်၊
စာအိတ်ပေါ်တွင် 'ဘုရားသခင်ထံသို့ ပေးရန်' ဟု
ရေးပြီး စာထည့်ရန် မြို့ သို့ လာခဲ့သည်။
စာတိုက်မှ တံဆိပ်ခေါင်း တစ်လုံးဝယ်၍ကပ်ပြီးနောက် စာကို စာတိုက်ပုံးထဲ ထည့်ထားခဲ့သည်။
စာပို့ သမားသည် ထိုစာကို တွေ့ သည့်အခါတွင် ရယ်မောကာ စာတိုက်ဗိုလ်ကို သွားပြသည်။
သူ့ တစ်သက်တွင် ဘုရားသခင်ထံ လိပ်စာတပ်ထားသော စာတစ်စောင်ကို
တစ်ခါမျှ မတွေ့ ဘူးခဲ့။ သဘောကောင်းသည့် ခပ်ဝဝ စာတိုက်ဗိုလ်သည်လည်း
ထိုလိပ်စာကို မြင်သည့်အခါတွင် ခွက်ထိုးခွက်လန် ရယ်မိသည်။
ထို့ နောက် ချက်ချင်းလေးနက် သွားကာ စာကို စားပွဲပေါ်တွင် တဖျတ်ဖျတ်ရိုက်ရင်း.....
' သူ့ ခမျာ သနားပါတယ်ကွာ၊ ဘုရားတရားကို တော်တော်ယုံကြည်ရှာတာပဲ၊
သူ့ လိုယုံကြည်နိုင်တဲ့ သူဖြစ်ရင် ဘယ်လောက်ကောင်းမလဲ မသိဘူး၊
သူ့ လို ယုံကြည်ချင်လိုက်တာ၊ သူ့ လိုမျှော်လင့်ချက်မျိုးရှိချင်
လိုက်တာ၊ ကြည့်စမ်းပါဦး၊
ဘုရားသခင်ဆီကို အားကိုးတကြီးနဲ့ စာနဲ့ ပေနဲ့တောင် ဆက်သွယ်တယ် '
ဝေငှ၍မဖြစ်သည့် စာတစ်စောင်ကို ဖတ်ရင်း ဘာသာတရားကိုင်းရှိုင်းပုံကို ကြည့်၍
စိတ်ပျက်အားငယ်ခြင်း မဖြစ်စေရန် တစ်ခုခုကူညီသင့်သည်ဟု
စာတိုက်ဗိုလ်ကြီး သဘောရသည်။
သို့ ရာတွင် စာကိုဖွင့်၍ ဖတ်လိုသည့်အခါ၌ သူ့ စာကို ပြန်လျှင်စိတ်စေတနာကောင်းရုံ၊
မင်ရှိရုံ၊ စာရွက်ရှိရုံဖြင့် မလုံလောက်ကြောင်းကို သူ သဘောပေါက်လာသည်။
သို့ ရာတွင် သူ့ ဆုံးဖြတ်ချက်ကို မပြောင်းပါ။
စာတိုက်ဗိုလ်ကြီးသည် စာတိုက်အမှုထမ်းများထံမှ ငွေကောက်သည်။
သူကိုယ်တိုင်လည်း သူ့ လစာ တစ်စိတ်တစ်ပိုင်းကို ထည့်သည်။
သူ့ မိတ်ဆွေများကလည်း ' အလှူဒါန ' အဖြစ်တတ်နိုင်သလောက် ထည့်ဝင်ကြသည်။
တစ်ချီတည်းဖြင့် ငွေတစ်ရာရဖို့ မလွယ်ပါ။
ထို့ ကြောင့် စာတိုက်ဗိုလ်ကြီးသည် တစ်ဝက်ကျော်ကျော်ရှိသည့် ငွေစက္ကူများကို
စာအိတ်တစ်အိတ်တွင် ထည့်ပြီး လင်းချိုထံ ပို့ လိုက်သည်။
စာအိတ်ထဲတွင် ' ဘုရားသခင်' ဆိုသည့် စာလုံးတစ်လုံးကိုသာ
ရေးထားသည့် စာတစ်ရွက် ကိုလည်း ထည့်ပေးလိုက်၏။
