စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday 5 September 2014

နှစ်စဉ် မြန်မာကလေးငယ် ၁ သောင်းကျော် သွေးလွန်တုပ်ကွေး ဖြစ်ပွားနေ

မြန်မာနိုင်ငံမှာ ကလေး ၁သောင်းကျော် သွေးလွန်တုပ်ကွေး ရောဂါ နှစ်စဉ် ဖြစ်ပွား နေတယ်လို့ ကျန်းမာရေး ၀န်ကြီးဌာနက သတင်း ထုတ်ပြန်လိုက် ပါတယ်။

ကျန်းမာရေး ၀န်ကြီးဌာနရဲ့ တရားဝင် သတင်း ထုတ်ပြန်ချက်အရ အသက် ၃ နှစ်ကနေ ၈ နှစ်အတွင်းရှိ မြန်မာကလေး ၁ သောင်းကျော် သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားပြီး ၆၀ လောက် သေဆုံးနေတာကြောင့် သတိပြု နေထိုင်ကြဖို့ နှိုးဆော်လိုက်တာပါ။

ကျန်းမာရေးဝန်ကြီးဌာန၊ သွေးလွန်တုပ်ကွေးဌာနခွဲ လက်ထောက်ညွှန်မှူး ဆရာဝန်တဦးက “နှစ်စဉ် တနိုင်ငံလုံးမှာ ဖြစ်ပွားသူ ၄ နှစ်စာ ဖြစ်တာတွေကို ပျှမ်းမျှ ပြန်ယူထားတာပါ။ တချို့နှစ်တွေမှာ နည်းတော့နည်းပါတယ်။ ၁ သောင်းပြည့်ချင်မှ ပြည့်တယ်။ ပညာပေးကတော့ ခြင်မပေါက်ဖွား အောင်လုပ်ရမယ်၊ ခြင်ကိုက်မခံရအောင် နေရမယ်၊ တကိုယ်ရေ ကာကွယ်မှု ရှိရမယ် အဲဒီလောက်ပါပဲ။”
ကလေးတွေမှာသာ ဖြစ်ပွားတာ မဟုတ်ဘဲ လူကြီးတွေလည်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလေ့ရှိပြီး တောရော မြို့ပါ ဖြစ်ပွားတာလို့ ကျန်းမာရေးဌာန သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

ရန်ကုန်မှာ ဆေးခန်းထိုင်တဲ့ ဒေါက်တာမြင့်ဦးကတော့ သွေးလွန်တုပ်ကွေး အဖြစ်များရတာ ပတ်ဝန်းကျင်သန့်ရှင်းမှု မရှိတာကြောင့်လို့ ပြောပါတယ်။

“တကယ်ကတော့ ခြင်ကိုက်လို့ဖြစ်တာလေ။ ပတ်ဝန်းကျင်သန့်ရှင်းရေးမှာ ဗွက်တွေ ချုံတွေ အိုင်တွေ ရှိမယ်။ နောက် အိမ်နီးနားက ခြင်တွေ၊ ညောင်ရေအိုးထဲက ခြင်တွေ၊ ကျောင်းပတ်ဝန်းကျင်က မှောင်နေတဲ့နေရာတွေမှာ အောင်းတာ။ အဲဒီတော့ ပတ်ဝန်းကျင်မှာ မှောင်နေမယ်၊ ဗွက်တွေရှိနေမယ်၊ ရေအိုင်တွေရှိနေမယ်ဆိုရင် ခြင်တွေအများကြီး ဖြစ်မယ်။ ခြင်ပေါက်လို့ သွေးလွန်တုပ်ကွေးရောဂါ သယ်ဆောင်ထားတဲ့ ခြင်ကြားခေါ် ခြင်ပုန်းပေါ့။ ဒီခြင်တွေ ကလေးတွေကို ကိုက်ရင်တော့ သွေးလွန်တုပ်ကွေး ဖြစ်ဖို့များတာပေါ့။ အဲဒီအတွက် သွေးလွန်တုပ်ကွေးဟာ မိဘတွေ အပေါ်မှာ မမူတည်ဘူး။ ပတ်ဝန်းကျင်သန့်ရှင်းရေးအပေါ်မှာ မူတည်တယ်။ တချို့မိဘတွေက ကိုယ့်ကလေး သွေးလွန်တုပ်ကွေး ရှိနေတာကို မသိဘူး။ ပေါ့တာတွေကြောင့် ကလေးတွေ အသေအပျောက်များတာ ဆေးရုံအရောက်နှေးတာ ဒါပဲ ရှိပါတယ်။ ရောဂါဖြစ်ပွားရတဲ့ အကြောင်းအရင်းက မိဘတွေနဲ့ မပတ်သက်ဘူး။ ပတ်ဝန်းကျင် သန့်ရှင်းရေးနဲ့ပဲ ပတ်သက်ပါတယ်။”

ကျန်းမာရေးဝန်ကြီးဌာနကတော့ ဖုံးသွန်လဲစစ်ဆိုတဲ့ ရောဂါကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ကြဖို့နဲ့ သွေးလွန်တုပ်ကွေးရောဂါဖြစ်ရင် နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ ပြသကြဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။

ခြင်ကြောင့် ဖြစ်ပွားတဲ့ရောဂါတွေထဲမှာ သွေးလွန်တုပ်ကွေးရောဂါဟာ ငှက်ဖျားရောဂါပြီးရင် ဒုတိယ အဖြစ်များဆုံးရောဂါဖြစ်ပြီး ကမ္ဘာတ၀န်းလုံးမှာ နှစ်စဉ်လူပေါင်း သန်း ၅၀ ကနေ ၁၀၀ ကြား ဒီရောဂါခံစားနေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ခန့်မှန်းပါတယ်။

အာရှပစိဖိတ်ဒေသတွင်း နိုင်ငံတွေထဲမှာ မြန်မာ၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ ရောဂါ အများဆုံးဖြစ်ပွားလေ့ရှိတာ တွေ့ရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်တွေမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူပေါင်း နှစ်သောင်းကျော်စီရှိခဲ့ပြီး ဒါဟာ ရောဂါဖြစ်ပွားမှုရော သေဆုံးမှုပါ အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ နှစ်တွေဖြစ်တယ်လို့ မှတ်တမ်းတွေရှိပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/64320

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform