စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန်* အများအကျိုးပြုခြင်းဖြင့်ပျော်ရွှင်မှုရပါစေ...။ (မည်သူမဆို မျှဝေယူနိုင်ပါသည်- ရွှေအိမ်စည်)

ပင်မစာမျက်နှာ

ဗဟုသုတ

ဘုရားသမိုင်း

တရားဒါန

ပညာရေး

ကျန်းမာရေး

နည်းပညာ

ကဗျာများ

စီးပွား/စီမံ

ဘလော့ပိုစ်များ

ဟင်းချက်နည်း

ထူးခြားဆန်းပြား

mp3 သီချင်းများ

ဟာသလွင်ပြင်


စာများကို မြန်မာ အက္ခရာဖြင့်ရှာဖွေရန

Sunday 21 September 2014

မွေးကင်းစကလေး၏ သွင်ပြင်လက္ခဏာများ

မွေးဖွားပြီး ပထမဆုံး ရက်သတ္တပတ်များ မွေးကင်းစကလေး၏ သွင်ပြင်လက္ခဏာများ ဒေါက်တာ အိအိခင်(ကလေး) (၁) အရေပြားအရောင် မွေးကင်းစကလေးငယ်ရဲ့ ခန္ဓာကိုယ်မှာ အဖြူရောင်အဆီခဲ၊ အဆီဖတ်များနဲ့ ဖုံးလွှမ်းနေတတ်ပါတယ်။ အချို့ကလေးများရဲ့ နောက်ကျောကုန်း(သို့) ပခုံးပေါ်မှာ မွှေးညှင်းနုထူထူအကွက်များဟာ ရှိတတ်ပြီး တစ်ပတ်လောက်ကြာတဲ့အထိ ရှိနေတတ်ပါတယ်။ ကျန်းမာတဲ့ မွေးကင်းစကလေးငယ်ရဲ့ အသားရောင်ဟာ နီညိုအကွက် အပြောက်များနဲ့လည်း ရှိနေတတ်ပါတယ်။ သွေးလည်ပတ်မှု မတည်ငြိမ်သေး၍ ဖြစ်ပါတယ်။ ရင်သွေးငယ်ရဲ့ အရေပြားတွေဟာ တွန့်နေပြီး ခြောက်သွေ့နေတတ်ပါတယ်။ တချို့ဟာ ခြောက်သွေ့ပြီး ကွာကျတတ်တယ်။ သင့်ရင်သွေးငယ်၏ တွန့်ပြီးခြောက်သွေ့နေတဲ့ သဘာဝအရေပြားအတွက် Babi Mild Baby Lotion with Vitamin E ကို လိမ်းပေးခြင်းဖြင့် ခြောက်သွေ့ကွာကျမှုဒဏ်မှ ကာကွယ်ပေးနိုင်ပါတယ်။ (၂) ချက်ကြိုး မွေးကင်းစကလေးငယ်ရဲ့ ချက်ကြိုးငုတ်တိုဟာ မွေးပြီး (၁၀) ရက်မှ ရက်သတ္တပတ် အနည်းငယ်အတွင်း သူ့သဘာဝအတိုင်း ကြွေသွားပါလိမ့်မည်။ သန့်စင်သော ဂွမ်းစတွင် အရက်ပျံအနည်းငယ်ထည့်၍ ဆေးကြောသန့်စင်ပေးရမှာဖြစ်ပါတယ်။ ချက်ကြိုးမှာ သာမန်ထက် သွေးထွက်များနေခြင်း၊ ချက်တိုင်ပတ်လည်မှာ အရေပြားနီရဲနေခြင်း၊ ရောင်ရမ်းနေခြင်းတွေ့ရရင် ဆရာဝန်နဲ့ အမြန်ပြသပါ။ ရင်သွေးငယ်မွေးဖွားစဉ် ပြုလုပ်ခဲ့ရသော မိခင်၏ မွေးလမ်းကြောင်း အသေးစားခွဲစိတ်မှုနှင့် ဆက်စပ်သော ချုပ်ရိုးနှင့်အနာသို့ ရောဂါပိုးမွှားဝင်ရောက်မှုကို ကာကွယ်ရန်နှင့် အနာကျက်စေရန် အတွက် အရက်ပျံဆွတ်ထားသော ဂွမ်းလုံးလေးကို နေ့စဉ်အနည်းဆုံး (၂) ကြိမ် (သို့) ကိုယ်လက်သန့်စင်မှု ပြုလုပ်ပြီးတိုင်း အသုံးပြုသင့်ပါသည်။ (၃) ငယ်ထိပ်နဲ့ဦးခေါင်း ရင်သွေးငယ်ရဲ့ ဦးခေါင်းအရှည်ဟာ ခန္ဓာကိုယ်အလျားရဲ့ လေးပုံတစ်ပုံရှိပါတယ်။ မွေးပြီးစကလေးရဲ့ ငယ်ထိပ်နေရာမှာ ဦးခေါင်းရိုးများ မဆက်သေးတာတွေ့ရပါမယ်။ ငယ်ထိပ်နေရာမှာ သွေးခုန်နှုန်းနဲ့ အတူလှုပ်ရှားနေတာတွေ့ရပါတယ်။ ငယ်ထိပ်နေရာမှာ ဦးနှောက်ကို ကာကွယ်ပေးထားတဲ့ အထူးစပါယ်ရှယ် အလွှာတစ်ခုရှိပါတယ်။ အထဲကို ထိခိုက်မှု ဒဏ်မှ အတော်အတန်ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် အဲဒီနေရာမှာ အပေါ် ဦးခွံအပေါ် သန့်ရှင်းရေး စိတ်ချလက်ချလုပ်နိုင်ပါတယ်။ (၄) မွေးရာပါ အမှတ်အသားများ ရင်သွေးငယ်ရဲ့ ခန္ဓာကိုယ်တွင် တွေ့ရတဲ့ မွေးရာပါ တချို့အမှတ်အကွက်တွေဟာ ကလေးကြီးလာတာနဲ့ အမျှ တဖြည်းဖြည်း ပျောက်ကွယ်သွားလေ့ရှိပါတယ်။ တစ်ခါတစ်ရံမှာ ကလေးရဲ့ လက်ချောင်းကလေးတွေမျာ အသားမာတက်သလိုဖြစ်ပြီး အပူလောင်ဖူတွေ တွေ့ရတတ်ပါတယ်။ မွေးလမ်းကြောင်းတစ်လျောက် ထွက်လာစဉ်အတွင်း အချိန်ကြာ ခဲ့တဲ့ အချို့ကလေးငယ်တွေရဲ့ မျက်နှာဟာ ပြာနှမ်း၊ ရောင်ရမ်း နေတတ်ပါတယ်။ စိတ်မပူပါနဲ့။ ရက်အနည်းငယ်အတွင်းမှာ ပျောက်သွားမှာ ဖြစ်ပါတယ်။ ဒေါက်တာ အိအိခင်(ကလေး)

0 comments:

Post a Comment

.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙အကြောင်းအမျိုးကြောင့်ဆက်သွယ်လိုလျှင်.•°*”˜˙·٠•●♥ Ƹ̵̡Ӝ̵̨̄Ʒ ♥●•٠·˙

foxyform