နောက်တစ်နေ့  တနင်္ဂနွေနေ့  မနက်စောစောတွင် လင်းချိုသည် သူကိုယ်တိုင်
စာတိုက်သို့ ပေါက်လာကာ သူ့ အတွက် စာရောက်ခြင်း ရှိမရှိကို လာ၍စုံစမ်းသည်။
စာပို့ သမားကိုယ်တိုင် ထိုစာကို လင်းချို လက်သို့ ပေးလိုက်၏။
စာတိုက်ဗိုလ်ကြီးမှာကား ကုသိုလ်ကောင်းမှုတစ်ခု
ပြုလိုက်ရသဖြင့် ပီတိဖြစ်နေသူတစ်ဦး အနေဖြင့် အတွင်းဘက်မှနေ၍
လင်းချို ကို လှမ်းကြည့်နေသည်။
လင်းချိုသည် စာအိတ်ကိုဖွင့်၍ ငွေစက္ကူများကို မြင်သည့်အခါတွင်
နည်းနည်းမျှ အံ့အားသင့်ဟန်မပြပါ။
ထိုအရာများကို ရလိမ့် မည်ဟု သူယုံကြည်ပြီးသားဖြစ်ဟန်တူပါသည်

သို့ ရာတွင် ပိုက်ဆံကို ရေတွက်ပြီးသည့်အခါတွင် လင်းချိုသည် ဒေါပွ၍မဆုံးဖြစ်နေသည်။
ဘုရားသခင်သည် ငွေအရေ မမှားနိုင်။
သူတောင်းသည့် ငွေအရေအတွက်ကိုလည်း ငြင်းဆန်ခြင်း ပြုမည်မဟုတ်။
လင်းချိုသည် စာတိုက်ပြတင်းဝနားသို့ ရောက်လာကာ
စာရွက်တစ်ရွက်နှင့် မင်ကို တောင်းသည်။
ထို့ နောက် စာတိုက်ကောင်တာတွင် ထိုင်ကာ
သူရေးမည့် အကြောင်းအရာကို
မျက်မှောင်ကြီးကုပ်၍ စဉ်းစားရင်း စာတစ်စောင်ရေးနေသည်။
စာရေးပြီးသည့်အခါတွင် အပေါက်ဝသို့ သွားကာ တံဆိပ်ခေါင်းတစ်လုံးဝယ်၍
တံတွေးဖြင့်ကပ်ပြီးသော် လက်ဖြင့် တဒုန်းဒုန်း မြည်အောင် ထုသည်။
စာတိုက်ပုံးထဲသို့  စာရောက်သွားသည်နှင့် စာတိုက်ဗိုလ်ကြီးသည်
စာတိုက်ပုံးထဲမှ စာကိုယူ၍ ဖတ်၏။ စာထဲတွင် အောက်ပါအတိုင်းပါရှိ၏။
' လျှောက်ထားတောင်းဆိုသည့် ပိုက်ဆံတို့ အနက် ငွေ ၇၀ သာ လက်ထဲသို့ ရောက်လာပါသည်။ ကျန်ငွေများကို ဆက်လက်ပို့ ပါဘုရား။ များစွာအသုံးလိုနေပါသည်။
သို့ ရာတွင် ယခုတစ်ခေါက် ပို့ လျှင် စာတိုက်မှ မပို့ ပါနှင့်ဘုရား။
စာတိုက်အမှုထမ်းများသည် လူလိမ်လူကောက်များဖြစ်ပါသည် ဘုရား။
အဲ့ ဒိစာလေးကိုကျနော်ကသတိယမိတော့...စေတနာသည်လူတိုင်းနဲ့ မတန်ဘူးဆိုတာ...တွေးမိပြန်ရော......
သူငယ်ချင်းတို့ ကော......ဘယ်လိုထင်လည်း.......??
ကြုံဘူးတာလေးဝေမျှ ကူးညှိကြစို့ .............

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform