စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Friday 5 September 2014

ဓမ္မစေတီခေါင်းလောင်း အကြောင်းပြု၍ စီးပွားဖြစ်ကြသူများ – သဉ္ဇာဆွေ

ယုံတာ မယုံတာထက် အခုကတော့ ရောင်းနေရတာပဲလေ။ တစ်ရက်ကို အရွက်(၃၀၀)၊ (၄၀၀)လောက် ရောင်း ရတယ်။ ခေါင်းလောင်းဆယ်နေတာလား၊ ရှာနေတာလားဆိုတာတော့ ဦးစံလင်းတို့ကို သွားမေးမှပဲ သိမယ် . . .

ရန်ကုန်၊ စက်တင်ဘာ ၂

ဓမ္မစေတီ ခေါင်းလောင်းကြီးအား သြဂုတ် ၉ ရက်မှစ၍ ကော့သောင်း မြို့နေ မြေပုံဦးစံလင်းဆိုသူ ဦးဆောင်ကာ ဆယ်ယူလျက်ရှိရာ အများပြည်သူ များအကြား စိတ်ဝင်စားမှု မြင့်တက်လာခဲ့သည်။ ထို့ပြင် ဦးစံလင်း၏ ဂမ်္ဘီရ ဆန်ဆန် ပြောဆိုမှုများကိုလည်း မီဒီယာအချို့တွင် နေ့စဉ်ရက်ဆက် ဖော်ပြ ခဲ့ကြသဖြင့် ခေါင်းလောင်းကြီးဆယ် ယူရေးမှုလုပ်ငန်းမှာ ပြည်သူများအကြား စိတ်ဝင်စားမှု ပိုမိုမြင့်တက် စေခဲ့သည်။

ယင်းခေါင်းလောင်းအား မြေပုံဦးစံလင်း ဦးဆောင်၍ ရက်အကန့်အသတ်မရှိ ဆယ်ယူခွင့်ကို ၂၀၁၄ ခုနှစ် ဇူလိုင် ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွင့်ပြု ပေး ခဲ့ပြီးနောက် သြဂုတ် ၉ ရက်တွင် ရန်ကုန် မြစ်ဆုံနေရာ၌ ဆယ်ယူရေး လုပ်ငန်းများအား စတင်လုပ် ဆောင် ခဲ့ ခြင်းဖြစ်သည်။

ခေါင်းလောင်းကြီး ဆယ်ယူရေးနှင့် ပတ်သက်၍ ဇူလိုင် ၂၅ရက်က Orchid Hotel တွင် ပြုလုပ်ခဲ့သည့် ဦးစံ လင်း၏ သတင်းစာရှင်းလင်းပွဲ၌ ““ခေါင်းလောင်းကြီးကို တူးဖို့ (၇)ရက် သားသမီးတွေရဲ့ အလှူငွေနဲ့တူးမှ အောင်မြင်မယ် လို့ ပြောတယ်။ အခု ခေါင်းလောင်းက ရေထဲမှာဆိုတော့ နဂါးအကူအညီနဲ့ တူးမှာ၊ နဂါးအကူ အညီ မပါဘဲနဲ့ ဘာမှလုပ်လို့မရဘူး။ နဂါးနဲ့အပြိုင် ဆွဲရမှာ။ နဂါးကလည်း ပြန်ဆွဲ မှာ။ လောကီအသိဉာဏ်နဲ့ လုပ် လို့မရဘူး။ ကျွန်တော်တို့ လောကီပညာနဲ့ လုပ်နေရင် ဒီခေါင်းလောင်းကြီး ပေါ်လာစရာအကြောင်း မရှိတော့ ဘူး””ဟု ပြောကြားခဲ့ရာ ပြည်သူအများ စိတ်ဝင်စားခဲ့ကြသည်။…

ထို့ပြင် ““ကျွန်တော်က ဓမ္မစေတီမင်းနဲ့ ပတ်သက်ပြီး ဒီခေါင်းလောင်းကြီးကို အရမ်းစိတ်ဝင်စား ခဲ့တယ်။ ကျွန် တော် ဘုရား(၁၄) ဆူတည်ပြီးပြီ။ ဒီခေါင်းလောင်းကြီး ကိုဆယ်နိုင်ရင် ဘုရားအဆူ ၁၀၀၀ တည်တာနဲ့ ညီမျှ တယ်။ အဲဒါကြောင့် ခေါင်းလောင်းဆယ်ယူဖို့ လောလောဆယ်(၅၂)သိန်း လှူမယ်။ ပြီးရင် ကျွန်တော့်မှာ ဓမ္မ မိတ်ဆွေတွေ အများကြီးရှိတယ်””ဟုလည်း ဦးစံလင်းက သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြော ဆိုခဲ့ သည်။

ယင်းပြောဆိုမှုများအား ပြည်တွင်းထုတ် နေ့စဉ်သတင်းစာများနှင့် အပတ်စဉ်ထုတ် ဂျာနယ်များတွင် အကျယ် တ၀င့် ဖော်ပြခဲ့သဖြင့် လူစိတ်ဝင်စားမှုရလာခဲ့ကာ အဆိုပါ ခေါင်းလောင်းဆယ်ယူသည့် သြဂုတ် ၉ ရက်တွင် ကမ်းလုံးပြည့် လာရောက်ကြည့်ရှုသူများ ပြည့်နှက် ခဲ့သည်။ ခေါင်းလောင်းဆယ်ယူ နေ သည့် နေရာ၌ သာသ နာ့အလံလွှင့်ထူကာ ယင်းအနီးတွင် ငှက်ပျောရွက်များ ချည်နှောင်ထားသည့် သုံးထပ် သင်္ဘောတစ်စင်းရှိခြင်း၊ ယင်းသင်္ဘောပေါ်၌ အုန်းပွဲ၊ ငှက်ပျောပွဲများဖြင့် ကန်တော့ပွဲများပေးကာ သင်္ဘောပေါ်သို့ လူစိမ်းတက်မခံခြင်း၊ ဆယ်ယူရာနေရာ တစ်ဝိုက်တွင် သံဃာတော်များ ပရိတ်ရွတ် မေတ္တာပို့အမျှဝေခြင်း များ နေ့စဉ်နီးပါး ပြုလုပ်ခဲ့ရာ လာ ရောက်ကြည့်ရှုသူများ တစ်စထက် တစ်စ တိုးပွားလာခဲ့သည်။ ထို့ပြင် ခေါင်းလောင်းနှင့်အတူ ခုနစ်ပေမြင့် သည့်ဘုရားနှစ်ဆူ ရှိသည်၊ ရတနာ သေတ္တာ ၇လုံး ရှိသည်ဆိုသည့် ကောလာဟလများလည်း ထွက်ပေါ်ခဲ့ရာ ပြည်သူများအကြား စိတ်ဝင်စားမှု မြင့်တက်ခဲ့သည်။ ထို့ပြင် ခေါင်းလောင်း ဆယ်ယူမှုနှင့် ပတ်သက်၍လည်း ယုံကြည်မှုဆိုင်ရာ သဘောထား အမြင်အမျိုးမျိုးလည်း ထွက်ပေါ်လာသည်။

““ခေါင်းလောင်းဖော်တဲ့နေရာမှာ နတ်တွေ၊ နဂါးတွေရှိတယ်ဆိုတာ မယုံလို့လည်းမရဘူး၊ မမြင်ရ ပေမယ်လို့ မယုံနိုင်ဘူးဆိုတာတော့ ပြောလို့မရဘူး။ သူ့ပဋ္ဌာန်းဆက် တွေဆိုတာရှိတယ်”” ဟု ခေါင်း လောင်းဆယ်ယူ သည့်နေရာသို့ လာရောက်ကြည့်ရှုခဲ့သူ အသက် (၆၀) ၀န်းကျင် အမျိုးသားတစ်ဦးက သူ၏အမြင်ကို ပြော ပြသည်။

အသက်(၃၀)၀န်းကျင် အမျိုး သားတစ်ဦးကမူ ““ဖော်လို့ရမယ် မရဘူးဆိုတာတော့ မပြောတတ်ဘူး။ နတ်တွေ၊ နဂါးတွေဆိုတာလည်း မျက်စိနဲ့ မြင်ရတာ မဟုတ်တော့မယုံဘူး။ ဒီခေါင်းလောင်းကြီးကို ပူဇော်တာတွေ ဘာ တွေနဲ့ ပတ်သက်ပြီးတော့ ယုံတယ်၊ မယုံဘူး ဆိုတာတော့ မပြောတတ်ဘူး။ တကယ်တမ်း ခေါင်းလောင်းကို တွေ့တယ် ဆိုရင်လည်း တွေ့ကြောင်း တစ်ခုခုတော့ သက်သေပြနိုင်ရမှာပေါ့။ အခုက တွေ့ပဲတွေ့သလိုလို၊ ရှာ ပဲရှာ သလိုလိုနဲ့ဆိုတော့ ယုံရခက်ပါတယ်။ ခေါင်းလောင်းကြီးကို ရှိခိုးဖို့ဆိုတာကတော့ ရူးနေလို့ပဲဖြစ်မှာ ပေါ့”” ဟုသူ၏အမြင်ကိုပြောသည်။

““ကိုယ်မှန်တယ်ထင်လို့ လုပ်ကြတာပဲ၊ မှားရင်တော့ခံပေါ့၊ ဘုန်းကြီးတို့ကတော့ ဘုရား၊ တရားက လွဲရင် ကိုးကွယ်စရာ ဘာမှမရှိဘူးလို့ ယူဆတယ်။ ဒီခေါင်းလောင်း ဆယ်တာလည်း စိတ်မ၀င်စားဘူး”” ဟု စစ်ကိုင်း ခင်မကန် ဆရာတော် ဦးခေမိန္ဒက မှတ်ချက်ပေးမိန့်ကြားသည်။ ယင်းသို့ သဘောထားအမြင် ကွဲလွဲမှုများ ဖြစ်ပေါ်နေချိန်တွင် စီးပွားရေး အမြတ်ထုတ်သူများလည်း ထွက်ပေါ်လာခဲ့သည်။

သြဂုတ်(၂၈)ရက်က ဓမ္မစေတီ ခေါင်းလောင်းဆယ်ယူသည့် မြစ်သုံးခွဆုံနေရာတွင် နဂါးသေပေါ်သည်ဟု လုပ်ကြံ ဖန်တီးဓာတ်ပုံများ ရောင်းစား၍ စီးပွားရှာသူများလည်း ရှာခဲ့ကြသည်။ အဆိုပါနေ့က ခေါင်းလောင်းကြီး ဆယ်ယူရာသို့ လာရောက် ကြည့်ရှုကြသူများက နဂါးသေသည့်ပုံကို အပြန်အလှန် မျှဝေခဲ့ကြရုံသာမက လိုင်း ကား အချို့ပေါ်တွင် အဆိုပါပုံကို တစ်ပုံတစ်ထောင်ဖြင့် ရောင်းချမှုများပင် ရှိခဲ့သည်။ ဖြစ်စဉ်အမှန်မှာ အဆိုပါ မြွေပုံမှာ အာဂျင်တီးနားနိုင်ငံ ဘရာဇီးမြစ်အတွင်းရှိ အန်နာကွန်ဒါ အမျိုးအစားမြွေသေကြီးကို လှေဖြင့် ဆွဲနေ သည့် ဓာတ်ပုံသာဖြစ်သည်။

ထို့ပြင် ခေါင်းလောင်း ဆယ်ယူရေးအဖွဲ့ ဦးဆောင်သူ ဦးစံလင်း၏ သဘောထားစာရွက်များကို မိတ္တူ ဆွဲရောင်း ချမှုများလည်း ရှိခဲ့ပြီး ယင်းစာရွက်၌ ဓမ္မစေတီ ခေါင်းလောင်းကြီးအကြောင်း၊ ရတနာသေတ္တာနှင့် မှောက်သွား သည့် သင်္ဘောနှစ်စီးအကြောင်းကို ပုံများဖြင့် ဖော်ပြထားကာ လာမည့် ၀ါခေါင်လအတွင်း ကုန်းပေါ်သို့ ဆယ်ယူ တင်လှူမည် ဆိုသည့် ဦးစံလင်း ပြောဆိုလိုသည့် အကြောင်းခြင်း ရာများကိုဖော်ပြထားသည်။ ထို့ပြင် ခေါင်းလောင်းကြီးတူးဖော်မှုနှင့် ပတ်သက်၍ ကျိုက်ထီးဆောင်း ဆရာတော်ဘုရားကြီးက ၎င်းအားတွေ့ချင် သည့်အတွက် သွားရောက်တွေ့ ဆုံခဲ့ကြောင်း၊ ခေါင်းလောင်းတော် တည်နေရာနှင့် ပတ်သက်၍ ဆရာ တော်ကြီးက မေးမြန်းခဲ့ကြောင်းနှင့် ရရှိလာသောပစ္စည်းများအား မည်သို့ခွဲဝေမည်နည်းဟု ဆရာတော်က မေး မြန်းခဲ့ရာတွင် ပစ္စည်းအားလုံး သည် နိုင်ငံတော်နှင့် သက်ဆိုင်ပါကြောင်း စသည့် အချက်အလက် များပါ ရှိသည်။ သို့သော် မည်သည့် အချိန်တွင် ဆရာတော်နှင့် တွေ့ဆုံသည်၊ မည်သည့် နည်းဖြင့် ရေအောက်တွင် ရတနာ သေတ္တာများ ရှိသည်ကို သိရှိခဲ့ကြောင်းများ ကိုမူ ဖော်ထုတ်ရေးသားထားခြင်းမရှိပေ။

ထိုသဘောထား စာရွက်များကို ရောင်းချနေသည့် ဘိုးလိန်းကူး တို့ဆိပ်မှဈေးသည် တစ်ဦးက ““ယုံတာ မယုံ တာထက် အခုကတော့ ရောင်းနေရတာပဲလေ။ တစ်ရက်ကို အရွက်(၃၀၀)၊ (၄၀၀) လောက် ရောင်း ရတယ်။ ခေါင်းလောင်း ဆယ်နေတာလား၊ ရှာနေတာလား ဆိုတာတော့ ဦးစံလင်းတို့ကို သွားမေး မှပဲသိမယ်”” ဟု သူ၏ အမြင်ကို ပြောကြားသည်။

ဦးစံလင်း၏ သဘောထားစာရွက်များကို ရောင်းချနေသည့် ရန်ကုန်-ဒလသွား သင်္ဘောပေါ်မှ ဈေးသည် တစ်ဦး ကလည်း ““ဒီစာရွက်တွေက တစ်ရက်ကို အရွက် (၁၅၀)လောက် ရောင်းရတယ်။ ကျွန် တော်တို့က ခေါင်း လောင်းဆယ်တဲ့ နေရာ ကနေ ပြန်ပြီးမိတ္တူပွားထား တာပါ။ ခေါင်းလောင်းဆယ်လို့ရ ရင်တော့လည်း ၀မ်းသာ စရာပေါ့”” ဟု စာရွက်များကို ရောင်းချရင်း ပြောကြားသည်။

အလားတူ ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူရာနေရာသို့ အနီးကပ် သွားရောက်ကြည့်ရှုလိုသူများ အတွက် လည်း ၀န်ဆောင်မှုလုပ်ငန်းများ ထွက်ပေါ်လာရာ လူတစ်ဦးလျှင် ၅၀၀ကျပ်ဖြင့် လိုက်ပါပို့ဆောင် နေသည့် စက်လှေများလည်း တွက်ခြေကိုက်လျက်ရှိသည်။ သို့သော် အချို့သော စက်လှေများမှာ ၅၀၀ ကျပ်ဟု သတ် မှတ်ထားသော်လည်း တစ်ခါတစ်ရံ၌ ၁၀၀၀ ကျပ်အထိ တောင်းယူမှုများ ရှိကြောင်းလည်း ကိုယ်တိုင်ကြုံ တွေ့ခဲ့ရ သူများက ပြောပြသည်။

ထို့ပြင် ဦးစံလင်းက ဆယ်ယူမှုလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဓမ္မစေတီ ခေါင်းလောင်းကြီး ကို စောင့်ရှောက် နေသည့် အကြီးဆုံး ရွှေရောင်နဂါးမင်းကြီးနှင့် နဂါးအပေါင်းတို့က ရေအောက်တွင် ဆီမီးထွန်း၍ ခမ်းနားကြီး ကျယ်စွာ ပူဇော်နေသောကြောင့် သတင်းထုတ်ပြန် ရက် နောက်ကျခြင်း ဖြစ်ရကြောင်း သတင်းထုတ်ပြန်ခဲ့သေး ရာ မဖြစ်နိုင်ကြောင်းနှင့် ခေါင်းလောင်း ဆယ်ယူမှုလုပ်ငန်း သတ်မှတ်ရက်အတွင်း မပြီးမြောက်သည့်အတွက် ဆင်ခြေပေးခြင်းသာဖြစ်ကြောင်း သုံးသပ်မှုများ ထွက်ပေါ်ခဲ့သည်။

ဓမ္မစေတီခေါင်းလောင်းနှင့် ပတ်သက်၍ လူထုအကြား ကိုးကွယ်မှုနှင့် ယုံကြည်မှုအကြား သဘောထားချင်း မတိုက်ဆိုင်မှုများ၊ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ရာ ““ရှေးဘုရင်တွေလည်း ဘုရားဂုဏ်တော် ကိုအာရုံပြုပြီး သွန်းလောင်းပူဇော်ခဲ့တာဆိုတော့ တန်ဖိုးထားရမှာပေါ့။ တကယ်ဆယ်နိုင် ခဲ့ရင်တော့ ၀မ်းသာစရာေ ပါ့။ ခေါင်း လောင်းဆိုတာက ကိုးကွယ်စရာတော့ မဟုတ်ဘူး။ သို့သော်လည်း ကုသိုလ်လုပ်ငန်းလုပ်တဲ့ အခါမှာ ကုသိုလ်ကို မျှ ဝေခံစားစေချင်လို့ နိဗ္ဗာန်ဆော် သဘောမျိုးပေါ့။ ခေါင်းလောင်း တို့၊ ကြေးစည်တို့ဆိုတာတော့ ကုသိုလ် လုပ် ငန်းလုပ်တဲ့အခါမှာ နိဗ္ဗာန် ဆော်တဲ့သဘောပါပဲ။ ကိုးကွယ်ရမယ့်အရာတော့ မဟုတ်ပါဘူး။ သက်မဲ့ နိဗ္ဗာန်ဆော် အနေနဲ့တော့ ရှိသင့်တာပေါ့။ သူ့ကိုတော့ ပူဇော်ပသ ကိုးကွယ်ရမှာ မဟုတ်ပါဘူး”” ဟု ဆရာတော်အရှင် ကောသလ္လ (ဇလွန်)က မိန့်သည်။

ဓမ္မဒူတ အရှင်ဝိမလကလည်း ““ခေါင်းလောင်းဆိုတာတော့ ကိုး ကွယ်စရာမဟုတ်ပါဘူး။ ကိုးကွယ် ပူဇော် ထိုက် တဲ့ အရာလည်း မဟုတ်ဘူးပေါ့။ ဗုဒ္ဓဘာသာမှာ တကယ်တန်ဖိုးရှိပြီး နက်နဲတဲ့ တရားတော်တွေကို မသိဘဲနဲ့ အပေါ်ယံလေးပဲ ဒါကိုကိုးကွယ်နေရင်တော့ ၀မ်းနည်းစရာကောင်းတဲ့ လုပ်ရပ်ပေါ့။ ဆယ်နေတာ က ခေါင်း လောင်းတော့ မဖြစ်နိုင်ဘူးလို့ ယူဆတယ်။ မြေဆီမြေယာ နဲ့ နှစ်ပရိစ္ဆေဒ နဲ့ကြည့်ရင် ခေါင်းလောင်း ဆိုတာတော့ မဖြစ်နိုင်ပါဘူး”” ဟုမိန့်ကြားသည်။

လက်ရှိတွင် ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူရေးလုပ်ငန်းအတွက် အနယ်နယ်အရပ်ရပ်မှ လာရောက်လှူဒါန်း မှုများလည်း ရှိပြီး ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ ၅၅ လမ်းရှိ ခေါင်းလောင်းဆယ်ယူရေး အထောက် အကူ ပြုအဖွဲ့သို့ လာရောက် လှူဒါန်းငွေပေါင်း ၁၃၂ သိန်းရှိပြီဖြစ်သည်။ သို့သော် ယင်း ငွေကြေးများအား ရိုးမ ဘဏ် တွင် အပ်နှံထားပြီး လုပ်ငန်းကုန်ကျ စရိတ်များကိုမူ ဦးစံလင်းသာလျှင် သိရှိနိုင်ကြောင်း အထောက်အကူပြုအဖွဲ့ သတင်းပြန်ကြားရေး အဖွဲ့ဝင် ဦးကြည်ဝင်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

““ဦးစံလင်းက တွေ့ပြီလို့ကြေညာထားပြီးတော့ ခေါင်းလောင်းလို့ ယူဆရတဲ့အရာကြီးကို အတည်ပြု နိုင်အောင် ကြိုးစားနေတယ်လို့ ပြောပါတယ်။ ကြိုးတွေနဲ့တော့ဆိုင်း ထားတာပေါ့။ သက်ဆိုင်ရာ ပညာရှင်တွေနဲ့ ခေါင်း လောင်းကြီးဟုတ်၊ မဟုတ်ဆိုတာတော့ အတည်ပြုရ ဦးမှာပေါ့။ (၅၅)လမ်းမှာရှိတဲ့ အထောက် အကူပြုအဖွဲ့ ဆိုတာက ဦးစံလင်းရဲ့ ဓမ္မမိတ်ဆွေတွေပေါ့။ ဒီနေ့အထိ သင်္ဘောပေါ်မှာ ကုန်ကျစရိတ်က ရွှေအုန်းပင် ဦးဝင်းမြင့် ရယ်၊ ဦးစံလင်းရယ် သူ့ဓမ္မမိတ် ဆွေတွေရယ် ကုန်ကျစရိတ်နဲ့ လုပ်နေကြတာပါ။ လာလှူတဲ့သူတွေ အများစုက အိပ်မက်အရ လာလှူတာတို့၊ ပူးပြီးတော့ လာလှူတာ တို့က အခုချိန်ထိ (၁၁၁) ဦးရှိပါတယ်။ ရရှိငွေက (၁၃၂) သိန်းရှိပါ တယ်။ အဲဒီငွေတွေကို ရိုးမဘဏ်မှာ အပ်ထားပါတယ်။ ယနေ့အထိ ထုတ်ယူသုံးစွဲခြင်း မရှိပါဘူး။ ဘဏ္ဍာငွေနဲ့ ပတ်သက်ပြီးတော့ ဦးစံလင်းတို့လည်း ဘာမှမထုတ်ပြန်ဘူး။ လက်ရှိ သူတို့သုံးနေတဲ့ ကုန်ကျ စရိတ် ဘယ်လောက်ရှိတယ် ဆိုတာကျတော့ ကျွန်တော်တို့က မေးခွင့်မရှိဘူးလေ။ သြဂုတ်(၂၄)ရက် အထိ တော့ ဆိပ်ကမ်းအာဏာပိုင်ကို ပိုက်ဆံသွင်းထားတယ်လို့ သိရတယ်။ ဘယ်လောက် သွင်းတယ် ဆိုတာတော့ မသိဘူး၊ နောက်ထပ် သွင်းတယ်လို့ သတင်းကြားရတယ်။ ဘယ်နှရက်စာအထိ သွင်းတယ်ဆို တာတော့ မသိဘူး”” ဟု ဦးကြည်ဝင်းက ပြောသည်။

ထို့ပြင် ခေါင်းလောင်း ဆယ်ယူရေးလုပ်ငန်းခွင်သို့ မော်တော်များဖြင့် သွားရောက်၍ လှူဒါန်းသူ များလည်းရှိပြီး သောင်တူး သင်္ဘောပေါ်သို့ ငွေကျပ်သိန်း ၅၀၀ လာရောက်လှူဒါန်းသည့် အမျိုးသမီးအား နဂါးဝင်ပူး ခဲ့သည်ဟူ သည့် ကောလာ ဟလများလည်း ထွက်ပေါ်ခဲ့သည်။ သို့သော် ယင်းအဖြစ် အပျက် မှန်ကန်မှုရှိ၊ မရှိကိုမူ ဦးစံလင်း ဘက်မှ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိပေ။

““ဒီကုန်းပေါ်က အဖွဲ့ကို မဟုတ်ဘဲ ရေထဲက ခေါင်းလောင်း ဆယ်နေတဲ့လူတွေကိုတော့ တိုက် ရိုက်သွား လှူ တာတော့ မရှိပါဘူး။ ပတ်သက်ရာ ပတ်သက်ကြောင်းနဲ့ သူတို့ဘာသာ စုံစမ်းပြီးတော့ပဲ ဒီ (၅၅)လမ်းမှာရှိတဲ့ အထောက်အကူ ပြုအဖွဲ့ကို လာလှူကြတာများတယ်”” ဟု ဦးကြည်ဝင်းက ဆိုသည်။ သို့ သော် လက်ရှိလုပ် ကိုင်ဆဲ ခေါင်းလောင်း ဆယ်ယူရေးလုပ်ငန်းအတွက် ငွေကြေးမည်မျှ ကုန်ကျပြီး ဖြစ်သည်ကိုမူ တရားဝင် ထုတ် ပြန်ခြင်း မရှိသေးပေ။ မည်သို့ပင်ဖြစ်စေ ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူခြင်းနှင့် ပတ်သက်၍ အငြင်းပွား မှုများ စွာ ရှိနေသော်လည်း ခေါင်းလောင်း ဆယ်ယူမှု အကြောင်းပြု၍ စီးပွားဖြစ်သူများ ရှိနေပါကြောင်း တင်ပြလိုက်ရ ပါသည်။

သဉ္ဇာဆွေ
မြန်မာသံတော်ဆင့်သတင်းဌာန - www.facebook.com/myanmarherald

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform